top of page
Search

အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်းမှပြောသော ဒေါ်အောင်ဆန်းစုကြည်အကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 22, 2024
  • 1 min read

အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်းမှပြောသော ဒေါ်အောင်ဆန်းစုကြည်အကြောင်း

မအလနဲ့ ဘောမလော်ဘီတွေက ဒေါ်အောင်ဆန်းစုကြည်ကိုပြောရာမှာ သူမက တိုင်းရင်းသားဘက်က မရပ်ဘူး။ သူမပြောလို့ ရခိုင်မှာဗုံးကြဲတာ၊ သူမက ရခိုင့်အရေး၊ တိုင်းရင်းသားအရေးမှာ ဝင်မပြောလို့လည်း ဘာညာဆိုပြီး တိုင်းရင်းသားတွေနဲ့ သူမကြား သွေးခွဲခဲ့ကြပါတယ်။ ဒါကိုလည်း တိုင်းရင်းသားခေါင်းဆောင်အချို့က တကယ်ယုံတာလား မယုံတာလားမသိပေမဲ့ ပျော်ပျော်ကြီးလက်ခံခဲ့ကြပါတယ်။ ဒီကိစ္စကြောင့် NUG ဟာ တော်လှန်ရေးအစပိုင်းမှာ တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အချိန်ယူလုပ်ဆောင်ခဲ့ရပါတယ်။ အစ်ကိုထွန်းကတော့ အချို့ကိစ္စတွေမှာ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး သူလဲ သဘောပေါက်နေပါပြီ။

ယခု သူတင်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျပ်အတည်း အခက်အခဲကို အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်စင်က သူနိုင်ငံခြားရေးဝန်ကြီးကာလ ဗမာပြည်ကိုသွားချိန်မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ သူ့ရဲ့ UNLEASHED စာအုပ်ထဲမှာ ရေးသားထားပါတယ်။

သူက ဗမာပြည်ကိုရောက်သွားတဲ့အကြောင်း မရောက်ခင်မှာ သူနဲ့ဒေါ်အောင်ဆန်းစုကြည်က အောက်စဖို့ဒ့်ကျောင်းထွက်ခြင်းတူတယ်ဆိုတဲ့အကြောင်း ဒါ့အပြင် ကဗျာတွေကြိုက်တာတူတယ်ဆိုတဲ့အကြောင်း အဲဒါတွေကိုရေးသားထားပါတယ်။

ထိုစာအုပ်ထဲမှာ ရေးထားတာက သူ ကရခိုင်ကိုသွားတဲ့အခါမှာ ရဟတ်ယာဉ်တွေက အောက်က မီးလောင်ထားတဲ့ရိုဟင်ဂျာရွာတွေအပေါ်က အနီးကပ်ပျံသန်းပြသတာကိုသူတွေ့ခဲ့ရပါတယ်တဲ့။ သူနားမလည်နိုင်တာက ဒီစစ်တပ်ဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရွာတွေ ရာဇဝတ်မှုကျူးလွန်တဲ့နေရာတွေကို သူ့ကိုဘာလို့ခေါ်ပြီး ပြတာလဲဆိုတာပါ။ သူတို့ပြစ်မှုန်ကျူးလွန်ထားတာမှန်ရင် ပုံမှန်ဦးနှောက်နဲ့စဉ်းစားရင် ဒီရွာတွေအပေါ်က ရဟတ်ယာဉ်မပျံဘဲ အခြားဘာမှမဖြစ်တဲ့နေရာက ဖြတ်ပျံသွားလဲရတယ်ပေါ့။ ဒါမှမဟုတ်ရင်လည်း အမြင့်ကြီးကပျံပြီး ရောက်တဲ့နေရာကျမှ ဆင်းလိုက်လဲရတယ်ပေါ့။ ဒါပေမယ့် မြန်မာစစ်တပ်က ဗြောင်ကျကျ မီးလောင်နေတဲ့ ရိုဟင်ဂျာရွာတွေအပေါ်က အနီးကပ်ပျံသန်းပြီးတော့ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြသတာက သူတို့အတွက် အင်မတန်မှ အံ့သြစရာကောင်းခဲ့ပါတယ်။ သူနဲ့ပါလာတဲ့ BBC သတင်းထောက်မ Reeta Chakrabarti က သူမဖုန်းနဲ့ ဓာတ်ပုံဗီဒီယိုရိုက်ပေမယ့် သူမဖုန်းက ရဟတ်ယာဉ်ပေါ်ကနေ ပြုတ်ကျပြီးပျောက်သွားခဲ့ပါတယ်။

သူက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ချိန်မှာ ထိုကိစ္စကို တင်ပြဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူသတိထားမိခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ကို သူအနားကလူတွေက တစ်မျိုးတင်ပြခဲ့ပြီး နိုင်ငံခြားကလာတဲ့လူတွေကို စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်သိက္ခာကျအောင် တမင်လိုက်ပြခဲ့တယ်ဆိုတာပါ။ သူလဲ အာဏာသိမ်းခံရအပြီးမှ စစ်တပ်ဟာတကယ့်အာဏာရှိသူဖြစ်ပြီး ဒီကိစ္စတွေက ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာကျအောင်လုပ်နေမှန်း သိလိုက်ရတယ်ဆိုတာပါ။ သူတို့က ဒီမိုစံအရ ပြောနေပေမယ့် သူမကလဲ အာဏာသိမ်းဖို့ တာစူနေတဲ့ တကယ့်အာဏာရယူထားတဲ့ လက်နက်ကိုင်စစ်တပ်ကို ခက်ခက်ခဲခဲ လက်နက်မရှိဘဲ ကိုင်တွယ်နေရတာကိုာသိလိုက်တာပါ။

ဒီနေရာမှာ တိုင်းရင်းသားခေါင်းဆောင်များလည်း သဘောပေါက် လာနေပြီလို့ထင်ပါတယ်။ ယခု လူတွေကိုဗုံးကြဲနေတာက ဒေါ်အောင်ဆန်းစုကြည်အမိန့်နဲ့ ကြဲနေသေးတာပါလား။ ဒေါ်ဆန်းစုကြည်ကထောင်ထဲမှာပါ။ ထို့အထူဘဲ လော်ဘီသမားတွေကလည်း အခုစစ်အုပ်ချုပ်ရေးနဲ့ စစ်ဥပဒေနဲ့အုပ်ချုပ်နေတာတောင်မှ ဘယ်သူပုန်ကိုမှ မအလတပ်က နိုင်အောင် မတိုက်နိုင်ဘူးဆိုတာ မင်းတို့ မျက်ဝါးထင်ထင် တွေ့မြင်နေပြီမို့လား။


ဒါတွေကိုဘာလို့ပြောပြရသလဲဆိုရင် အားလုံးဟာ စစ်မိစ္ဆာ မအလက ဗုံးကြဲချင်လို့ကြဲ တိုက်ချင်လို့တိုက်နေတယ်ဆိုတာကို သိဖို့ပါ။ ဘယ်သူကဘာပြောလို့ ဘယ်အရပ်သားအမိန့်အရ လိုက်နာပြီးလုပ်နေတာမဟုတ်ပါ။ ဒါကြောင့် ပြည်သူတွေသတိထားရမှာက NUGအစိုးရအမိန့်ကိုလိုက်နာတဲ့ NUG အောက်က ပြည်သူ့ PDF အင်အားကြီးအောင်သာ များများထောက်ပံ့ပေးပါး။ ပြည်သူ့အမိန့်မနာခံတဲ့ အခြားလက်နက်ကိုင်တွေအားကောင်းလာရင်တော့ ယခု မအလကို နောက် မအလနဲ့  အစားထိုးလိုက်သလိုသာဖြစ်ပါမယ်။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page