top of page
Search

အကြမ်းဖက်တပ်အား မွေးဖွားပေးသူ (သို့) မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 28, 2021
  • 1 min read

မအလဂျပုတပ်လာချိန်မှာ သူက Standard army ကိုပြောင်းမယ်ဆိုပြီး ကြွေးကြော်ပါတယ်။၂၀၂၁ မှာ တွေ့လာရတာက နိုင်ငံခြားကျူးကျော်တပ်တဲ့ဆိုးတဲ့ အကြမ်းဖက်စစ်တပ်ပါ။ ဘာ့ကြောင့်လဲ?

အာဏာသိမ်းချိန်မှာ ယူနီဖောင်းအသစ်တွေနဲ့ မြို့ကြီးတွေရဲ့ လမ်းမတွေပေါ်မှာ မအလတပ်ကို တွေ့ခဲ့ရပါတယ်။ လက်နက်မဲ့ပြည်သူတွေကို ပစ်တယ်၊ မိုက်ကြေးခွဲတယ်၊ အိမ်တွေ ကားတွေကိုဖျက်တယ်။ ဆန္ဒပြသူကို ရက်ရက်စက်စက် ရိုက်တယ်။ ပစ်သတ်တယ်။ အိမ်တွေကိုဖျက်စီးတယ်။ နောက်ပိုင်းမှာ ဗုံးထောင်တာ မိုင်းထောင်တာတွေပါ လုပ်လာခဲ့ပါတယ်။ ရွာတွေကို မီးရှို့တယ်။ ရွာသူတွေကို မုဒိမ်းကျင့်တယ်။ ဒါက ဟိုအီရတ်မှာ ISIS အဖွဲ့လုပ်တာနဲ့သွားဆင်ပါတယ်။ ဒါတွေဟာ စစ်ဥပဒေကိုမလိုက်နာ စစ်သည်တော်ကျင့်ဝတ်ကို မလိုက်နာဘဲ တိုင်းပြည်ကို သစ္စာဖောက်ပြီး မိမိလူမျိုး ဗမာ၊ ဗုဒ္ဓဘာသာတွေကိုတောင် ဗြောင်ကျကျဗိုလ်ကျအနိုင်ကျင့်လာတာပါ။

စစ်ကိုင်းနဲ့ ချင်းမှာ အတိုက်ခံရပြီး အသေများလာတဲ့အခါ ယခုယူနီဖောင်းမဝတ်တော့ဘဲအခြောက်ကဲ့သို့ အရပ်သားဝတ်စုံဝတ်ပြီး ထိုးစစ်ဆင်ဖို့ မအလက ဆုံးဖြတ်ပါတယ်။ အာကာထွန်းဘောင်းဘီက AA တင်မဟုတ်ဘဲ မအလတပ်ကပါ ဝတ်လာပါတယ်။ နောက်အရပ်သားပို့ဆောင်ရေးယဉ်တွေနဲ့ သွားလာတာ ရိက္ခာသယ်တာတွေ လုပ်လာပါတယ်။ ဒါက PDF နဲ့ CDF က သူတို့ကို ပြည်သူနဲ့မှားမှာစိုးလို့ မပစ်ရင် သူတို့အမြတ်ထွက်တယ်ဆိုတဲ့ ယုတ်မာတဲ့အကြံပါ။ ဒါပေမယ့် သူတို့ဟာ မိမိယူနီဖောင်းကို ချွတ်ခြင်းဖြင့် မိမိနောက်ဆုံး ဂုဏ်သိက္ခာကိုပါ ခွါချလာတာပါ။

ဒီနေ့ ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမှာ အရပ်ဝတ်နဲ့ သေနတ်ကိုင်သောင်းကျန်းနေတာပုံဟာ မအလတပ်ဟာ သောင်းကျန်းသူအဆင့်မဟုတ်ဘဲ ISIS ကဲ့သို့ အကြမ်းဖက်အဖွဲ့ကြီး ဖြစ်သွားပြီဆိုတာကို ပြလိုက်တာပါ။ မအလကတော့ standard army မဟုတ်ဘဲအကြမ်းဖက်တပ်အား မွေးဖွားပေးသူအဖြစ် သမိုင်းမှာ ရာဇဝင်တင် ကျန်ရစ်ခဲ့မှာပါလို့ပြောပါရစေ။ ပြည်သူကတော့ သူ့ကို လူ့ပြည်က ဖယ်ရှားဖို့ ရရာနည်းနဲ့ ကူညီကြပါ။ ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 28, 2021

ဦးမြတ်!!!ယ​နေ့မြို့လည်မြင်ကွင်းက​တော့ သည်အသက်အရွယ်မှာ ပထမဆုံးမြင်ရတဲ့ မြင်ကွင်းမို့ တကယ့်တုန်လှုပ်စရာ ြမင်ကွင်းပါ။ ယုတ်မာရုံမက ရိုင်းစိုင်းလွန်းလှပါြပီ။အသက်​ပေးရသူ​တွေထဲမှာ ငယ်ရွယ်သူ ပညာတတ်​တွေ မြင်ရတိုင်း ဆို့နင့်​ကြေကွဲရပါြပီ။

သည်တခါ​တော့ အမြင်ကွဲလွဲခွင့်ပြုပါ။

UN ဆိုတဲ့ ကုလ အသုံးမကျလို့ သည်​လောက်ထိ အတင့်ရဲ ယုတ်မာရိုင်းစိုင်း

ရဲခြင်းြဖစ်ပါသည်။

ယ​နေ့ ဆီ​စျေး​ကြောင့် ဆိုင်ကယ်အသုံးပြုပြီး ရွာက​နေ မြို့တက်လာလုပ်တဲ့အလုပ်သမား စတင်ညည်းတွားစပြုပါပြီ။ ​​နောက်ဆက်တွဲ ဆီ​စျေးမြင့်ရင် ဆန်ဆီ အချုိးကျ လိုက်တက်ပါ​တော့မယ်။

တတိုင်းပြည်လုံးကို ​ငွေနဲ့ ဖိသတ်​တော့မည်ဟု မြင်​ယောင်မိပါသည်။

ကုလ​နောက်ကွယ်က လက်မည်းမည်းကြီးရဲ့ လက်ချက်ဆိုတာ သိသာလွန်းပါသည်။ခုဟာက စကစအပြင် လက်မည်းကြီးနဲ့ပါ တိုက်​နေရတာပါ။

စစ်​ရေးဆိုတာ အ​တွေ့အကြုံလုံးဝမရိှတဲ့

မြန်မာြပည် အလယ်အထက်ပိုင်းက​တော့

ရာဇဝင်တွင်ခဲ့ရပါြပီ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page