top of page
Search

အစ္စရေးနဲ့အီရန်မှာ ငှက်ကင်ရှိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 17
  • 1 min read

မြန်မာပြည်မှာ တတိယအင်အားစု‌ခွေးနဲ့ စစ်ခွေးတွေအော်တာကတော့ မအလက ဗုံးကြဲပြီးရင် ငှက်ကင်ဘယ်မှာလဲဆိုတဲ့ မေးခွန်းလေးတွေဖြစ်ပါတယ်။ ဒီကိစ္စကို အစ္စရေးနဲ့အီရန်ကိစ္စလေးနဲ့ ထပ်ပြီးလေ့လာကြရအောင်။

အီရန်က ရုရှားနှင့်တရုတ်ဆီက လက်နက်တွေ ငှက်ကင်‌‌တွေ၊ ဒုံးပျံတွေဝယ်ပါတယ်။ ရုရှားက နောက်ဆုံးပေါ် ငှက်ကင်တွေ S-300 တွေကို အကုန်ရသလောက်ဝယ်ပါတယ်။ တရုတ်ဆီကလည်း ငှက်ကင်တွေဝယ်သလို အသံထက်မြန်တဲ့ဒုံးပျံတွေကိုလည်းဝယ်ပါတယ်။ သူဖာသာသူလည်း ထုတ်ပါတယ်။ အီရန်ရေနံတွင်းတွေက ကမ္ဘာပေါ်မှာတတိယအကြီးဆုံးလို့ ပြောကြပါတယ်။  တတိယအကြီးဆုံး ရေနံရှိသူပါ။ ဒါကြောင့်သူ့ရဲ့ဓနအင်အားကတော့ NUG လို တစ်လမှာ ဝိုင်းပေးတဲ့ဒေါ်လာသိန်းဂဏန်းနဲ့ ယှဉ်လို့ရှိရင် မိုးနဲ့မြေလို့ကွာနေပါတယ်။ အီရန်က ဒရုံးတွေကိုလဲ သူ့ဖာသူထုတ်ပြီး ရုရှားကိုတောင်ရောင်းနိုင်တဲ့အဆင့်ထိ ရှိပါတယ်။

ဒါဆိုအစ္စရေးဘက်ကို လေ့လာကြရအောင်။ အစ္စရေးမှာအမေရိကန်ထုတ်နောက်ဆုံးပေါ်လေယာဉ်ပစ် လက်နက်တွေရှိသလို Iron dome, David sling နဲ့ နောက်ဆုံး‌ ပေါ် Arrow 3 ဒုံးကွင်းဒုံးတွေလည်းရှိပါတယ်။ အစ္စရေးလေယာဉ်ပျံတွေက အမေရိကန်ကနောက်ဆုံးပေါ်ရောင်းထားတဲ့ လေယာဉ်ပျံတွေပါ။ အစ္စရေးက အမေရိကန်ရဲ့သားအရင်တွေပါ။ အမေရိကန်ကအစွရေးကိုလာတိုက်ရင် ကြားထဲကနေလည်း ဝိုင်းကူပစ်ချပေးပါတယ်။ အမေရိကန်ထင်မဟုတ်ဘဲနဲ့ အင်္ဂလန်၊ ပြင်သစ်တို့ကပါ ဝိုင်းပြီး အစ္စရေးကိုလာတိုက်တဲ့ ဒုံးပျံတွေကိုဝိုင်းပစ်ပေးကြပါတယ်။ ဒါကြောင့်ကမ္ဘာပေါ်မှာ စစ်အင်အားပထမအကြီးဆုံး ခေတ်အမှီဆုံးနိုင်ငံကြီးရဲ့ရင်ခွင်ပိုက်သားဖြစ်လို့ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးငှက်ကင်စနစ်ကတော့ အကောင်ဆုံးလို့ ထင်ရဖွယ်ရှိပါတယ်။ အစ္စရေးရဲ့စစ်ရေးအတွက်သုံးတဲ့ ငွေတွေနဲ့ လက်နက်ပိုင်းဆိုင်မှုကို NUGက လစဉ်မဖြစ်စလောက်ဝင်နေတဲ့ ဒေါ်လာသိမ်းဂဏန်းနဲ့ ယှဉ်လိုက်လို့ရှိရင်တော့ မိုးနဲ့မြေလို့ကွာခြင်းတိုင်း ကွာနေတာအားလုံးက သတိထားမိမှာပါ။

ယခုစစ်ပွဲမှာ အစ္စရေးကတိုက်ခိုက်ချိန်မှာ အီရန်ရဲ့ ငှက်ကင်တွေက ဘာမှမပစ်ချနိုင်ခဲ့ပါ။ အစ္စရေးဟာ အီရန်ရဲ့ အနုမြူပစ်မှတ်တွေ စစ်ဘက်ဆိုင်ရာလူကြီးတွေကို ကြက်လို ငှက်လို ပစ်ချင်သလို ပစ်နေတာတွေ့ရပါတယ်။ အီရန်ရဲ့ကောင်းကင်ကြီးဟာ ယခုအချိန်မှာ ငှက်ကင်နဲ့ခုခံနိုင်စွမ်းမရှိတော့ဘူးဆိုပြီး အစ္စရေးရော အမေရိကန်သမ္မတကပါ တရားဝင်ထုတ်ပြောလာနေကြပါပြီ။ ဒါကဘာကိုပြသလဲဆိုတော့ ရုရှားနဲ့တရုတ်တို့ကထောက်ပံ့တဲ့အီရန်ရဲ့ငှက်ကင်တွေဟာ အစ္စရေးကလာတိုက်တာကို ဘယ်လိုမှမကာကွယ်နိုင်ဘဲ ပက်ပက်စက်စက် အရှုံးပေးနေရတာကို ပြနေပါတယ်။

ဒါဆိုရင် အမေရိကန်ရဲ့ရင်ခွင့်ပိုက်သားလေး အစ္စရေးကရော အီရန်ကပစ်သမျှ လက်နက်တွေကို ကာကွယ်နိုင်နေပါပြီလား။ အစ္စရေးရဲ့ ငှက်ကင်တွေက အစ္စရေးတစ်နိုင်ငံထဲကတင်မဟုတ်ဘဲ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု၊ အင်္ဂလန်၊ ပြင်သစ်တို့ကပါ ဝိုင်းပြီးပင်လယ်ထဲကနေကာကွယ်ပေးကြတာပါ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အီရန်ရဲ့ အသံထက်မြန်တဲ့ဒုံးပျံကို မကာကွယ်နိုင်ဘဲ အစ္စရေးရဲ့အရေးကြီးပသ်မှတ်အချို့ ပစ်ခတ်ခံခဲ့ရတာ အားလုံးသတိထားမိမှာပါ။ ဒါက ခေတ်မီနည်းပညာတွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲမှာ ငှက်ကင်တွေကလည်း ရှိတိုင်းအလုပ်မဖြစ် အကန့်အသတ်နဲ့သာ အလုပ်ဖြစ်နိုင်တာကို ပြတာပါ။ အစ္စရေးကိုထိတာက အမေရိကန်အင်္ဂလန်နဲ့ပြင်သစ်ရဲ့ ငှက်ကင်တွေကပါ အလုပ်မဖြစ်ဘူးဆိုတာကို ပြသသွားခဲ့ပါတယ်။

ဒီနေရာမှာ စာရေးသူတို့က ဘာလုပ်ရမလဲဆိုတော့ သတင်းတွေဖတ်ရင် ဦးနှောက်နဲ့ ဖတ်ဖို့လိုအပ်ပါတယ်။ စစ်ကိုင်းကအချို့ရွာတွေမှာက NUG မအာက်က တိုက်ရိုက်မဟုတ်တဲ့အဖွဲ့တွေက သူတို့ကသွားတိုက်လို့အဆင်ပြေနိုင်ခဲ့ရင် ခေတ်သစ်ကနေ သတင်းထုတ်ပြန်ပြီး သူတို့ကြောင့်မအလကလာတိုက်ရင် NUG ဘယ်မှာလဲဆိုပြီး အပစ်တင်သလိုရေးတာက သိပ်အဆင်မပြေပါ။

လေယာဉ်ပျံကိစ္စလည်း အမှန်ကိုသိပေမဲ့ အကျိုးမရှိလို့မရေး‌ တော့ပါ။ အားလုံးသတိထားရမှာက ကွန်မြူနစ်နဲ့ ကွန်မြူနစ်ဝါဒကိုထောက်ခံတဲ့ သတင်းသမားတွေကို သတိထားပါ။ အခုအချိန်မှာတော့ သူတို့ဟာဒီမိုကရေစီ‌ ယောင်ယောင်နဲ့  ဟိုလိုလို ဒီလိုလိုမို့လို့ မသိသာပေမယ့် တော်လှန်ရေးအောင်လာရင် ခြေပိုရှုပ်လာမှာပါ။

ပြည်သူက မိမိလုံခြုံရေးကိုဂရုပြုပါ။ NUG အနေနဲ့လည်း မိမိတပ်တွေရဲ့လုံခြုံရေးကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်တွေနားမှာ ဒရုံးဂျန်ဘာတွေကိုထားပါ။ အရေးကြီးပုဂ္ဂိုလ်ဆိုတာက NUG ရဲ့ ဝန်ကြီး၊ ဒုဝန်ကြီးအဆင့်နဲ့  မိမိရဲ့တပ််က တိုင်းမှူး၊ ဗျူဟာမှုးအထက်အဆင့်တွေနားမှာ ဒရုံးပစ်ချနိုင်တဲ့လက်နက်ထားနိုင်အောင် ကြိုးစားရှာဖွေကြံစည်ပါ။ အီရန်မှာဖြစ်သွားတာက အတွင်းစည်းလုံခြုံရေးကြိုးပေါက်တာတွေလည်းပါပါတယ်။ အချို့PDF ကလေးတွေအနေနဲ့ မကြိုက်သော်လဲ မအလစစ်တပ်ထဲဝင်ပြီး တန်ပြန်တောက်လှန်းရေး ပိုလုပ်နိုင်အောင်ကြိုးစားပါ။ ထိုသွေးသစ်တွေက လက်ရှိဖရဲသီးတွေထက် ပိုပြီး လက်သံပြောင်ပြောင်လုပ်နိုင်ကိုင်နိုင်မှာပါ။

ပြည်သူကတော့ အမေစုကိုထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေစုရဲ့ အသက် (၈၀) ပြည့်မွေးနေ့မှာ NUG အောက် က PDF ကို PRF ကတဆင့် များများလှူပေးပါ။ ငှက်ကင်ရှိရှိ မရှိရှိ ပြည်သူရှိရင် ဒီတိုက်ပွဲက နိုင်မယ်ဆိုတာ ဗီယက်နမ်၊ အာဖဂန်နဲ့ ဆီးရီးယားတို့မှာ သက်သေတွေရှိပါတယ်။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page