top of page
Search

အကောင်းဆုံး အရှုံးသမားဖြစ်ပါစေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 27, 2020
  • 1 min read

၂၀၂၀ ရွေးကောက်ပွဲကို အဘက အများကြီး မျှော်လင့်ခဲ့ပါတယ်။ သူမျှော်လင့်ရတဲ့ အကြောင်းလေးတွေလဲ အများကြီး ရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ပြန်သုံးသပ်ပြီး အွန်လိုင်းပေါ်ကအားနည်းတာကလဲ အကြောင်းတစ်ခုအနေနဲ့ သုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် အဘတပည့်တွေက အင်တာနက်တပ်ရင်းတွေဖွင့်ပြီး အကောင့်များစွာ ဖွင့်ခဲ့ပါတယ်။ သူတို့ဟာ လိုင်းပေါ်မှာ အစိုးရမကောင်းကြောင်း မျိုးစုံရေးပြီး အစိုးရကို အပုတ်ချသူ မည်သူ့ကိုမဆို like ပေးခြင်း၊ ရှယ်ခြင်းဖြင့် လူသိများအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့် လိုင်းပေါ်က မန့်တွေကိုကြည့်ရင် NLD အစိုးရက ချက်ခြင်းကို ခွက်ခွက်လန်အောင် ရှုံးတော့မလိုပါ။ သူတို့ဟာ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေက ခြေဥအရ မလုပ်နိုင်တာတွေကို သူတို့က စီမံခန့် ခွဲမှုမတတ်သလို ရေးပြီး နာမည်ဖျက်ပါတယ်။ ကောလဟာလတွေမျိုးစုံထုတ်ပါတယ်။ ဒါက အကောင့်တုကနေ လုပ်လိုက်တာပါ။ အဲ့ဒီကနေလဲ အဘတွေကတော်တယ်စီမံခန့်ခွဲမှုကောင်းတယ်ဆိုတဲ့ ရူးကြောင်ကြောင် အယူအဆတွေကို တင်ပါတယ်။


ဒုတိယက မီဒီယာပါ။ မီဒီယာမှာက နိုင်ငံခြားထောက်ပံ့ခံ၊ အဘထောက်ပံ့ခံ၊ သူပုန်ထောက်ပံ့ခံနဲ့Myanmar Now လို ပြည်သူ့ထောက်ပံ့ခံဆိုပြီး ကွဲသွားပါတယ်။ အများစုက အစိုးရကို ထောက်ပြဝေဖန်ရမယ်ဆိုပြီး အစိုးရမကောင်းပြောသူကို ရှာပြီးဗျူးပါတယ်။ ဒါ့ကြောင့် မီဒီယာပေါ်တက်လာတဲ့ အမြင်တွေဟာ အစိုးရမကောင်းကြောင်းတွေပါ။ ဒါတွေကိုကြည့်ပြီး အဘက ဖီးတွေတက် သမ္မတအိပ်မက်ကအရှိန်တက်လာခဲ့ပါတယ်။


တတိယက စကားဝိုင်းတွေနဲ့ နိုင်ငံရေးသုံးသပ်သူများပါ။ စကားဝိုင်းမှာ တက်ပြောသူအများစုဟာအစိုးရကို ဝေဖန်သူများပါ။ သူတို့ဟာ ပါတီထောင်ဖို့စိတ်ကူးရှိသူ အများစုပါ။ အဆိုပါသူတွေကလဲ မီဒီယာ၊ လိုင်းပေါ်ကမန့်ကို အခြေခံလို့ မိမိတို့အချင်းချင်း ပြန်ပြောပြီး ညွန့်ပေါင်းက သေချာနေခဲ့ပါတယ်။

အဆိုပါလူအားလုံးအဖြစ်က ဘာနဲ့တူသလဲဆိုတော့ ၁၀ တန်းတောင်အောင်ဖို့ မသေချာသူကို ဂုဏ်ထူးထွက်မယ်လို့ ဝိုင်းပြောခဲ့သလိုပါ။

စာရေးသူတို့က NLD ဟာ ယခင်အတိုင်းနိုင်မယ်လို့ ရေးရင်တောင် နီပေါတွေ၊ နီပိန်းတွေ မင်းတို့ကြောင့်NLD ရှုံးမှာဆိုပြီး ဝိုင်းပြောခဲ့ကြပါတယ်။


၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာတော့ မိမိကလေးကို ဂုဏ်ထူးထွက်မယ်လို့ အပြောခံထားရသူက မိမိကလေးဟာ ၁၀ တန်းတောင်မအောင်တာ သိလိုက်ရသလို NLD ပါတီဟာ မိုးပြိုအောင်နိုင်ပြီး ဖွတ်တွေဟာ ရှုံးရပါတော့တယ်။ ယခုအချိန်မှာ အဘနဲ့ဖွတ်တို့အနေနဲ့ မိမိရဲ့အရှုံးကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်ပါ။ယခုရှုံးတာဟာ ရာနှုန်းအနည်းငယ်မဟုတ်ဘဲ အပြတ်အသတ် ရှုံးထားတာပါ။ မဲခိုးတာက တပ်နယ်တွေမှာ ဖွတ်တွေပါ။


အကောင်းဆုံးအရှုံးသမား ဖြစ်ပါစေ။ မဟုတ်ရင် ၂၀၂၅ မှာ ယခုထက်ပိုရှုံးသွားနိုင်ပါတယ်လို့ ကြိုပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page