top of page
Search

အင်တာနက်ဖြတ်တာနဲ့ ပတ်သက်လို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 5, 2021
  • 1 min read

မနေ့က NUG အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်ချိန် အင်တာနက်ဖြတ်တာကို အချို့က ပြည်တွင်းကျန်တဲ့ ဝန်ကြီးတွေကို သိလိုလို့ မအလဖက်ဆစ်တွေကလုပ်တာ ဘာညာဆိုပြီး ရေးကြပါတယ်။ရန်သူကို အထင်မသေးနဲ့ပေါ့။

ပထမဆုံးပြောလိုတာက NUG ဟာ ပြည်သူနဲ့မကင်းကွာနေပါ။ ပြည်သူနဲ့ အနီးဆုံးနေရာမှာ သင့်တော်တဲ့ အစောင့်အရှောက်နဲ့ ရှိနေပါတယ်။ ပြည်သူထဲမှာသာနေပါတယ်။ ဒါ့ကြောင့် NUG ကအောင်မြင်မှာပါလို့ ထပ်ပြောပါရစေ။ အင်တာနက်ဖြတ်လို့ ရေးသူနေရာသိတဲ့ နည်းပညာသာ မအလမှာရှိရင် စာရေးသူကို လာဖမ်းသွားတာ ကြာခဲ့ပါပြီ။ စာရေးသူက ကွီးဖြိုးနဲ့ သူ့မိန်းမ မအလဖက်ဆစ်လက်ထဲမှာ အသက်အန္တရာယ်ဖြစ်ခဲ့ရင် မအလ သူ့သားသမီးနဲ့ သူ့မြေးမတွေကိုနိုင်ငံတော်ပုန်ကုန်မှု ဥပဒေအတိုင်း မအလသေသွားရင်တောင် ကျန်ရစ်သူ သူ့မြေးမတွေကိုအရေးယူမယ်ဆိုတာ တရားဝင်ပြောထားသူပါ။ သူ့စရဖလဲ စာရေးသူအကောင့်ကို ဖတ်ပြီး report ထုပါတယ်။ သူသာလိုက်လို့ရရင် လိုက်ခဲ့ပြီပေါ့။ ရန်သူကို အထင်မသေးသလို သိပ်အထင်မကြီးမိပါစေနဲ့။ သူသာလူလိုတွေးတတ်တဲ့ခေါင်းရှိရင် အာဏာမသိမ်းပါဘူး။

မနေ့က NUG သတင်းစာရှင်းလင်းပွဲကြည့်သူဟာ သန်းချီခဲ့ပြီး NUG က မအလကို ဒဲ့ဆော်လို့တင်းပြီး ဖြုတ်ချတာပါ။ မနာလိုတာပေါ့။ အာဏာရူးကို သိပ်အထင်မကြီးပါနဲ့။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 05, 2021

ဦးမြတ်!!ကိုယ့်ထက် သာ ၊ မနာလို စကားအရ

မနာလိုမှု(ဣဿ)နှင့်အတူ ဝန်တိုမှု(မစ္ဆရိယ) ပူးတွဲ ခဲွဲခြားမရပါ။ အပါယ်လေးပါးသို့ တိုက်ရိုက်ကျစေသော တရားဖြစ်ကြောင်း ဆောင်းပါးထိပ်က ကာတွန်းက သရုပ်ဖော်ပြထားပါပြီ။ မသိ ဆိုးရွား စကားအရ အမှန် မသိသမျှ ဆိုးရွားသော အကျိုးတရား ရစေပါသည်။

ငါ့ထက်သာနေတော့ ငါ့လူတွေ သူ့ဖက်ပါသွားလျှင်!!! ဆိုင်ရာအမျိုးအဝန်းအဝိုင်းကို သူနဲ့ မဆက်ဆံစေလိုခြင်း ဝန်တိုမှု ပေါ်လာရပါသည်။

ကုလ မစ္ဆရိယ။

သည်နေရာ သည်ပလ္လင် သူ မထိုင်စေချင်

အာဝါသ မစ္ဆရိယ။

သည်စည်းစိမ် ချမ်းသာ ငါသာ စံစား၊ သူတပါး

ရရှိခံစားမှာ စိုးရိမ်

လာဘ မစ္ဆရိယ။

ဘုရားဒကာ ကျောင်းဒကာဖြစ်ငြား ပုထုဇဥ်တစ်ဦးအနေဖြင့် တရားဆိုးနှစ်ပါး နေ့စဥ်တိုးပွါးပါက အပါယ်သို့ လားရာမှတစ်ပါး အခြားမရှိပါ။

မသေခင်မှာလည်း အဆိုပါတရားဆိုးနှစ်ပါး၏ အကျိုးပေးကြောင့် လူမုန်းများပါသည်။

မသိ တာကို သိအောင် လုပ်ဖို့ ဆရာသမားကောင်း လိုအပ်ပါသည်။

သို့ပါ၍ ဆရာမှားလျှင် တသံသရာလုံး မှောက်မည်ဟု ဘိုးဘေးဘီဘင် အဆက်ဆက် ယုံကြည်နက်ရှိုင်းစွာဖြင့် စွဲယူခဲ့ကြပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page