top of page
Search

အစိုးရကို အာခြောင်ဝေဖန်ရာမှ သတိထားမိသော လုံခြုံရေးစည်းပေါက်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 10, 2020
  • 1 min read

အချို့ဖွတ်တွေက လိုင်းပေါ်တက်ပြီးဝေဖန်တယ်။ ဝေဖန်တာက ဒီမိုမှာ မကြိုက်ပေမယ့် လက်ခံရပါတယ်။ ဝေဖန်သူကိုလဲ အစိုးရထောက်ခံသူက ပြန်ဆော်မှာဘဲ။ ဒါကသဘာဝပါ။ ဥပမာ အမေရိကန်မှာထရမ့်ကတရားရုံးချုပ်တရားသူကြီး Justice Kavanagh ကို ခန့်ဖို့ အဆိုတင်ချိန်မှာ မိန်းမတစ်ယောက်ကအဲ့ဒီတရားသူကြီးလောင်းက သူမကို ကောလိပ်မှာတုန်းက ဘာလုပ်ပြတယ် ဘာညာဆိုပြီး စွပ်စွဲတယ်။သူမကို ထရမ့်ထောက်ခံသူတွေက ဝိုင်းဆော်တာဘဲ။ သူမကို တရားတော့ မစွဲဘူး။ ထို့အတူဘဲ ဒီမိုကရက်တွေ အမေရိကန်မှာ ထရမ့်ကိုရွေးကောက်ပွဲရှုံးတော့ ရုရှားနဲ့ပေါင်းမဲလိမ်တယ်ဆိုပြီး ဖွတယ်။ပြီးတော့ ဖွတာကို ပြန်စုံစမ်းတယ်။ ထရမ့်ထောက်ခံသူတွေက စုံစမ်းတဲ့အဖွဲ့ကို ဒီရုရှားကိစ္စမဟုတ်ဘဲအခြားဟာလိမ်မှုနဲ့ထောင်ချခံရတယ်။

ဒါဆို ယခုလိုအာခြောင်တဲ့ ဌေးအောင်တို့ကို ဘယ်လိုကိုင်မလဲ? လွှတ်ထားလိုက်တာက ပထမနည်း။ မလွှတ်ချင်ရင် ၆၆ တွေဘာတွေ သွားလုပ်ရင် သူက သတင်းထောက်လိုလို ဘာလိုလိုနဲ့ အကာအကွယ်ယူထားလို့ အနောက်က ထအော်နိုင်တယ်။

ဒါဆို အနောက်က ထမအော်တဲ့နည်းကဘာရှိလဲ? သူ့အိမ်နဲ့ ဟိုတယ်ကိုဝင်ရှာရင် တရားမဝင်ပစ္စည်းတွေ့နိုင်ပါတယ်။ နောက် အခွန်မဆောင်ရင် အမေရိကန်ရော၊ ဥရောပမှာ အပြစ်ကြီးပါတယ်။ နိုင်ငံရေးအမှုနဲ့လဲ မဆိုင်ပါ။ နောက် မိန်းမတစ်ယောက်ထက်ပိုယူရင်လဲ ဖမ်းလို့ရပါတယ်။

နောက် နိုင်ငံတော်ကို ကြွေးမဆပ်ရင်လဲ ဖမ်းလို့ရပါတယ်။

သူပြောသွားတဲ့အထဲက အစိုးရလုံခြုံရေးစည်းပေါက်မှုက ပိုအရေးကြီးတာ သွားတွေ့ရလို့ သူ့ကို အဲ့ဒီDASSK ရဲ့ ခရီးစဉ် ထိပ်တန်းလျှို့ဝှက်ကို ဘယ်ကသိလဲ ဖမ်းစစ်သင့်ပါတယ်။

စာရေးသူက ဒီမိုစစ်စစ်မဟုတ်လို့ ရေးထားတာတွေက အဘသင်ပေးခဲ့တာတွေကို အနောက်တိုင်းကဝင်စွက်လို့မရတဲ့ ပုဒ်မတွေနဲ့ တင်ပြတာပါ။

ဒီလိုစွဲနည်းနဲ့ လက်ရှိအာခြောင်နေတဲ့ ဖွတ်အချို့ကိုလဲ စွဲစိလို့ရပါတယ်။ နိုင်ငံရေးနဲ့မဆိုင် လူ့အခွင့်အရေးနဲ့မဆိုင်တဲ့ ပုဒ်မလေးတွေပေါ့။ ဒီလုံခြုံရေးစည်းပေါက်တာက အမျိုးသားလုံခြုံရေး National security breach ပါ။ ဥပမာ ဌေးအောင်က ယခုလို နိုင်ငံတော်အကြီးအကဲတွေရဲ့ ခရီးစဉ်ကိုအကြမ်းဖက်သမားထံ ပို့ပေးရင် ဘာဖြစ်သွားမလဲ မတွေးဝံ့စရာပါ။

သူပြောသွားတဲ့အထဲမှာ သူက DASSK ဂျပန်ကိုသွားတဲ့လေယဉ်ကို အတူလိုက်စီးနိုင်ပြီး လေယဉ်ပေါ်မှာတွေ့တယ် ကိုမင်းသူက ဘေးမှာရှိတယ်။ စီစဉ်လိုက်ပါပြောတယ်လို့ ထည့်ပြောသွားပါတယ်။ ဒီနေရာမှာ ဦးကိုနီလေယဉ်ပြန်လာတာကို လုပ်ကြံတဲ့လူတွေ သိနေတာက ထူးဆန်းခဲ့ပါတယ်။ ဒါပေမယ့်ဦးကိုနီနဲ့အတူသွားသူများထဲ တပ်ကလူတွေလဲပါလို့ ဒါကထားလိုက်ပါ။

ယခုဟာက နိုင်ငံတော်အဆင့် အတိုင်ပင်ခံရဲ့ လေယဉ်ခရီးကို သူက အတိအကျသိပြီး ခရီးစဉ်အတူလိုက်လာတာပါ။ ဘယ်လောက်များ လုံခြုံရေး ကျိုးပေါက်ခဲ့ပြီလဲ။ လေကြောင်းလိုင်းတွေဟာခရီးသည်တွေရဲ့ အသေးစိတ်ကို ပြောလေ့မရှိပါ။ ဒါဆိုရင်သူက သူမဘယ်သွားမယ် ဘယ်လေယဉ်နဲ့ဘယ်အချိန်စီးမယ်ဆိုတာကို ဘယ်လိုအသေးစိတ်သိခဲ့လဲ စုံစမ်းစစ်ဆေးသင့်ပါတယ်။

ခရိုနီတွေဟာ ယခုလို လေယဉ်အတူလိုက်စီးပြီး တင်ပြလေ့ရှိလို့ သိသူအချို့ကို သတိထားဖို့ ယခင်ကပြောပြခဲ့ဖူးပါတယ်။ အများစုက ပြည်တွင်းခရီးစဉ်မိုလို့ တိုက်ဆိုင်သလိုပါ။ ယခုသူက ပြည်ပခရီးစဉ်လို့ ထည့်ပြောသွားပါတယ်။ ဦးမင်းသူက ဘေးမှာရှိတယ်ဆိုတာလဲ ပါပါတယ်။ နောက်မေးခွန်းက ဌေးအောင်ပြောတာအမှန်ဆိုရင် DASSK က ဦးမင်းသူကို ဌေးအောင်နဲ့တွေ့ဖို့ စီစဉ်လိုက်ပါဆိုတာ အမှန်ဆိုရင် ဘာလို့ မစီစဉ်တာလဲ? မေးစရာတွေက အများကြီးပါ။ ပုံမှန်တော့ ဌေးအောင်လိုလူကို DASSK ကတွေ့စရာလဲ အကြောင်းမရှိပါ။

ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူ စုံစမ်းသင့်တာက ဌေးအောင်ဒီအတွင်းစည်းကသတင်းကို ဘယ်လိုရလဲဆိုတာပါ။ ဒါဟာ ပေါ့ရမယ့်ကိစ္စမဟုတ်ပါ။ အမျိုးသားလုံခြုံရေး ကျိုးပေါက်မှုပါ။တပ်ချုပ်ကြီးရုရှားသွားတဲ့သတင်းများ ဘယ်လေယဉ်ခရီးစဉ်နဲ့သွားမယ်ဆိုပြီး ပေါက်ဖူးပါသလား။

ဒီမိုအစိုးရရဲ့အားတွေကို ဒီလိုနေရာမျိုးမှာ လုံခြုံရေးအတွက် အနီးကနေ သတင်းပေးသူတွေကို ရှာဖွေဖော်ထုတ်သင့်ပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
May 11, 2020

ဦးမြတ် ! တာဝန်ကျေပွန်ပါ၏။ဆရာကြီး သိပ္ပံမောင်ဝ. နှိုက်နှိုက်ချွတ်ချွတ်ဆောင်းပါးရဲ့ ပေးလိုသော အနှစ်သာရများ စာရှုသူအပေါင်း အမြင်အသစ်ကောင်းများ ရရှိစေမှုနှင့် ရာနှုံးပြည့် ထပ်တူပြုရရှိသွားပါသည်။ စာကလေးတွေကြတော့ ဘာလို့ဖိနပ်မစီးတာလဲ? စူးစမ်းမှု ? လူ နှင့် တိရစ္ဆာန် အသိကွာဟမှု အမြင်သစ်ရရှိသွးစေပါသည်။ Fb post comment တွေမှာကြည့်လိုက်တော့! With Exclmation! Words: တုန်လှုပ်သွားကြပါသည်။အသိအမြင်သစ်တွေ နိုးထကုန်ပါသည်။ မြစ်ထဲမျောလာတဲ့ ဗေဒါပင်တစ်ပင်ကို (ဆရာကြီး {ဘဘ/ဦး}ဇော်ဂျီ၏ အမြင်ဉာဏ်သစ်နဲ့ ဖွဲ့ဆိုပြလိုက်တာ) ကျွနုပ်တို့ လောကဓံဆိုးကို ရင်ဆိုင်ဖို့ ခွန်အားသစ်တစ်ရပ် အမြတ်အဖြစ်ရရှိခဲ့ပါပြီ။ ကလောင်သွားထိပ်မှ ထွက်ပေါ်လာသောစွမ်းရည်သတ္တိ။ ဒါ့ကြောင့် ဆရာကြီးမောင်သာရ. က #ရေးတတ်ရင်ဝတ္တုဖြစ်တယ်#တဲ့။ မေတ္တာနဲ့ရင်းတဲ့ ပန်းတစ်ခင်း စာတစင်းမှာ ဖတ်ရသူအမြင်ကို အဟောင်းကိုအသစ်ဖြစ် အမြင်အစစ်ကိုရရှိစေခဲ့တာဟာ ရှေးစာဆိုများရဲ့ အမျိုးအပေါ် တာဝန်ကျေမှုတစ်ခုပါ။ တာဝန်သိတဲ့အတွက် တာဝန်ရှိတယ်လို့ သိမြင်ယူဆခြင်းက တာဝန်ကျေမှုကို မွေးဖွါးစေခဲ့ပါသည်။ မေတ္တာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page