top of page
Search

အစိုးရနှင့်မိုးကျ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 4, 2020
  • 1 min read

သတင်းထောက်က ကိုဇော့်ကို အထောင်မေးခွန်းမေးတယ်။ WHO ကားကို ဓာတ်ခဲကပစ်တာလို့ အစိုးရကလဲပြောတယ် တပ်ကလဲပြောတယ်။ ဒါကို ဘာလို့စုံစမ်းစစ်ဆေးရေးလုပ်ရတာလဲ?

ကိုဇော်ဌေးဘာဖြေခဲ့လဲ အားလုံးသိပြီးသားပါ။ သူယခုလိုဖြေတာက သူကတပ်နောက်ခံမိုလို့ပါ။ ဖြေတာက မှားသွားခဲ့ပါတယ်။ ကိုဇော်ဌေးကို ကြိုက်တဲ့ဝကခအကြောင်းမေး ကိုဇော်က သမာသမတ်ကျကျဖြေမှာပါ။ ကျွန်တော်တို့က ဘယ်ဝကခကို ဘာလုပ်ပါလို့ပြောထားပါတယ်။ ဘာညာနဲ့ပေါ့။ အချို့ကိစ္စဆိုရင် ခြေဆင်းလေးတောင် ပါနိုင်ပါတယ်။

ဒီသတင်းထောက်မေးခွန်းကို စာရေးသူသာဆိုရင် ဒီလိုဖြေပါမယ်။ “ဟုတ်ပါတယ်။ ကျွန်တော်တို့အစက သတင်းကို တပ်ကပြောတဲ့ အစီရင်ခံစာအပေါ်မူတည်ပြီး သတင်းထုတ်ထားမိပါတယ်။ ဒါပေမယ့် ဒါက ကုလအဖွဲ့ကားမိုလို့ ဒီအစီရင်ခံစာ မှန် မမှန်နဲ့ အောက်ခြေ မျက်မြင်သက်သေ ပြောတာပါနားထောင်နိုင်အောင် နိုင်ငံတကာ စံနှုန်းနဲ့ညီအောင် စုံစမ်းတာပါ။ ကျွန်တော်တို့ အစိုးရက ဘာကအမှန်လဲဆိုတာ တပ်ကပြောတာရော မြေပြင်က အပစ်ခံရသူ မျက်မြင်သက်သေတွေ လက်နက်ကျွမ်းကျင်သူတွေပြောတာရော သေချာမေးပြီးမှ စုံစမ်းစစ်ဆေးပြီးမှ အစီရင်ခံစာထွက်လာမှ ဆုံးဖြတ်မှာပါ။ကျွန်တော်တို့ အစိုးရက ဒါကို မျက်စိဖွင့် open minded ပါလို့” ဖြေရမှာပါ။ ဒါမှ ဒီစုံစမ်းရေးအဖွဲ့ဖွဲ့တာကအဓိပ္ပါယ်ရှိမှာပါ။ မဟုတ်ရင် အမှုမစစ်ခင်က အမိန့်ချပြီးသလို ဖြစ်နေမှာပါ။

သူကဘာလို့ အဲ့ဒီလိုမဖြေလဲ? သူ့နောက်ခံကြောင့် တပ်နဲ့သူပုန်မှာ တပ်ဖက်လိုက်သလို ဖြစ်သွားပါတယ်။ ယခုဟာက သမ္မတတည်ဆောက်ခဲ့တဲ့ ပုံရိပ်ကို မိနစ်ပိုင်းအတွင်း ရိုက်ချိုးလိုက်သလိုပါ။ သူကNLD အစိုးရပုံရိပ်ဘာဖြစ်ဖြစ် ဂရုမစိုက်ပါ။

NLD အစိုးရအနေနဲ့ သမ္မတရုံးညွှန်ကြားရေးမှူး ဘာညာက ယခင်ကခန့်ခဲ့လို့ မိုးကျကိုခန့်တာ ဘာမှ မပြောလိုပါ။ ဒီလိုကိစ္စမျိုးက စကားမှားသွားတာနဲ့ ကုလရောက်သွားနိုင်တဲ့ကိစ္စပါ။ ဒေးဗစ်လားကိစ္စကကုလမရောက်ပါ။ သူ့ဖာသာ လူစုလို့ အရေးယူတာပါ။ သမ္မတရုံးပြောခွင့်ရ press secretary ကို NLD ကမုံရွာအောင်ရှင်လိုလူမျိုးကို ခန့်သင့်ပါတယ်။ နိုင်ငံခြားမှာ press secretary ဆိုတာ သမ္မတနဲ့ နေ့တိုင်းတွေ့အစည်းအဝေးတိုင်းတက် သတင်းစာတွေဖတ်ပြီး သတင်းသမားတွေကမေးရင် အစိုးရပုံရိပ်မကျအောင် ကျွမ်းကျင်စွာ ကာကွယ်ပြောဆိုနိုင်သူများပါ။ ယခုကိုဇော်လုပ်တဲ့ပုံက တပ်ကို ကာကွယ်ပြီးအစိုးရကို ထိုးကျွေးသွားတာပါ။ ကိုဇော်ဌေးပြောတဲ့ ဖြစ်စဉ်ရဲ့ အမှားအမှန်ကို ပြောခြင်းမဟုတ်ပါ။

ယခုကတော့ NLD အစိုးရက လက်နဲ့ရေးတာကို သမ္မတရုံးက မိုးကျများက စကားတစ်ခွန်းနဲ့ ဖျက်လိုက်သလို ဖြစ်နေပါမယ်။

စာရေးသူသာဆိုရင်တော့ ယခုလိုစုံစမ်းရေးအဖွဲ့ကို SNLD ကအမတ်ကို ခေါင်းဆောင်ခိုင်းလိုက်ရင် ပိုတရားမျှတသွားမယ်လို့ ထင်ပါတယ်။ ယခုတော့ ကိုဇော်ဌေးစကားမှားတာက သမ္မတလုပ်တာကို ရိုက်ချိုးလိုက်သလိုပါ။ NLD က CEC တွေစကားမှားရင် တာဝန်ခံရပေမယ့် သမ္မတရုံးက ဝန်ကြီးတို့ ပြောခွင့်ရတို့မှားရင်တော့ ဘာမှမဖြစ်သလိုပါ။

ပြဿနာက ဒါမျိုးတင်မဟုတ်ပါ။ ဧပြီလ ၂၈ ရက် ကလေးကလွှတ်တော်ကိုယ်စားလှယ်ကို ဟောက်စားလုပ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဥပဒေချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ အားလုံးလဲ ဇာနီထိုက်အကောင့်မှာတင်ထားတာ ဖတ်ပြီးလောက်ပါပြီ။ အားလုံးသိတဲ့အတိုင်းထွေအုပ်ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ မိုးကျအောက်ကို ၂၀၁၈ မှာ ပို့ခဲ့တာပါ။ ယခုလို ပြည်သူ့ကိုယ်စားလှယ်ကိုဗြောင်စော်ကားသူကိုဘယ်သူက အရေးယူမှာလဲ?

ပုံမှန်ဆိုရင် အများစုက ဝန်ကြီးချုပ်က အရေးယူပေါ့လို့ ပြောစရာရှိပါတယ်။ ဒါပေမယ့် အဲ့ဒီခရိုင်အုပ်ချုပ်ရေးမှူးကို အရေးယူလို့ရသူက ထွေအုပ်ဝန်ကြီးပါ။ ဒါဆို သမ္မတကြီးက အရေးယူပါလို့ပြောရင် သူတို့က V ကိစ္စလို ဌာနတွင်း စစ်ဆေးပြီး ပြီးသွားတာပါ။ ဒါပေမယ့် ဝန်ကြီးတွေက ဖြုတ်ချင်ရင်တော့ ဟိုရဲမိုးရန်နိုင်လို ဖြုတ်ပါတယ်။

ဖြစ်ရမှာ ပြည်သူတွေဖြစ်စေချင်တာက ချက်ခြင်းဖြုတ်လိုက်တာမျိုးပါ။ ဒါဆိုရင် ပြည်သူကလဲ အစိုးရကိုကြိုက်ပြီး ပိုယုံကြည်လာပါမယ်။ လက်ရှိဥပဒေအရ ဌာနဆိုင်ရာဝန်ထမ်းကို တိုင်းဒေသကြီး ဝကခတွေက ဖြုတ်မရဘဲ ပြည်ထောင်စုဝန်ကြီးကသာ ဖြုတ်ရတာပါ။ လိုအပ်ရင် လွှတ်တော်က နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်သင့်ပါတယ်။

ယခုကတော့ မိုးကျကြီးက မိုးကျလေးကို ပြန်စစ်တာမိုလို့ ဘာမှမထူးပါ။ ဒါပေမယ့် ထွေအုပ်ကဆရာဝန်ကိုတိုင်ရင်တော့ ချက်ခြင်း အပြောင်းခံရ အစစ်ခံရပါတယ်။ ကျန်းဦးစီးမှာကလဲ အချို့အဘအမျိုးများက ရာထူးကြီးတွေနဲ့ထိုင်နေလို့ပါ။ ဟိုဇီးပင်ကြီးဆရာဝန် အစစ်ခံရသလိုပေါ့။

ပြန်ချုပ်ရရင် ဒီ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲလဲ NLD သာ နိုင်မှာပါ။ ဒါပေမယ့် မိုးကျတွေကိုဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စဉ်းစားထားရပါမယ်။ မဟုတ်ရင်တော့ ပြည်တွင်းက ပြည်သူကသီးခံပေမယ့် ICJ တို့လို ကမ္ဘာ့အလယ်မှာ အစိုးရအနေနဲ့ တပ်နဲ့မိုးကျကြောင့် ဒုက္ခပိုရောက်ပါမယ်လို့ကြိုပြောပါရစေ။ ချစ်လို့ပြောတယ်မှတ်ပါ။

Credit: DVB, Zarni Tike FB Page

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page