top of page
Search
  • Writer's pictureMyat Tun Oo

အကြောက်လွန်တပ်


မအလတပ်ကလဲ အကြောက်လွန်နေလိုက်တာ။ မနေ့က အကောင်ကြီးကိုသတ်ဆိုလို့ ဖေ့ဘုတ်ကို သွားတိုင်တယ်။ ဖေ့ဘုတ်ကိုပြောပြထားပါတယ်။ အကောင်ကြီးဆိုတာ မြေခွေးလို့ မြေခွေးကို မသတ်လို့ ဘာလုပ်ရမှာလဲလို့။ ဒီလောက်တောင် စစ်ပွဲတွေနိုင်နေတဲ့ တပ်မတော်ကြီးဆိုပြီး ဘာလို့ကြောက်နေတာလဲ? ငါပေးတဲ့အကြံကလဲ ဘာမှအကြီးအကျယ်မဟုတ်ပါဘူးကွာ။ အော်မနေ့က စစ်ကြောင်းတွေကို လိုင်းပေါ်ကမှာတာက ပိတ်မိနေရင် အလံဖြူထောင်။ PDF က ဂျနီဗာကွန်ဗန်ရှင်းအရ ပစ်မရဘူး။ ပြီးမှလာကယ်မယ်တဲ့။ ယုတ်မာနေတာသိအောင်လို့။ ဖြစ်နိုင်ရင်တော့ အလံဖြူထောင်တာ စောင့်မနေနဲ့။ တပ်တိုင်းရှေ့တန်းထွက်ရင် အလံဖြူပါ ထည့်ခိုင်းထားတယ်။ ခေတ်မှီတပ်မတော်ကြီးလဲ တူမီးနဲ့တွေ့သောအခါ ကြောက်နေရပြီ။

403 views0 comments

Comments


bottom of page