top of page
Search

အဂတိက ရွှေတိဂုံဘုရားဂေါပကကို အရေးယူလို့ရလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 15, 2019
  • 1 min read

အဂတိက ရွှေတိဂုံဘုရားဂေါပကကို အရေးယူလို့ရလား

ဟိုဒေါက်ခိုင်ယောင်္ကျားကိစ္စကနေ ဘုရားပေါ် Mytel တာဝါတိုင်ကိစ္စ လူတွေသိလာခဲ့ရပါတယ်။သတင်းက ဘယ်ဖုန်းအော်ပရေတာကိုမှ ဂေါပကက ရွှေတိဂုံဘုရားပေါ််မှာ တာဝါတိုင်ပေးမထောင်ခဲ့ပေမယ့် Mytel ကိုတော့ ပေးလုပ်တယ်ဆိုတာပါ။

ဘာလို့ပေးလုပ်ရလဲ။ အဖြေကတော့ ဂေါပကအများစုဟာ မိုးကျမိုလို့ အချင်းချင်းဖေးမတာပါ။ ဒါဟာဖေးမရုံလား ဒါမှမဟုတ် ဘောင်ကျော်ပြီး လုပ်ပိုင်ခွင့်ကို BPI အောင်ဇော်လို အလွဲသုံးစားလုပ်တာလားမေးစရာရှိပါတယ်။ ပြည်သူက တာဝါတိုင်ကြောင့် ထိခိုက်လားဆိုတာကတော့ ပညာရှင်များကသာ ဖြေရမှာပါ။ အနည်းဆုံးတော့ ဘုရားရဲ့ ဝင်ငွေထိခိုက်တာတော့ ငြင်းမရပါ။

မနေ့က ဂေါပကလူကြီးက ဘီဘီစီကို သူ့ဘုရားဝန်ထမ်းတွေကို Mytel က ဆင်းကတ်အလကားနီးပါး၁၀၀၀ ကျပ်နဲ့ပေးလို့ သူတို့က အဆင်ပြေအောင် ဘုရားနဲ့လွတ်တဲ့နေရာမှာ Mytel တာဝါတိုင် ပေးတတ်လိုက်တာလို့ပြောသွားခဲ့ပါတယ်။ ဘုရားဆိုတာ ဂေါပကပိုင်ပစ္စည်းမဟုတ်ပါ။ အများနဲ့ဆိုင်ပါတယ်။ဘုရားဂေါပကဆိုတာ ပြည်သူတွေကိုယ်စား ဘုရားကိုထိန်းသိမ်းစောင့်ရှောက်ရသူတွေပါ။

ဥပမာ Mytel က ရွှေတိဂုံဘုရားပေါ်မှာ တာဝါတိုင်ထောင်လိုရင် အဲ့ဒီနေရာကို သူနဲ့အတူ အခြားအော်ပရေတာတွေကိုလဲ နေရာကိုလေလံစွဲခိုင်းရပါမယ်။ တင်ဒါခေါ်ရပါမယ်။ ဒါဟာ ဘုရားဂေါပကအနေနဲ့ အနည်းဆုံးလိုက်နာရမယ့် စည်းကမ်းပါ။ အရင်ဆုံးကတော့ ဆရာတော်တွေကို ယခင်က ဘယ်သူ့ကိုမှ ခွင့်မပြုခဲ့တဲ့ ပေါ်လစီကို ပြင် မပြင်မေးရပါမယ်။ ပြီးမှ နောက်တဆင့်အနေနဲ့ သူတို့ကခွင့်ပြုမယ်ဆိုရင် တင်ဒါခေါ် / နေရာကိုလေလံပစ်ရပါမယ်။ ယခု ရွှေတိဂုံဘုရားဂေါပကအဖွဲ့ရဲ့ Mytel ကို ခွင့်ပြုခဲ့ပုံက စည်းကမ်းမဲ့ ပရမ်းပတာဖြစ်နေပြီး အဂတိနဲ့ကင်းရဲ့လား သံသယဖြစ်စေပါတယ်။ အဂတိနဲ့ကင်းခဲ့ရင်တောင် လုပ်ထုံးလုပ်နည်းအရ မှားနေပါတယ်။

ဒီစာကို ရေးလိုက်ရတာက ဒီနေ့ ဒီအချိန်အထိ ဘယ်သမဂ္ဂကမှ ဂေါပကအဖွဲ့ကို နုတ်ထွက်ဖို့ အရေးယူဖို့စာမထုတ်သေးသလို ဘယ်ဂျာနယ်ကမှ နုတ်ထွက်ပါလို့ မအော်သေးလို့ပါ။ ရန်ကုန်ကိုစောင့်ကြည့်နေတဲ့ အန်တီညိုကလဲ ဘာမှမပြောလို့ စာရေးသူက အဂတိအဖွဲ့သိအောင် တင်ပြလိုက်တာပါ။ အချို့အဖွဲ့တွေက ယူနီဖောင်းမဝတ်ဖူးသူဆိုရင် စကားမှားတာနဲ့ တောင်းပန်တာတောင် မရပေမယ့် ယူနီဖောင်းဝတ်ဖူးခဲ့သူ အဘဟောင်းများပါတဲ့ ဂေါပကကိုတော့ မျက်စောင်းတောင် မထိုးရဲတာတွေ့ရပါတယ်။ယူနီဖောင်းတန်ခိုးက ကြီးပါပေတယ်လို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page