top of page
Search

အစိုးရက ကပ်ရောဂါအတွက် ဘာလုပ်နေလဲ

Writer: Myat Tun OoMyat Tun Oo


ယခုဖြစ်နေတဲ့ Coronavirus ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါလို့ ကြေငြာလိုက်ပါတယ်။ ဒီရောဂါက စာရေးသူတို့နိုင်ငံက မရှိမဖြစ်အဘတို့အတွက် တွေးစရာလေးတွေပေါ်လာပါတယ်။ ပထမဦးဆုံးက ငါတို့သည်သာ တိုင်းပြည်ကို အသက်ပေးကာကွယ်နေတာလို့ ပြောလေ့ရှိသူများအတွက် ဒီဝူဟန်ရောဂါမှာ ရှေ့တန်းတိုက်စစ်မှူးတွေဟာ ကျန်းမာရေးဝန်ထမ်းတွေပါ။ သူတို့ကို လွှတ်တော်မှာရွေးကောက်ပွဲမဝင်ဘဲ နေရာပေးမလား? သူတို့ဟာ သူတို့အလုပ်သူတို့လုပ်တာပါ။ ဒါကြောင့် စစ်သားဟာလဲ စစ်သားအလုပ်သာ လုပ်ရမှာပါ။

ကမ္ဘာပေါ်မှာ ဒီကပ်ရောဂါဖြစ်ချိန်မှာ ပစ္စည်းတွေစျေးတင်တာ၊ ပြည်သူတွေ စိုးရိမ်ပြီး အလုအယက်ဝယ်တာတွေက ပုံမှန်ပါ။ မြန်မာပြည်မှာတင်မဟုတ်ဘဲ တရုတ်၊ စင်ကာပူ၊ ဥရောပနဲ့ အမေရိကန်မှာလဲဖြစ်ပါတယ်။ အားလုံးအတူတူပါဘဲ။ လူ့သဘာဝမိုလို့ပါ။

ထိုအချိန်မှာ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တာ အလုပ်ကို သုံးလ ခတ္တနားတာတွေလဲ လုပ်ကြပါတယ်။ လေယဉ်လိုင်းသမားတွေ၊ ဟိုတယ်ဝန်ထမ်းတွေ လစာမဲ့ခွင့်အပေးခံကြရပါတယ်။စားသောက်ဆိုင်တွေ ပိတ်နေပါတယ်။ ဒါကလဲ ပြည်သူတွေ ပုံမှန်ကြုံတွေ့ရတဲ့ ကပ်ရောဂါရဲ့နောက်ဆက်တွဲ ပြဿနာပါ။

ဒီနေရာမှာ မြန်မာအစိုးရကလဲ သူလုပ်စရာရှိတာကို လုပ်နေပါတယ်။ ပထမဆုံး လူစုလူဝေးကို ရပ်တာပါ။ အဲ့ဒီမှာ ပြဿနာက စပါတယ်။ ပုံမှန်မှာဆို အစိုးရကရပ်ဆို ရပ်လိုက်တာနဲ့ ပြီးပါတယ်။ ဒါပေမယ့်မြန်မာပြည်မှာက ခြေဥအရ အာဏာသိမ်းဖို့ မီးမွှေးဖို့ စောင့်နေတဲ့ အဖွဲ့တွေက ရှိပါတယ်။ ဥပမာ အစိုးရကရပ်ဆိုရင် သူတို့က ဘုန်းကြီးကိုသွားပြောပြီး ဘုန်းကြီးကတဆင့် ဖွင့်ဖို့ ဖိအားပေးတာ ဘုရားဖူးတာကို ပိတ်ရင်ဘဲ အမျိုး ဘာသာ သာသနာကို အလေးမထားသလို ဂျင်းထည့်တာတွေနဲ့ အောက်လုံးထိုးဖို့စလုပ်ပါတယ်။ အချို့ကဆို ကာလုံခေါ်ဖို့ စာထုတ်တာက မြင်မကောင်းပါ။

အလုပ်သမားကိစ္စဆိုလဲ အလုပ်ရှင်က တည်ဆဲဥပဒေအတိုင်း အလုပ်ပိတ်ရင် အစိုးရအနေနဲ့ ဝင်ရခက်ပါတယ်။ ဒါပေမယ့် ကြားကအဖွဲ့တွေက ဖျာခင်းပြီး ဟိုဆန္ဒပြတာ ဒီဆန္ဒပြတာနဲ့ အစိုးရကို ဖိအားပေးဖို့လုပ်ပါတယ်။ အဘတို့အဖွဲ့က မြှောက်ပေးပါတယ်။ ဒါပေမယ့် အစိုးရက အရေးပေါ်ရန်ပုံငွေလူမှုဖူလုံရေး ရန်ပုံငွေသုံးပြီး အလုပ်သမားတွေကို ကယ်တင်ဖို့ စလုပ်နေပါပြီ။

နောက်အစိုးရဟာ ဆေးရုံတွေမှာ လိုအပ်မယ့် အသက်ရှုကူစက်(Ventilator) တွေ အခြားလိုအပ်ချက်တွေကို ဖြည့်တင်းထားသလို စနစ်တကျ ကိုင်တွယ်နေပါတယ်။ ဒါဟာ အဘတို့ နာဂစ်ကိုင်တွယ်တာ၊ယခင်က ကြက်တုတ်ကွေး၊ ငှက်တုတ်ကွေး ကိုင်တွယ်တာနဲ့ ဆီနဲ့ ရေလို ကွာပါတယ်။ ယခင်ကကျန်းမာရေးဝန်ကြီးတွေက မြန်မာပြည်အတွေ့အကြုံလောက်သာရှိပြီး ယခုလက်ရှိ ကျန်းမာရေးဝန်ကြီးက ကမ္ဘာ့အတွေ့အကြုံရှိပါတယ်။

ပြောချင်တာက အစိုးရဟာ သူ့အလုပ်သူလုပ်ပြီး ပြင်ဆင်နေပါတယ်။ စစ်တပ်သာ သူ့အလုပ်သူလုပ်ခဲ့ရင် ယခုအချိန်မှာ ရခိုင်ပြည်ကြီးဟာ အေးချမ်းနေမှာပါလို့ ပြောပါရစေ။ အရေးကြီးဆုံးက လူ့လောကမှာ မိမိအလုပ် မိမိလုပ်ကြဖို့ပါ။ ဒီကပ်ရောဂါကို သေနတ်နဲ့ တိုက်လို့မရဘူးဆိုတာ အဘသိပါစေ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page