top of page
Search

အခြေအနေကောင်းလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 5, 2021
  • 1 min read


မြဝတီမှာ ၁၉၈၈ က ကျောင်းသားတွေတောခိုခဲ့တာ အခြေအနေမကောင်းဘူး ဘာညာနဲ့ အင်တာဗျူးလုပ်တယ်။ ပြောင်းပြန်က အခြေအနေ အလွန်ကောင်းနေတယ်။

ပထမဆုံးက မအလဟာ ၁၉၈၈ ကလို ၁၉၉၀ ရွေးကောက်ပွဲနဲ့ လူတွေကိုမျှော်လင့်ချက် ပေးမထားနိုင်ဘူး။ သူက NLD CEC အားလုံးနီးပါးကို ဖမ်းလိုက်လို့ ပြည်သူတွေက ဘာလုပ်ရမလဲ ရှင်းသွားခဲ့ပြီးအလယ်အလတ်လမ်းဆိုတာ မကျန်ခဲ့တော့ဘူး။

ဒုတိယက ဒီမိုတွေမှာ ဒုတိယလူထုခေါင်းဆောင်လို့ခေါ်တဲ့ ကိုမင်းကိုနိုင်က လွတ်သွားပြီး အတွေ့အကြုံနဲ့ ဦးဆောင်မှုပေးတာကို တွေ့ရပါတယ်။ ကိုမင်းကိုနိုင်ဟာ ၈၈ က လူငယ်လေးမဟုတ်တော့်ဘဲအတွေ့အကြုံ ရင့်ကျက်နေပါပြီ။

NUG အစိုးရဟာ ဒီနေ့မှာ G7 ကို သူတို့တင်ပြစရာတွေကို ဗီဒီယိုနဲ့ စတင်ပြပါမယ်။ သူတို့ရဲ့ ကမ္ဘာ့နိုင်ငံတွေကို ထိုးဖောက်နိုင်မှုက ဒေါက်တာဆာဆာက သတင်းဌာနတွေနဲ့ ပြောဆိုဆက်ဆံနေသလို မဇင်မာအောင်တို့ကလဲ G7 အထိ ခြေလှမ်းနိုင်တာ တွေ့ရပါတယ်။ ဆရာဇော်ဝေစိုးဟာလဲ CDM တွေကို လစာပေးတာကအစ စနစ်တကျ လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ နောက် NUG အစိုးရရဲ့ ကောင်းတဲ့အချက်က နိုင်ငံခြားက ကုမ္ပဏီတွေ စစ်အစိုးရနဲ့ စာချုပ်မချုပ်နိုင်အောင် ဟန့်တားနိုင်တာပါ။ ဥပမာတရုတ်ကုမ္ပဏီက မအလနဲ့ စာချုပ်ချုပ်ရင် NUG က သဘောမတူကြောင်းပြောရင် ဝင်ဖို့ခက်သွားမှာပါ။

အားအရဆုံးအချက်က ပြည်သူတွေပါ။ ယခုအချိန်မှာ ပြည်သူတွေက ဖယ်ဒရယ်တပ်မတော်မလာချိန်မှာ လုပ်စရာရှိတာတွေကို မိမိသဘောအတိုင်း ရဲရဲရင့်ရင့် လုပ်ဆောင်ပြနေတာပါ။ ဒီနေရာမှာ ဖယ်ဒရယ်တပ်မတော်ဆိုရင် တပ်စည်းကမ်းလိုက်နာနေရလို့ လုပ်နိုင်တာက အကန့်အသတ်ရှိနိုင်ပါတယ်။ယခုနောက်ပိုင်း ကာကွယ်ရေးအဖွဲ့တွေက မအလဖက်ဆစ်တပ်ကို မုန့်ဟင်းခါးကျွေးနေတာက အားရစရာပါ။ ကာကွယ်ရေးအဖွဲ့မရှိတဲ့ ရန်ကုန် မန္တလေးမှာတောင် ဖက်ဆစ်အုပ်ချုပ်ရေးမှူးတွေ လက်ပါးစေတွေကို ပြည်သူတွေက ဒန်ပေါက်ကျွေး ပညာပေးနေတာဟာ အင်မတန် အားရစရာပါ။ မနေ့က မအလဖွင့်တဲ့ ဆေးရုံအသစ်နားမှာ ဒန်ပေါက်ကျွေးတာဆိုရင် စာရေးသူတောင် မပြောရသေးဘဲ ပြည်သူကအလိုက်သိပြီး အကွက်ကြိုမြင်နေတာ တွေ့ရပါတယ်။အဆိုပါနေရာမျိုးတွေက ဒန်ပေါက်အောင်မြင်သွားရင် မအလဖက်ဆစ်တွေ သေမှာဖြစ်သလို မအောင်မြင်ခဲ့ရင်တောင် ကြောက်သွားခဲ့ရင် ကလေးမွေးသူ ကုသူရှားသွားမှာပါ။

မအလဟာ လက်နက်ရှိသူနဲ့ဆို ချက်ခြင်းဆွေးနွေးတာ ချင်းနဲ့ စစ်ကိုင်းမှာ ဖြစ်နေတာတွေက ပြနေပါတယ်။

စာရေးသူတို့ လိုနေတာက စစ်ပွဲကို ပြောင်းလဲနိုင်တဲ့ လက်နက်အချို့ပါ။ G7 ကသာ ထောက်ပံ့မယ်ဆိုရင် ဒီမိုတိုက်ပွဲက အချိန်တိုအတွင်းမှာ အမြန်အောင်မှာပါ။ အခြေအနေကတော့ လောလောဆယ်မှာထင်တာထက် အများကြီး ကောင်းနေပါတယ်လို့ ပြောပါရစေ။ ပြည်သူတွေက သူတို့ဖာသာကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး တစ်ပိုင်တစ်နိုင် ဒန်ပေါက်ကျွေးနေလို့ အောင်မြင်မယ်လို့ ယုံကြည်နေပါတယ်။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
May 05, 2021

ဦးမြတ်!! အခြေအနေ ကောင်း ပါသည်ဟု ဖြေလိုက်ရပါသည်။ လူသားဆန်သူတွေ ဦးဆောင်သောကြောင့်ပါ။ လူသားဆန်သူတွေမှာ လောဘ ဒေါသ ရှိသလို အလောဘ၊ အဒေါသ၊အမောဟ ဆိုသည့်**ဟိတ်ကောင်းတွေ**ရာနှုံးပြည့်ရှိသောကြောင့်။ လူဖြစ်ငြား မသိဆိုးရွား လူသားများကတော့ ဟိတ်ကောင်းဖြစ်သော အလောဘ အဒေါသ အမောဟ မရှိသည့်ပြင် လောဘတွေ ဒေါသတွေအားကြီး ပမှန်မမြင်နိုင်သည့် မောဟ တိမ်များ ဖုံးလွှမ်းထား၍ အရောင် မလင်း ၊ အဆင်း မရှိ ၊ မွဲချာပါဘိ။

~အလောဘ = ပေးကမ်းစွန့်ကြဲခြင်း

~အဒေါသ = အမျက်မရှိ ၊ သနားကြင်နာ စာနာထောက်ထားညှာတာမှု

~အမောဟ = ပကတိအခြေနေမှန်ကို အမှန်အတိုင်း အဂတိမလိုက်ပဲ ရှုမြင်နိုင်မှု။

စီဒီအမ်ဝန်ထမ်းတွေထဲ့မှာ ဆရာဝန်များနှင့် မီးရထားအောက်ခြေဝန်ထမ်းအများစု ပါဝင်လာမှုကို သတိပြုမိမှာပါ။

မိမိ တွေ့မိသမျှပေါ့။ မီးရထားမှာ လမ်းခွဲကိုင်(ယခင်အခေါ် ဂျမဒါ) တွေ ညတာဝန် ထမ်းဆောင်ချိန်မှာ အန္တရာယ်ကင်းဝတ်စုံ(safty coat) { စက်ခေါင်း မီးရောင်အောက်မှာ မီးစုန်းရောင်ပြန်ဝတ်စုံကြောင့် လမ်းခွဲကိုင် တာဝန်ထမ်းဆောင်နေကြောင်း သိရပါသည်}ဝတ်ပြီးမှ တာဝန်ထမ်းဆောင်ရပါသည်။ ရှေးပဝေသဏီအဆက်ဆက် သည်လိုအခွင့်ရေးမျိုး အိပ်မက်မျှပင် မမက်နိုင်ခဲ့။ ရဲဝန်ထမ်း တန်းလျားတွေလည်း တန်းလျားမှသည် တိုက်ပေါ်ဆီထိ တင်ခဲ့ပေးပြီးဖြစ်ပါသည်။

ကျန်းမာရေး အနေနဲ့လည်း ကိုယ်ဝန်ဆောင် ထောက်ပံ့ ပေး ၊ အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း

အခြေခံကအစ ကြင်နာမှုနှင့် ကာကွယ်စောင့်ရှောက်မှုတွေ ပေးခဲ့ပါသည်။

**ကလေးသူငယ်များတောင် လက်သာ ချော့မြူတတ်သူကို ခင် မဝ ၊ မင် မဝ**

တူရာ တူရာ စုတာ သဘာဝပါ။

ကိုမင်းကိုနိုင် ပြောစကား ~ သေနတ်ကို လောက်လေးခွနဲ့ အာခံ ပြန်ပစ်ရမယ့် အခြေအနေမဟုတ်တော့ပါ။ လွတ်မြောက်နယ်မြေလာခဲ့ကြပါ။ သူ၏ ကြင်နာမှုနှင့် စာနာထောက်ထားမှုကို…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page