top of page
Search

အကြမ်းဖက်သမားနဲ့ စေ့စပ်မှာလား?

Writer's picture: Myat Tun OoMyat Tun Oo

အကြမ်းဖက်သမားတွေဟာ လူတွေကို ဓားစာခံဖမ်းပြီး သူတို့လိုချင်တာကို တောင်းလေ့ရှိပါတယ်။ ဒီမိုနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊အင်္ဂလိပ်နဲ့ ဒီမိုစစ်စစ်မဟုတ်တဲ့ ရုရှားတို့က အကြမ်းဖက်သမားနဲ့ စေ့စပ်ဆွေးနွေးတာကို လုပ်လေ့မရှိပါ။ အစ္စရေးကတော့ အပေးအယူလုပ် ဓားစာခံလဲလေ့ရှိပါတယ်။ ဥပမာအီရတ်မှာ ISIS က အင်္ဂလိပ်နဲ့ အမေရိကန်လူမျိုးတွေကိုဖမ်းပြီး ခြိမ်းခြောက်ချိန်မှာ သူတို့ကတိုက်ခဲ့ပါတယ်။ ရုရှားကလဲ ချေချင်ညာမှာ ဒီလိုဘဲ လုပ်ခဲ့ပါတယ်။ ရုရှားကဆို ကျောင်းမှာလူတွေအများကြီးသေတာတောင် အကြမ်းဖက်သမားကို မစေ့စပ်ဘဲ ကျောင်းကို ဝင်စီးခဲ့ပါတယ်။

ယခုမအလတပ်ဟာ ပြည်သူရှိတဲ့နေရာမှာ တပ်စွဲတာ၊ ဥပမာကျောင်းမှာတပ်စွဲပြီး သူ့ကိုတိုက်ရင်ကျောင်းကိုထိအောင် ဓားစာခံထားတာ စစ်ကြောင်းထိုးရာမှာ လူသားဒိုင်းအဖြစ် အရပ်သားတွေကိုအကာအကွယ်ယူတာတွေလုပ်ပြီး အကြမ်းဖက်မှုကျူးလွန်ပါတယ်။ သူ့ဖက်ဆစ်တပ် အတိုက်ခံရရင်လဲ အနီးအနားကရွာတွေကို လုယက်တာ၊ မီးရှို့တာ၊ မုဒိမ်းကျင့်တာတွေကို ISIS အကြမ်းဖက်အဖွဲ့လိုလုပ်ပြီး တုန့်ပြန်လေ့ရှိပါတယ်။

ဒီနေရာမှာ မအလအလိုတော်ရိတွေပြောတာက မအလတပ်ကို သွားမထိနဲ့ ကြားကပြည်သူတွေနာမယ်ဆိုတဲ့ဆင်ခြေပါ။ ဒါကို ဘာသာပြန်လိုက်ရင် ဘင်လာဒင်ကို သွားမထိနဲ့ ISIS ကို သွားမထိနဲ့ ပြည်သူတွေနာမယ်ဆိုတာပါ။ သူတို့က သူတို့ပြောစကား နားဝင်လာရင် နောက်တဆင့်တက်ပြီးပြောမှာက ဘင်ဘာဒင်တောင်းဆိုတာကို လိုက်လျောလိုက်ပါ ISIS တောင်းဆိုတာကို လိုက်လျောလိုက်ပါ မအလအကြမ်းဖက်သမားတောင်းဆိုတာကို လိုက်လျောလိုက်ပါဆိုတာပါ။

ကမ္ဘာ့သမိုင်းကို ပြန်လေ့လာရင် အင်္ဂလိပ်ဟာ ဟစ်တလာတောင်းဆိုတာက မတရားမှန်းသိလို့ သူ့ကိုပြန်ချရပြီး ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့ရတာပါ။ လူများစွာသေခဲ့ပါတယ်။ ထို့အတူပါဘဲ အမေရိကန်၊ အင်္ဂလိပ်လဲ ဘင်လာဒင်လို အကြမ်းဖက်သမားတောင်းဆိုတာကို မလိုက်လျောနိုင်လို့ အာဖဂန်ကိုဝင်တိုက်ခဲ့ရတာပါ။ လူများစွာသေခဲ့ရပါတယ်။ စာရေးသူတို့တိုင်းပြည်မှာလဲ မအလဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်မှုကို စေ့စပ်ဆွေးနွေးစရာမလိုဘဲ တိုက်စရာရှိတာကို ပြတ်ပြတ်သားသား ဆက်တိုက်ကြရမှာပါ။ အမေရိကန်နဲ့ အင်္ဂလိပ်လုပ်သလို ရန်သူက ပြည်သူကို ဓားစာခံထားလဲ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းရမှာပါ။ ရန်သူဟာ သူနဲ့ သူ့မိသားစု၊ သူ့အိုးအိမ်ထိမှ၊ သူ့အသက်ထိမှ ကြောက်တတ်တယ်ဆိုတာကို မြဲမြဲမှတ်ထားကြပါ။ အကြမ်းဖက်သမားဆိုတာက လူသားဒိုင်းကာလို့ မတိုက်မှန်းသိရင် လူသားဒိုင်းကိုဆက်သုံးတတ်ပါတယ်။ အကြမ်းဖက်သမားနဲ့ ဆွေးနွေးရမယ့်အချိန်က ဘယ်အချိန်ဘယ်လိုလက်နက်ချမလဲဆိုတာသာပါလို့ ပြောပါရစေ။

660 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

1 Comment


Myint Soe Oo
Myint Soe Oo
Feb 06, 2022

ဦးမြတ်!!!စစ်ကိုင်းတိုင်းတွင်းရှိ ပြည်သူများ၏ အမြင်ကတော့ တပ်ရဲ့ဗျုဟာ ပြောင်းသွားပြီလို့ သုံးသပ်နေကြပါပြီ။

ရွာတွေ့ရင် မီးရှို့၊ ပြည်သူကို ပစ်မှတ်ထားလာပြီဟု မြို့နယ်တစ်ခုရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါသည်။

လတ်တလော ကိုင်းတွင်းရွာနဲ့ လှော်ကားကြီးရွာ မီးရှို့မှုမှာ~

ထူးခြားချက်ကတော့ စစ်ယူနီဖောင်းချွတ်မီးရှို့ပါတယ်။ နောက် ဓါတ်ပုံရိုက်ယူပါတယ်။ အဲဒီနောက် စစ်ယူနီဖေါင်း ဝတ်ထားသူတွေက ရေနဲ့ ငြိမ်းသတ်နေပုံကိုလည်း ဓါတ်ပုံရိုက်ယူသွားသည်ဟု ဆိုပါသည်။

ကိုယ့်အိမ် သံယောဇဉ်မပြတ်နိုင်လို့ ဘေး

အန္တရာယ်ကြားကနေ ပြန်ချောင်းကြည့်ခဲ့တဲ့ ရွာသားတစ်ချို့ရဲ့ ပြောပြချက်ကို ပြန်ကြားရပါတယ်ဟု

ပုလဲမြို့နယ် သတင်းစုံ စာမျက်နှာတွင် ဖော်ပြထားပါသည်။

မလဲသာ ကန်ရင်းရွာမှာ ငွေထုပ်အချီကြီး ပိုက်၊ ရခဲ့ကြတဲ့ အရသာကို သိသွားကြပါသည်။

မင်းတိုင်ပင်ရွာက ဓနဥစ္စာများကိုလည်း ပျူရွာဖြစ်သော အင်းမထီးရွာသို့ ကားများဖြင့် သယ်ယူကြောင်းပါ ဖော်ပြထားပါသည်။အင်တာနက်ဖြတ် ၊ဖုန်းတွေ သိမ်းတာသည် သည်အကြောင်းရင်းခံများလည်း ပါဝင်နိုင်သည်ဟု မြင်မိပါသည်။

သည်လို အကျင့်၊ သည်လို လူတွေနှင့် စေ့စပ်ညှိနှိုင်းရန်ဆိုသည်မှာ မဖြစ်နိုင်တော့ပါ။ သူတို့က အရသာကို ကောင်းကောင်းကြီး သိ သွားပါပြီ။ ရွှေငွေအပြင် စားစရာအတွက် အစို အခြောက် ရိက္ခါလည်း မခက်သည့်အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် ပိုမိုဆိုးရွား တိုး တိုးပြီးတော့သာ လုပ်နေပါလိမ့်မည်ဟု မြင်မိပါသည်။

မလှုပ်သေးသော တိုင်းတချို့၏ တချို့သောမြို့နယ်များ ၊ကျေးရွာများ အားနည်းချက်လည်း ပါဝင်ပါသည်။

အလယ်ပိုင်းဒေသတချို့မြို့ ရွာတွေမှာ

(ဟိုဖက်လတွေက) မင်္ဂလာဆောင်လို့ ကောင်းတုန်း၊ ဆိုင်းတွေနဲ့ ဝိုင်းတွေနဲ့ ××ကောင်းတုန်း။

မညီညာလျှင် ပြည် မသာနိုင်ပါ ဟူ၍သာ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page