အခက်အခဲမှသည် အခွင့်အလမ်းသို့
- Myat Tun Oo
- Mar 31, 2020
- 1 min read
ယခုအချိန်မှာ ကမ္ဘာ့ကပ်ရောဂါဟာ မြန်မာပြည်ကိုလဲ ဖြေးဖြေးချင်း ဝင်လာနေပါတယ်။ ရောဂါစတွေ့သူဟာ ယခုအချိန်မှာတော့ ၁၄ ယောက်အထိ တွေ့လာပါပြီ။ ဒီရောဂါဟာ စာရေးသူတို့လို နိုင်ငံအတွက်စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။
ရောဂါကုသရေးအပိုင်းကတော့ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နေပါတယ်။ ဒီအချိန်မှာ ဆန္ဒပြတာတွေ အိမ်မှာသီးခြား ခွဲထားရင် မနေဘဲ ထွက်ပြေးတာတွေ ရှိနိုင်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက တာဝန်ယူပြီး လုပ်ဆောင်ဖို့ လိုလာပါတယ်။
ဒီအခက်အခဲဟာ လက်ရှိတပ်ချုပ်အတွက် အစိုးရနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုတာကိုပြဖို့အခွင့်အလမ်းလို့ ထင်ပါတယ်။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ကာလုံခေါ်မှဆိုတဲ့ နည်းလမ်းကိုရွေးရင်တော့ ပြည်သူနဲ့ ပိုဝေးသွားပါ့မယ်။ ဖြစ်သင့်တာက တပ်ချုပ်အနေနဲ့ မိမိထက် အသက်အရရောဝါအရပါကြီးတဲ့ သမ္မတနဲ့ အတိုင်ပင်ခံကို သွားတွေ့ပြီး လိုအပ်တာကူညီပေးပြီး ပူးပေါင်းဆောင်ရွက်ရင် တိုင်းပြည်အတွက် ပိုအကျိုးရှိနိုင်သလို ယုံကြည်မှုတည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်။
ဒီအခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲအသုံးချနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Photo credit : Frontier Myanmar
Comments