top of page
Search

အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်ပြင်ဆင်ထားတယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 19, 2020
  • 1 min read

ဒီနေ့ ရန်ကုန်ကိုဗစ်ညှိနှိုင်းရေး ဒုဥက္ကဌ ပါချုပ်ဆရာဇော်ဝေစိုးက သတင်းသမားတွေကို တင်ပြပါတယ်။ သူကပညာရှင်အနေနဲ့ ဒီကိစ္စကို ရှင်းလင်းနေတာက အင်မတန်မှ ရန်ကုန်ကပြည်သူတွေကို အားဖြစ်စေပါတယ်။ သူက အစိုးရနဲ့ ဆေးပညာရှင်တွေကိုယ်စား ဘာတွေကိုပြင်ထားတယ်ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။


ဒီနေ့မှာ သုဝဏ္ဏအားကစားကွင်းက ကုတင် ၄၀၀ ကို ရက်ပိုင်းအတွင်းဆောက်လုပ်နိုင်ခဲ့တာဟာ မြန်မာပြည်ရဲ့စံနဲ့ဆို ဂုဏ်ယူစရာပါ။ ဒီဟာကတော့ ဧရာကဦးဇော်ဇော်နဲ့ ဆရာဇော်ဝေစိုး၊ သူ့ဒုပါချုပ်ဆရာမမြင့်မြင့်ငြိမ်းတို့က အဓိက ဦးဆောင်လုပ်သွားပါတယ်။ ကွီးဖြိုးက ဒီနေ့သွားကြည့်ပြီး သူတို့အစထဲကလိုအပ်တာတွေကိုလဲ ကိုနိုင်ငံလင်းတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါတယ်။

သူကဘဲ ယခင်က လူနာများလာလို့ အဆင်မပြေမှုရှိတာကိုလဲ အသိအမှတ်ပြုပြီး သူတို့ဘယ်လိုဝန်ဆောင်မှုကောင်းအောင် ပြောင်းပေးခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။ သူကနောက်ပြီး သူတို့နဲ့ရန်ကုန်တိုင်းအစိုးရတို့ အောင်မြင့်မိုရ်အိမ်ရာမှာ ကုတင် ၁၀၀၀ ပြင်ဆင်ထားပုံ ကိုလဲပြောပြသွားပြီးလိုအပ်ရင် ရွှေပြည်သာနဲ့ ကျိုက္ကဆံကို ချဲ့မယ်ဆိုတာလဲ ပြောသွားခဲ့ပါတယ်။ နောက်ပြီး သေနှုန်းဟာလဲ ဥရောပနိုင်ငံတွေနဲ့ယှဉ်ရင် သိပ်မဆိုးသေးတာကိုလဲ ထည့်ပြောသွားပါတယ်။ အရေးကြီးဆုံးကလူနာတွေရဲ့ ရာဇဝင်ကိုလိုက်ဖို့ ဆေးကျောင်းသား ၅၀၀ နီးပါးက ပါဝင်မယ်လို့ပြောသွားတာကအင်မတန်ကောင်းပါတယ်။

ကိုဗစ်ဟာ ရောဂါအသစ်ဖြစ်လို့ အားလုံးဟာ အတွေးသစ် အမြင်သစ်တွေနဲ့ တိုက်နေရတာပါ။ ပိုးတွေ့သူကို လာမခေါ်ခင် စည်းနဲ့ ကမ်းနဲ့နေပြီးစောင့်ဖို့ကိုလဲ ပြောသွားခဲ့ပါတယ်။ သူက အကောင်းဆုံးကိုမျှော်လင့်ထားသလို အဆိုးဆုံးကိုလဲ ပြင်ဆင်ထားကြောင်းပြောသွားခဲ့ပါတယ်။

စာရေးသူအနေနဲ့တော့ ရန်ကုန်ကိုဗစ်စစ်ပွဲကြီးကို နိုင်ငံရေးအရ ကွီးဖြိုး၊ ဆေးပညာအရ ကွီးစိုးတို့ကဦးဆောင်တိုက်နေလို့ နိုင်မယ်လို့ ယုံကြည်ပါတယ်။ အောက်တိုဘာ ပထမအပတ်မှာ အဖြေပေါ်မှာပါ။


ပြည်သူတွေက ကိုဗစ်ကိုနိုင်ဖို့


✅ အိမ်ထဲမှာနေပါ

✅ လက်ဆေးပါ

✅ နှာခေါင်းစည်းတပ်ပါ လို့ ထပ်ခါထပ်ခါ ပြောပါရစေ။


Photo credit: PMT webpage, Skynet up to Date




 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page