top of page
Search

အခွန်ကပြောသော စီးပွါးရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 4, 2019
  • 1 min read

ree

အခွန်ကပြောသော စီးပွါးရေး

စာရေးသူက ကမ္ဘာ့ဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က သတင်းအချက်အလက်တွေနဲ့ စီးပွါးရေးတိုးတက်လာတယ်လို့ပြောရင် အဘနဲ့ အဘနွယ်လေးတွေက သူတို့စီးပွါးရေးမကောင်းဘူး နိုင်ငံခြားဘဏ်တွေက အလကားပြောတာ ကျွန်တော်တို့က လက်တွေ့လုပ်နေတာပါ ဘာညာဆိုပြီး ဝင်ရေးလေ့ရှိပါတယ်။

ဒီနေ့မှာတော့ အခွန်ဆောင်တဲ့ ပမာဏနဲ့ စာရင်းထွက်လာပါပြီ။ အခွန်ဆိုတာက ကုမ္ပဏီတွေက မြတ်မှဆောင်ရတာပါ။ ဒီနေရာမှာ စက်သုံးဆီတင်သွင်းရောင်းချတဲ့ အော်လေ့ရှိတဲ့ Denko ကုမ္ပဏီက၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီလီယံ ၄၀ အထက်အများဆုံး အခွန်ဆောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ ၂၀၁၇-၁၈ က ကျပ် ၂၀ ဘီလီယံသာ အခွန်ဆောင်ခဲ့တာပါ။ သူကပိုမြတ်လာလို့ပါ။ ဒါပေမယ့် သူ့ကိုသွားမေးရင် သူဟာ ဘစိန်လက်ထက်ကလောက်တော့ ပိုလျံငွေနည်းသွားပါမယ်။ ဘာလို့လဲဆိုတော့ဘစိန်လက်ထက်မှာက နားလည်မှုလေးတွေရှိတော့ နိုင်ငံတော်ကမရဘဲ အဘနဲ့ ခရိုနီတွေကသာ ရလို့ပါ။ ဒီအခွန်ထမ်းတဲ့ ကိန်းဂဏန်းအရကို စီးပွါးရေးကောင်းလို့ ပိုမြတ်လာလို့ နိုင်ငံတော်က အခွန်ပိုရလာတာပါ။ အခွန်ဆိုတာ မြတ်မှဆောင်တာပါ။

ဒီနေရာမှာ စာရေးသူပတ်ဝန်းကျင်ရဲ့ လက်တွေ့ ဥပမာကို ပြောပြလိုပါတယ်။ ရန်ကုန်မြို့နားက တပ်စခန်းက တပ်ကြပ်ကြီးတစ်ဦးရဲ့သမီးဟာ ယခင်က တပ်ဦးပိုင်ကဖွင့်တဲ့ အထည်ချုပ်မှာ အကပ်နဲ့အလုပ်ရပေမယ့် ယခုအချိန်မှာ လာဖွင့်တဲ့ အထည်ချုပ်စက်ရုံတွေများလို့ ဦးပိုင်ကထွက်ပြီး အပြင်မှာလုပ်တာ ၃ သိန်းအထက်ရနေပါတယ်။ သူကဆရာရေ ကျွန်တော်တို့မိသားစုတော့ ဒီအစိုးရတက်လာမှအဆင်ပိုပြေလာတယ်လို့ ပြောပါတယ်။

နောက်တစ်ယောက်ကတော့ ယခင်က ဘစိန်လက်ထက် ဒုဝန်ကြီးအမျိုးရင်းထောင်ထားတဲ့ဆောက်လုပ်ရေးကုမ္ပဏီပါ။ ဖြိုးကိုကိုတင့်ဆန်းတို့လိုပေါ့။ သူကဆရာဝန်ဘွဲ့ရပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ပါတယ်။ ယခင်က လုပ်ငန်းတွေကို လက်ကားကန်ထရိုက်ယူ ပြီးရင် လက်လီပြန်ချပြီးအမြတ်ရနေသူပါ။ ဒီအစိုးရတက်လာချိန်မှာ ယခင်ကလိုမရဘဲ တင်ဒါခေါ်လို့ အဲ့ဒီတင်ဒါကိုဖြတ်တာတောင် အခက်အခဲလိုဖြစ်လာပါတယ်။ နောက် တင်ဒါအောင်လို့ဆောက်ရင်လဲ အရည်အသွေးက ခိုမရလို့ သူ့အတွက်အမြတ်ကနည်းသွားပါတယ်။ သူ့စီးပွါးပျက်သလို သူနဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေးသမားတွေ၊ အလုပ်သမားတွေလဲ ထိပါတယ်။ အချို့အင်ဂျင်နီယာလေးတွေက သူ့ကုမ္ပဏီက ထွက်အပြီး သူတို့ကိုယ်တိုင် လေလံစွဲရာမှာ ပိုအဆင်ပြေပြီး လုပ်ငန်းရှင်ဖြစ်လာသူတွေလဲ ရှိပါတယ်။ ဒီနေရာမှာ ဦးပိုင်က အခွန်ဆောင်တာလဲ နည်းလာတာတွေ့းပါတယ်။ သူလဲ ယခင်ကလောက် မပိုင်တော့လို့ပါ။ ဥပမာ မီတာကိစ္စမျိုးပေါ့။

အကျဉ်းချုပ်ရရင် ယခုအစိုးရလက်ထက်မှာ အခွန်တွေပိုရလာတာက စီးပွါးရေးကောင်းတာရဲ့လက္ခဏာပါ။ နောက်တစ်ခုက လုပ်ငန်းရှင်တွေရဲ့ တိုင်းပြည်ကို အခွန်ဆောင်ရမယ်ဆိုတဲ့ အသိစိတ်ဝင်လာတာလဲ တိုင်းပြည်အတွက် ကောင်းပါတယ်။ ဟို ခီမောင်နှံ အခွန်ဆောင်တာပြောလို့ အဘရဲ့ သမီးကုမ္ပဏီက အခွန်ဘယ်လောက်ဆောင်ထားလဲတော့ ရိုးသားစွာ သိချင်မိပါတယ်။

News Source Credit: 7 Day Daily

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page