top of page
Search

အင်္ဂလန်ပါလီမန်အကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 20, 2019
  • 1 min read

အင်္ဂလန်ပါလီမန်အကြောင်း

ဟိုနေဝင်းမြေးဖွန်ကြောင်ဖက်တီးက အင်္ဂလန်ရဲ့အထက်လွှတ်တော်က ရွေးကောက်ခံမဟုတ်ဘူး ဒါပေမယ့် အပြန်အလှန်လေးစားတယ် ဘာညာဆိုပြီး အင်္ဂလန်နဲ့ ဘရွှေရဲ့ ခြေဥထဲကတပ်ကို တူသရောင်ရေးထားပါတယ်။ စာရေးသူပုံမှန် သူ့အကောင့်ကိုမဖတ်ပါ။ စာရေးသူရဲ့ စာဖတ်ပုရိတ်သတ်က မေးလို့ဗဟုသုတရအောင် လေ့လာပြီး ရေးပြပါမယ်။

ပထမဆုံး ဒီမိုမိခင်အင်္ဂလန်မှာ ခြေဥမရှိပါ။ ၁၂ ရာစုမှာ ဘုရင်နဲ့ နယ်ပိုင်တွေ Magna Carta လို့ခေါ်တဲ့စာချုပ်ချုပ်ပြီး အခွန်တွေကို နယ်ပိုင်တွေ ခွင့်ပြုချက်နဲ့သာ ကောက်ခံဖို့သဘောတူတာက စခဲ့ပါတယ်။တဖြည်းဖြည်း ပါလီမန်က ခေတ်နဲ့အညီပြောင်းလဲလာခဲ့ပါတယ်။ ၁၃ ရာစုမှာ အထက်လွှတ်တော်နဲ့အောက်လွှတ်တော်ဆိုပြီး ပြောင်းလဲလာပါတယ်။

အောက်လွှတ်တော်က ရွေးကောက်ခံပြီး Lords လို့ခေါ်တဲ့ အထက်လွှတ်တော်က အမေရိကန်ဆီးနိတ်လိုရွေးကောက်ခံမဟုတ်ပါ။ ဒီနေရာမှာ တပ်ကိုယ်စားလှယ်နဲ့ အင်္ဂလန်အထက်လွှတ်တော်က ရွေးကောက်ခံ မဟုတ်တာချင်းတူပါတယ်။ ဒါပေမယ့်ကျန်တာကွဲပါတယ်။

ပထမအချက်က အင်္ဂလန်အထက်လွှတ်တော်မှာ စစ်သားမရှိပါ။ သူတို့တိုင်းပြည်ရဲ့ ဝါရင့်နိုင်ငံရေးသမားတွေ၊ ယခင်ဆရာဝန်ကြီးတွေ၊ ကုန်သည်ကြီးတွေ၊ နယ်ပေါင်းစုံက ပညာရှင်တွေပါ။နောက်ဒီလွှတ်တော်အမတ်အားလုံးကို အင်္ဂလိပ်တပ်ချုပ်က ခန့်ထားတာမဟုတ်ပါ။ သူတို့ကို အနိုင်ရပါတီတွေက အချို့ကျ အမည်စာရင်းတင်သွင်းပြီး ခန့်တာပါ။ ဒါကြောင့်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီက အချိုးနဲ့ ပြန်ခန့်ကြတာပါ။ သွယ်ဝှိက် ဒီမိုစနစ်နဲ့ ခန့်တယ်လို့ ပြောလို့ရပါတယ်။

နောက်သူတို့နိုင်ငံမှာ ခြေဥမရှိပေမယ့် ဘုရင်ရော၊ ပါတီတွေရောက သူတို့ရှေးယခင် ထုံးစံအတိုင်းသဘောတူခဲ့တဲ့အတိုင်း လုပ်ပါတယ်။ အသက် ၆၀ ပြည့်ပြီးမှ ဥပဒေကိုဖောက်ပြီး သက်တမ်းတိုးထားတာမရှိပါ။ နောက်အဲ့ဒီအင်္ဂလန်အထက်လွှတ်တော်အမတ်တွေမှာ ၂၅% လို ဥပဒေပြင်လို့မရအောင်ဖျက်လို့ရတဲ့ အာဏာမရှိပါ။ နောက်သူတို့ဟာ တိုက်ရိုက်ရွေးကောက်မခံရမှန်းသိလို့ လူထုကြားထဲအရှက်မရှိဆင်းမတွေ့ပါ။ အရှက်ရှိပါတယ်။

ဒါကြောင့် အင်္ဂလန်အထက်လွှတ်တော်က ပြည်သူတင်တဲ့ ပါတီကခန့်ထားတဲ့ လွှတ်တော်အမတ်ဖြစ်ပြီးတပ်ကိုယ်စားလှယ်က အဘခန့်ထားတာပါ။ ပြည်သူချစ်အောင်နေရင် ချစ်မှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page