top of page
Search
  • Writer's pictureMyat Tun Oo

အကြမ်းဖက်သမားထောက်ပံ့သူတွေကို ဘယ်လိုအရေးယူမလဲ?


မအလတပ်ဟာ အကြမ်းဖက်သူပုန်တပ်ပါ။ ဒါဟာအဖြူအမဲလို ထင်ရှားပါတယ်။ မအလကိုအကြမ်းဖက်သမားလို့ မထင်ရင် သင်ဟာအကြမ်းဖက်သမားပါ။ မအလကိုထောက်ခံရင် ဘုန်းကြီးဆိုလဲ ဘုန်းကြီးတုပါ။ ဒါဆိုအကြမ်းဖက်သမားကို ဘယ်လိုချေမှုန်းမလဲ။ အကြမ်းဖက်သမားဟာအကြမ်းဖက်လုပ်ရပ်ကို လုပ်နိုင်ဖို့အတွက် လက်နက်လိုပါတယ်။ လက်နက်ဝယ်ယူဖို့ ငွေလိုပါတယ်။စားစရာလိုပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ယဉ်တွေမောင်းဖို့ ဆီလိုပါတယ်။ အကြမ်းဖက်သမားကို ငွေကြေးထောက်ပံ့သူ အကြမ်းဖက်သမားအောက်မှာ အမှုထမ်းသူတွေဟာ အကြမ်းဖက်အဖွဲ့ဝင်တွေပါ။

မြန်မာပြည်မှာ NUG က တရားဝင်အစိုးရပါ။ တရားဝင်အစိုးရကို အခွန်ဆောင်ရပါမယ်။ မအလကိုကြောက်လို့ဆိုရင် NUG ကိုလဲ ဘဏ်တွေ လုပ်ငန်းရှင်တွေက ကြောက်ပြီးအခွန်ဆောင်ရပါမယ်။ NUG ကို အခွန်မဆောင်ဘဲ မအလကိုသာ အခွန်ဆောင်ခဲ့ရင် ဒါဟာ အကြမ်းဖက်အားပေးတာပါ။ အချို့က ဒီလုပ်ငန်းရှင်တွေကို သွားမထိနဲ့ ပြည်သူထိခိုက်မယ်ဘာညာ ပြောကြပါတယ်။ စာရေးသူတို့ဟာ အခွန်မဆောင်ရင် ဘယ်စီးပွါးရေးလုပ်ငန်းရှင်ကိုမဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ထိရောက်စွာအရေးယူရပါမယ်။ မအလဟာ NUG ထောက်ခံသူအိမ်ကိုပိတ်တာ၊ စီးပွါးရေးကိုပိတ်တာ၊ လူကိုသတ်တာ၊ ပစ္စည်းယူတာတွေလုပ်နေတာပါ။

လောင်စာဆီနဲ့ပတ်သက်လို့ စီးပွါးရေးသမားတွေက သူတို့ကိုထိရင် ပြည်သူ့အတွက်ဘာညာဆိုပြီး လဒမျက်ရည်နဲ့ ငိုပြကြပါတယ်။ အပစ်မခံရရင် အဆိုပါဆီက မအလတပ်ထဲကို ရောက်သွားပြီး လေယဉ်ဆီ၊ တင့်ကားဆီအနေနဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ရာမှာ သုံးပါတယ်။ ဒီနေရာမှာ စာရေးသူအနေနဲ့ သူတို့ဆီကားတွေနဲ့ သူတို့ကို ဘာလုပ်ပါ ညာလုပ်ပါမပြောလိုပါ။ သူတို့တွေဟာ သူတို့ဖွင့်တဲ့ဆီဆိုင်တွေ၊ ဘဏ်တွေအတွက် ပြည်သူ့အစိုးရ NUG ကို အခွန်ဆောင်ရပါမယ်။ ပြည်သူ့အစိုးရ NUG ကိုအခွန်မဆောင်ဘဲ မအလကိုသာအခွန်ဆောင်ရင်တော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ သူတို့ရဲ့ဆိုင်တွေဆီသယ်ကားတွေကို ပိတ်သိမ်းတဲ့အထိ NUG နဲ့ သူ့လက်အောက်က ပြည်သူ့ရဲတွေကအရေးယူပေးရပါမယ်။ လေးကေ့ကော်ပေါ် လေယဉ်ရောက်မှ အရေးယူရင် သိပ်နောက်ကျသွားပါလိမ့်မယ်။ မီးဆိုတာ မလောင်ခင်ကတားရပါတယ်။ စစ်ပွဲဆိုတာ အကြမ်းဖက်သမားဆိုတာအကြမ်းဖက်သမား နှိမ်နင်းသလို နှိမ်နင်းရပါတယ်။ ကြောက်လို့ မအလကိုအခွန်ဆောင်တဲ့ ခရိုနီခေတ်က ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။ NUG ကို အခွန်မဆောင်ရင် ဘယ်လောက်ကြီးတဲ့ဘဏ်ဖြစ်ပါစေ ဆီကုမ္ပဏီဖြစ်ပါစေ ခရိုနီဖြစ်ပါစေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမှာပါ။

ခရိုနီတွေအနေနဲ့ အခွန်ဆောင်လိုရင် နိုင်ငံခြားက NUG ရဲ့ အခွန်စာမျက်နှာကနေ အခွန်ဆောင်လို့ရပါတယ်။ အခွန်မဆောင်ရင် ပြီးမှ မငိုပါနဲ့။ NUG ကို လေထဲကအစိုးရလို့ထင်ရင် စမ်းကြည့်လိုက်ပါ။အကြမ်းဖက်သမား မအလကို အားပေးထောက်ပံ့ပြီး မအလကိုသုအခွန်ဆောင် NUG ကို အခွန်မဆောင်ရင် သင်နဲ့ သင့်စီးပွါးရေးကို အကြမ်းဖက်မှု ဥပဒေနဲ့ အရေးယူရပါလိမ့်မယ်။ ဒါဟာနောက်ဆုံးအကြိမ်သတိပေးတာပါ။ ခရိုနီကြီးများက စာတတ်မှာပါ။

အခွန်ဆောင်လိုသော ခရိုနီများ NUG အစိုးရရဲ့ စာမျက်နှာ https://ird.nug-mm.net ကိုသွားအခွန်ဆောင်ပါ။

NUG ရဲ့ တော်လှန်ရေးမိသားစုဝင်ဖြစ်လိုသော ခရိုနီများ ဒီစာမျက်မှာကနေ မိမိနိုင်ငံခြားရောက်မိသားစုများကတဆင့် ပါဝင်အခွန်ဆောင်ပါ။ https://ofp.crphmyanmar.org

(credit: DVB News)

1,064 views1 comment

Recent Posts

See All
bottom of page