top of page
Search

အကြမ်းဖက်လုပ်ငန်းများကြေညာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 25, 2022
  • 1 min read

စာရေးသူတို့ ပြည်သူတွေအတွက် NUG က ဘယ်အဖွဲ့တွေဟာ အကြမ်းဖက်လုပ်ငန်းအဖွဲ့ဆိုတာကြေညာသွားပါပြီ။ ဒီအဖွဲ့တွေက ပြည်သူတွေကို ဗုံးကြဲသတ်နေတဲ့ မအလတပ်ကို လေယာဉ်ဆီထောက်ပံ့ပါတယ်။


  1. Yangon Aerodrome Company Ltd (Subsidiary of Asia World Group)

  2. Asia Sun Energy PUMA

  3. Myat Myittar Mon Group of Companies မြတ်မေတ္တာမွန်ဆီဆိုင်


ဒါကြောင့်မိုလို့ အဆိုပါကုမ္ပဏီတွေကို ပြည်သူတွေက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူရပါမယ်။ မြတ်မေတ္တာမွန်ပိုင်ရှင်ဒေါက်တာဝင်းမြင့်က အမာခံဖွတ်ဖြစ်ပြီး NLD အစိုးရကို အဓိကဝေဖန်ခဲ့သူပါ။ သူ့လုပ်ငန်းကအကြမ်းဖက် နံပတ်တစ်ပါ။


NUG ကြေညာတဲ့အထဲမပါတာက ရွေဗျိုင်းဖြူနဲ့ OK စက်သုံးဆီလုပ်ငန်းပါ။ ဒါတွေက မအလတပ်ကပိုင်ပါတယ်။ တပ်ကို တိုက်ရိုက်သွင်းပါတယ်။ သူတို့ကိုလဲ NUG က ဆက်စုံစမ်းပါ။


အခြားဆီဆိုင်ကုမ္ပဏီတွေ


ဦးချစ်ခိုင်၏ Denko စက်သုံးဆီ လုပ်ငန်း၊

ဦးဇော်ဇော်၏ MAX Energy ၊

ဦးအိုက်ထွန်း၏ ST Oil ၊

ဦးသန်းမြင့်၏ Green Luck ၊

ထူး၏ ထူးစက်သုံးဆီ


အခွန်ဆောင်ဖို့ စာရေးသူတို့ ပညာပေးထားပါတယ်။ ဒီနှစ်မတ်လကုန်လို့မှ NUG အစိုးရကို အခွန်မဆောင်ခဲ့ရင် ကျန်စက်သုံးဆီကုမ္ပဏီတွေကို အခွန်ဥပဒေအရ အရေးယူရမှာပါ။ တော်လှန်ရေးမှာမပြတ်သားရင် ခံရပါမယ်။

အဆိုပါခရိုနီတွေက မအလကိုကြောက်လို့ အခွန်ဆောင်ရပါတယ်ပြောရင် သူတို့ကလဲ NUG ကိုကြောက်လာအောင် လုပ်ပေးရမှာပါ။ ကုမ္ပဏီတွေက သူတို့ဝန်ထမ်းတွေ မိသားစုတွေ ထိပါမယ် ဘာညာမျက်ရည်ခံထိုးမှာပါ။ စာရေးသူပြောလိုတာက ဝန်ထမ်းတွေမထိခိုက်စေချင်ရင် အခွန်ဆောင်ပါလို့ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page