top of page
Search

အကြမ်းဖက်သမားသုံးယောက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 20, 2021
  • 1 min read


မြန်မာပြည်မှာ သမ္မတရူးတာက မအလပါ။ ဒီကိစ္စတွေကို အကောင်အထည်ဖော်ဖို့ အဓိကလုပ်ပေးနေတာက တပ်ချုပ်ရူး လက်ရှိစစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စရဖထောက်လှမ်းရေးက ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ပါ။ သူတို့ဟာ S1 နဲ့ S2 ပုံစံနဲ့ တိုင်းပြည်မှာအကြမ်းဖက်တာတွေကို အဓိကအမိန့်ပေး လုပ်ဆောင်နေသူများပါ။ မိုးမြင့်ထွန်းဟာ အာဏာမသိမ်းခသ် အစိုးရအဖွဲ့နဲ့ တွေ့ချိန်မှာ ဦးဆောင်ခဲ့သူပါ။ နောက်အာဏာသိမ်းတာ သမ္မတအိမ်ကို ဝင်စီးတာတွေကို အနီးကပ်လုပ်ဆောင်ခဲ့သူပါ။

မအလဟာ တိုင်းပြည်ကို မတ်လ ၂၇ ရက်မတိုင်မှီ ပုံမှန်အခြေအနေ ပြန်ရောက်ရမယ်လို့ အမိန့်ပေးထားလို့ အောက်ခြေက ရသမျှ အကြမ်းဖက်နည်းတွေကိုသုံးပြီး ပြည်သူတွေက ကြောက်သွားရင် ဆန္ဒပြတာ ရပ်သွားမယ်လို့ တွက်ထားပါတယ်။ နောက်ယခင်က ဥပမာတွေကိုကြည့်ပြီး မြန်မာလူမျိုးကကြာရင်မေ့သွားမယ်ဆိုတာနဲ့ ခွင့်လွှတ်တတ်တယ်ဆိုတာကို အခွင့်ကောင်းယူပြီး အကြမ်းဖက်နေတာပါ။ သူက Dr Sasa ကို နိုင်ငံခြား​ရောက်သူမိုလို့ ဘာမှလုပ်မရမှန်းသိပေမယ့် CRPH က လူတွေကို အမြန်လိုက်ဖမ်းခိုင်းဖို့ အောက်ခြေစရဖနဲ့ သတင်းတပ်ဖွဲ့ကို ဖိအားတွေပေးနေပါတယ်။ ဒါ့ကြောင့်လူမဆန်စွာပစ်သတ်တာတွေ ညှင်းပန်းနှိပ်စက်တာတွေကနေ အသေအပျောက်တွေ များနေပါတယ်။ သူကဖမ်းချိန်မှာ တိုင်းဒေသကြီး ဝန်ကြီးအဆင့်တွေတောင် ခေါင်းကိုအိပ်နဲ့စွတ်ပြီး ဖမ်းခဲ့တာပါ။

ယခုလို အသေအပျောက်များတာတွေလာပြောရင် ဒုချုပ်ကိုသာ နားထောင်ခိုင်းလေ့ရှိပေမယ့် အာဆီယံကာချုပ်အစည်းအဝေးကို မအလတက်ချိန်မှာ သူ့ကို စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားက ကာချုပ်တွေက လူတွေကိုပစ်တာဟာ လူမဆန်ကြောင်း မပစ်သင့်ကြောင်း ပေါ်တင်ပြောလို့ သူအလွန်ဒေါသထွက် စိတ်ဆိုးသွားတယ်လို့ သိရပါတယ်။

ယခုအချိန်မှာ သူဂရုစိုက်နေတာက အမေရိကန် ဧပြီလဆန်း စစ်ရေးလေ့ကျင့်ပွဲမစခင်မှာ ဆန္ဒပြပွဲတွေပြီးနေဖို့ပါ။ ပြဿနာက အကယ်၍ ဧပြီလဆန်းမှာ လူအုပ်အကြီးကြီးနဲ့ ဆန္ဒပြခဲ့လို့ ယခုလို ပစ်ခဲ့ရရင်အနောက်နိုင်ငံတွေရဲ့ တုန့်ပြန်မှုဟာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်တာပါ။ ခုလောလောဆယ်မှာတော့ သူ့ရဲ့ နေပြည်တော်သမ္မတအိမ်သွားရာလမ်း၊ စစ်ဌာနချုပ်၊ ပြီးရင် သူ့ရုံးစိုက်ရာနေရာကို အထပ်ထပ်အစောင့်ချပြီး နေနေရတာပါ။

အဘကို အတွင်းကရန်မူမလား အပြင်က ရန်မူမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ မအလသွားနေတဲ့လမ်းကတော့ ပြန်လမ်းမရှိဘဲ သူသေကိုယ်သေ တိုက်ရမယ့်ပွဲလို့သာ ပြောပါရစေ။

နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။ ဒီပဲရင်းလိုသွေးနီရင် အောင်ပွဲက မဝေးတော့ပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page