top of page
Search

အစည်းအဝေးမှပြောသော မအလကြောက်သည့်အရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 17, 2022
  • 1 min read

စာရေးသူရေးရင် မူလသတင်းအရင်းမြစ် မပေါက်ကြားအောင်ရယ် မိမိလုံခြုံရေးရယ်ကိုသတိထားရေးရပါတယ်။ ဆီကိစ္စရေးတုန်းက မယုံသူတွေရှိပါတယ်။ ယခု ဆီကိစ္စလုံခြုံရေးအတွက် တရားဝင်စာထွက်လာတာတွေကို ခေတ်သစ်မှာ အားလုံးဖတ်မိမှာပါ။ ယခုရေးလိုတာက မအလတပ်ထဲမှာ သူတို့ရဲ့ တန်ပြန်ထောက်လှမ်းတာတွေ စိတ်ဓာတ်စစ်ဆင်ရေးတွေအောင်မြင် မအောင်မြင် ပြန်လည်သုံးသပ်တယ့် အစည်းအဝေးထဲက အကြောင်းအရာတစ်ခုပါ။ ထိုအစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ စရဖညွှန်ချုပ်၊ မဲလုံးတို့တက်လေ့ရှိပါတယ်။

အဓိကက မိုင်တဲကလူ အသတ်ခံရအပြီးမှာ သူတို့ရဲ့ ကောလဟာလနဲ့ ယောမင်းကြီးအဖွဲ့တွေကို လုပ်ကြံမယ်ဆိုပြီး ကောလဟာလထုတ်တာကို နိုင်ငံခြားသံရုံးတွေက NUG ကိုမေးလို့ သူတို့ရဲ့ ဆိုက်ဝါးအောင်မြင်တယ်လို့ သုံးသပ်ပါတယ်။ သူတို့ရန်သူကို ရှာမရချိန် NUG က ထွက်ရှင်းရပြီး သူတို့ကလဲ အရေးကြီးသူတွေရဲ့ ရုံးခန်းတွေကို နေပြည်တော်ကို ရွှေ့နိုင်ခဲ့ပါတယ်။နောက် NUG က ငြင်းအပြီးမှာ သူတို့အကြီးပိုင်းနဲ့ နီးစပ်သူတွေ အသတ်မခံရတော့လို့လုံခြုံရေးအရ အောင်မြင်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် သူတို့တပ်နဲ့နီးစပ်သူ ဘယ်သူအသတ်ခံရခံရ NUG ကို ပုံချပြီး ဖိအားပေးတဲ့နည်းကိုသုံးဖို့ ဆုံးဖြတ်ထားပါတယ်။

နောက် နေပြည်တော်ရဲ့ ပင်မဓာတ်အားလိုင်းတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ အစည်းအဝေးမှာဆွေးနွေးသွားပါတယ်။ ယခုအချိန်မှာ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေကို မီးဖြတ်ထားပြီးနေပြည်တော်က အစိုးရရုံးစိုက်ရာမြို့မိုလို့ ၂၄နာရီ မီးပေးထားရကြောင်း ဒါပေမယ့် ရန်သူကအချိန်မရွေး လက်စားချေပြီး လာတိုက်နိုင်ကြောင်း၊ လာမတိုက်နိုင်အောင် ဓာတ်အားဖြန့်ဖြူးရာလိုင်းမှာ လုံခြုံရေးချဖို့ မှာကြားသွားပါတယ်။ ရေရှည်အတွက် မြေအောက်ဓာတ်အားလိုင်းသွယ်ဖို့လဲ ပြောသွားပါတယ်။

နောက်က ကျောင်းတွေရဲ့ လုံခြုံရေးမြှင့်ဖို့ကိုလဲ ပြောသွားပါသေးတယ်။ ရန်သူ့နယ်တွေမှာကျောင်းမရှိတော့ကြောင်း ဒါပေမယ့် ရန်သူက အလုံးစုံပျက်သုဉ်းရေးကိုဦးတည်ပြီး မိမိတို့ထိန်းချုပ်တဲ့မြို့ပေါ်က ကျောင်းတွေကို မီးရှို့တာတွေလုပ်လာနိုင်ကြောင်း ဒါကြောင့်စိတ်ဓာတ်စစ်ဆင်ရေးကို ယောမင်းကြီး လုပ်ကြံစာရင်းလို ကြိုထုတ်ပြီး ရန်သူကမလုပ်နိုင်အောင် ဆိုက်ဝါးသုံးတားဖို့နဲ့ လုံခြုံရေးတိုးမြှင့်ဖို့ ပြောသွားခဲ့ပါတယ်။ သူက ဆရာ/ဆရာမတွေက ဖမ်းပြီး စာပြန်သင်ခိုင်းလို့ ရနိုင်ပေမယ့် ကျောင်းတွေကို မီးရှို့ခဲ့ရင် လုံခြုံရေးအရမျက်နှာပျက်စရာဖြစ်နိုင်ပြီး အဆောက်အဦးတွေပြန်ဆောက်ရမှာလဲ နှစ်နဲ့ချီကြာနိုင်လို့ မိမိကိုထောက်ခံသူတွေလဲ ယခုလိုကျောင်းမတက်နိုင်ဘဲ အလုံးစုံပျက်သုဉ်းသွားနိုင်ကြောင်း ဒါကြောင့် လုံခြုံရေးမြှင့်တင်ဖို့ ပြောသွားပါသေးတယ်။

နောက်ဆုံးကတော့ တရုတ်စီးပွါးရေးနေရာတွေ၊ စက်ရုံတွေ၊ ပိုက်လိုင်းတွေကို လုံခြုံရေးမြှင့်ထားဖို့ တရုတ်အကျိုးစီးပွါးထိရင် ပြည်ပက ဝင်လာနိုင်လို့ မထိခိုက်အောင် လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုတွေလုပ်ဖို့ ပြောသွားခဲ့ပါတယ်။

ဒါက အစည်းအဝေးမှတ်တမ်းကို သတင်းအနေနဲ့သာ တင်တာပါ။ ဒီကနေ NUG လဲ မှတ်သားစရာတွေ ရှိလာမှာပါ။ အချို့ကိစ္စတွေမှာ မိမိစာရင်းမထုတ်တာလောက်သာပြောပြီး လုပ်သူကိုလွှတ်ထားလိုက်ပါ။ သာမန်ပြည်သူတွေ တော်လှန်ရေးသမားတွေအနေနဲ့ မအလက ဘာကြောက်တတ်လဲဆိုတာ ဒီသတင်းကနေ မှန်းကြည့်လို့ရမှာပါ။ နေပြည်တော်ကို မသိမ်းနိုင်သေးရင်တောင် ရန်ကုန်နဲ့တန်းတူ မှောင်သွားအောင်လုပ်နိုင်ရင် အားလုံးသာတူညီမျှ ဖြစ်သွားမှာပါ။ မအလစိုးရိမ်တာတွေကို မစိုးရိမ်ရအောင် လုပ်ပေးလိုက်ရင် သူကြောက်သွားမှာပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page