အစိုးရနှင့် တိုင်းရင်းသားများကို ရန်တိုက်ပေးသောအဘ
- Myat Tun Oo
- Oct 3, 2019
- 1 min read
အစိုးရနှင့် တိုင်းရင်းသားများကို ရန်တိုက်ပေးသောအဘ
အားလုံးသိတယ့်အတိုင်း ဒေါ်နော်အုန်းလှဟာ DASSK အကျယ်ချုပ်ကျစဉ် ဆန္ဒပြဆုတောင်းပွဲလုပ်ရင်းနာမည်ကြီးလာခဲ့ပါတယ်။ သိသလောက် NLD ပါတီဝင်ဖြစ်ခဲ့ပြီး ဆန္ဒပြတာ ရပ်ရမယ့်အချိန်မှာပါတီစကားနားမထောင်လို့ အထုတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းကရင်အမျိုးသမီးအဖွဲ့ကို ဘယ်ကပိုက်ဆံနဲ့ ဘယ်လိုဖွဲ့လိုက်လဲတော့မသိပါ။
ထို့အတူဘဲ ဖဒိုမန်းငြိမ်းမောင်ဟာ နှစ်ကျွန်းပြန်ဖြစ်ခဲ့ပြီး ၂၀၁၂ သူ့ကိုပြန်အလွှတ်မှာ ဦးအောင်မင်းရဲ့အထူးဧည့်သည်တော်အဖြစ် နေပြည်တော်ကို ခေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်အချိုးပြောင်းသွားခဲ့ပါတယ်။သူဟာ ဘစိန်လက်ထက် KNU ကို NCA ထိုးဖို့ နားချရာမှာ အဓိကပါဝင်ခဲ့သူပါ။ သူ့ရဲ့ သူ့အဖွဲ့အပေါ်မြင်တဲ့အမြင်ကြိ ဗီဒီယိုဖိုင်မှာ တင်ထားပါတယ်။
တပ်ဟာ ကရင့်အာဇာနည်နေ့လုပ်တာကို ဘစိန်လက်ထက်ကထဲက တားခဲ့ပါတယ်။ ကရင့်ခေါင်းဆောင်ရုပ်တုကိုလဲ အစိုးရဩဇာမရှိတဲ့နေရာမှာ တပ်ကဗျူဟာမှူးကိုယ်တိုင် ဆင်းတားခဲ့ပါတယ်။ ဒါကြောင့်ဒါဟာ အစိုးရရဲ့ ပေါ်လစီမဟုတ်ဘဲ လက်ရှိတပ်ချုပ်ရဲ့ ပေါ်လစီပါ။
ဒါပေမယ့် အဘတို့နဲ့ နီးစပ်တဲ့ ဖဒိုဟာ ပြီးခဲ့တဲ့နှစ်ကစပြီး ကရင့်အာဇာနည်နေ့ကို ကျင်းပဖို့ ပိုအားထုတ်လာခဲ့ပါတယ်။
ဒီနေရာမှာ လက်ရှိအစိုးရအနေနဲ့က ဘယ်သူ ဘာပွဲကျင်းပပ ခွင့်တောင်းရင် ခွင့်ပြုပေးပါတယ်။ ဒါပေမယ့် တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ နယ်လုံက ခွင့်မပြုသင့်ပါဆိုရင် စဉ်းစားရပါတယ်။ နယ်လုံကတပ်ချုပ်ကခန့်ထားတာပါ။
မနေ့က ဒေါ်နော်အုန်းလှပွဲမှာ ဝကခကို ဦးတည်ပြောတာတွေ့တော့ အကွက်က ပိုပေါ်လာပါတယ်။ မနေ့က ချီတက်တဲ့ကရင်အချို့ဟာ တပ်ချုပ်ထောက်ခံပွဲမှာလဲ ပါခဲ့ပါတယ်။ ဒါကြောင့်ဒီပွဲဟာ အစိုးရကိုထောင်ချောက်ဆင်ထားတာမှန်း ပိုသိသာလာပါတယ်။
အစိုးရအနေနဲ့ တိုင်းရင်းသားဆိုသူတွေ သူတို့အာဇာနည်နေ့လုပ်ချင်ရင် ပေးသာလုပ်လိုက်ပါ။ ကချင်မှာလိုပေါ့။ တပ်က တရားစွဲရင်လဲ သူတို့ဘာသာ စွဲပါလိမ့်မယ်။ အချို့တွေက တမင်ဖမ်းအောင်ဆန္ဒပြပြီး အစိုးရက ထောင်ချနေပါတယ်ဆိုပြီး အစိုးရကိုသိက္ခာချလို့ရအောင် တမင်လုပ်နေတာပါ။ နောက်တိုင်းရင်းသားတွေနဲ့ ပြဿနာတက်အောင် တမင်လုပ်နေတာပါ။အစိုးရတက်ခါစမှာ ကရင်ပြည်နယ်ကခရစ်ယန်ဘုရားကျောင်းထဲ ဘုရားတည်ပြီး ဆူအောင်လုပ်တာ မဆူခဲ့လို့ နည်းပြောင်းလာတာပါ။
နောက်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လဲ တရားမဝင် ဆန္ဒပြရင် ဖမ်း မဖမ်းကို ရဲအရေးပိုင်တဲ့အမှုကနေ တိုင်း/ပြည်နယ်အစိုးရက တရားစွဲသင့် မသင့် ဆုံးဖြတ်လို့ရတဲ့ ပုဒ်မမျိုး ပြောင်းပေးနိုင်ရင်အဆင်ပြေပါမယ်။ ဥပမာ ဇူလိုင် ၇ ကို ခွင့်မတောင်းဘဲဆန္ဒပြရင် လက်ရှိဥပဒေအရ အဘအောက်ကရဲက ကျောင်းသားကိုဖမ်းတရားစွဲပြီး အစိုးရနဲ့ကျောင်းသားကို တိုက်ပေးပါတယ်။ ဒါမျိုးကို ဥပဒေမှာတရားစွဲသင့်မသင့် အစိုးရကဆုံးဖြတ်ဆိုရင် အများကြီးအဆင်ပြေနိုင်ပါတယ်။
၂၀၂၀ နားနီးရင် ဒီလိုအကွက်တွေ ပိုစိတ်လာပါမယ်။ တိုင်းရင်းသားများလဲ ဘုံရန်သူကို ရှာပြီးတိုက်နိုင်ပါစေ။
News Source: Myanmar Now, Irrawaddy, Mon News Agency, Former Army Intelligent Officer
Comentários