top of page
Search

အကြောက်တရားမှသည် အကြောက်တရားဆီသို့

Writer: Myat Tun OoMyat Tun Oo

ယခုမအလရဲ့ ဖက်ဆစ်အုပ်ချုပ်ရေးစနစ်ဟာ အကြောက်တရားကို အခြေခံထားပါတယ်။ လူတွေကိုတပ်ထဲကပုံစံအတိုင်း အကြောက်တရားနဲ့ အုပ်ချုပ်တာပါ။ ဥပမာ အလုပ်သမားတွေ အလုပ်မဆင်းရင်အလွန်ဆုံးအရေးယူလို့ရတာက အလုပ်ထုတ်တာပါ။ ဒါပေမယ့် ဆရာဝန်တွေက အလုပ်ထုတ်လဲ မမှုလို့သူကနောက်တဆင့်တက်ပြီး ၅၀၅ နဲ့ ဖမ်းတာတွေ လုပ်လာပါတယ်။ သူက ပါမောက္ခတွေကို ဖမ်းပြလိုက်ပြီး လူတွေကြောက်အောင်လုပ်ပြပါတယ်။ ယခုလဲ ကျောင်းတွေကို ကိုဗစ်ကြားက အတင်းပြန်ဖွင့်ဖို့လုပ်လာတာ တွေ့ရပါတယ်။ ဆရာ ဆရာမတွေကို အကြောက်တရားသွင်းပြီး အလုပ်ပြန်ဆင်းခိုင်းဖို့လုပ်နေတာ တွေ့ရပါတယ်။


ဒီနေရာမှာ ဒါကိုဘယ်လိုတုန့်ပြန်မလဲဆိုတာက မေးစရာပါ။ စာ​ရေးသူတို့ ဒီမိုတွေက SP နဲ့တုန့်ပြန်ရာမှာသူတို့က အစပိုင်းမှာ မှုသလိုနဲ့ နောက်ပိုင်းမှာ SP လောက်ဘဲဆိုပြီး မမှုပါ။ အုပ်ကြီးလုပ်လိုသူတွေ ဒလန်လုပ်လိုသူတွေက ဆက်လုပ်ဆဲပါ။ ယခုရက်ပိုင်း ပေါက်ကွဲတာတွေ မြို့တိုင်းမှာ ဆက်တိုက်ဖြစ်လာချိန်မှာ မအလတပ်ရော ရဲပါ အလုပ်ရှုပ်လာပါတယ်။ သူတို့ရဲစခန်းနားအထိ ဖြစ်လာချိန်မှာ သူတို့က ဘယ်သူလုပ်မှန်း မသိကြတော့ပါ။ အချို့က မအလဖက်ဆစ်အဖွဲ့က သူ့ဖာသာသူလုပ်တယ်ဆိုတဲ့ သီအိုရီကိုအစပိုင်းမှာ မအလအဖွဲ့က မိမိသိက္ခာဆယ်ဖို့ တင်ပေးပေမယ့် ဗုံးခွဲခံရတာ များလာချိန်မှာ မိမိလူထိတာများလာချိန်မှာ ဝါဒဖြန့်တာရပ်ပြီး ရမ်းသမ်းဖမ်းလာတာ ပိုများလာပါတယ်။

ဒီနေရာမှာ ဥပဒေအရ မအလဖက်ဆစ်ရဲ့ အာဏာသိမ်းတာကိုလက်ခံပြီး မအလအောက်မှာ အမှုထမ်းတဲ့ ထွေအုပ်မှသည် ညွှန်မှူး ညွှန်ချုပ်အထိ ဘယ်ဝန်ထမ်းမဆို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်တာ သေချာပါတယ်။ ဒါ့ကြောင့်သူတို့ဟာ သေဒဏ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။ တူရကီမှာ လက်ရှိအမှုစစ်နေတာကိုကြည့်ပါ။ အာဏာသိမ်းစစ်တပ်နဲ့ပေါင်းခဲ့သူတွေ ဆရာ ဆရာမတွေကအစ ပါပါတယ်။ လက်ရှိမှာက ဖယ်ဒရယ်တပ်မတော်ပေါ်ဖို့က စစ်ပညာသင်ခါစမိုလို့ အချိန်ယူရပါအုံးမယ်။ ဒါပေမယ့် စာရေးသူတို့ ပြည်သူတွေအနေနဲ့က လက်ရှိမှာ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်တာလေးတွေရှိပါတယ်။ စစ်အစိုးရဟာ သူ့တပ်စခန်းတွေကို လုံခြုံရေးပေးထားနိုင်ပေမယ့် ထွေအုပ်ရုံးတိုင်း ရဲစခန်းတိုင်း မြို့နယ်လဝကရုံးတိုင်း မြို့နယ်ကျန်းမာရေးဦးစီးမှူးရုံးတိုင်းကို လုံခြုံရေးပေးဖို့ ခက်ပါတယ်။ ကျန်းမာရေးကဆရာဝန်မိုလို့ သစ္စာဖောက်သူကို ထားထားရင်တောင် ကျန်လူများနဲ့ သူတို့ရဲ့နေရာကို ဒန်ပေါက်ကျွေးလို့ရပါတယ်။ သူတို့အကြမ်းဖက်အဖွဲ့နေရာတွေ မီးလောင်ရင် သူတို့တွေရဲ့ အသက်အန္တရာယ်ကိုထိခိုက်လာရင် သူတို့လဲ ၅၀၅ နဲ့ နိုင်ငံတော်ပုန်ကန်မှု ထောက်ကျတာနဲ့ ပြည်သူ့သေဒဏ် ဘယ်ဟာကိုရွေးမလဲ စဉ်းစားလာရမှာပါ။ ဒါက သူတို့အကြောက်တရားနဲ့ သူတို့ကို ပြန်သတိပေးတာပါ။ ဆုပေးဒဏ်ပေးပေါ့။

နောက်ကျောင်းပြန်ဖွင့်တာကို ဆရာ ဆရာမတွေ အလုပ်မဆင်းပါနဲ့ ကလေးတွေကျောင်းမပို့ပါနဲ့ဆိုရင်ပြောရတာခက်ပါတယ်။ ကျောင်းမရှိရင် ဖွင့်စရာကျောင်းမရှိတော့ပါ။ ဖက်ဆစ်တပ်မိသားစု အတက်များတဲ့ ကျောင်းတွေကနေ စလုပ်ရင် ရနိုင်ပါတယ်။

ယခုရေးတာတွေက မအလဖက်ဆစ်ကို အုပ်ချုပ်လို့မရအောင် ကြောက်တတ်သူတွေကို ဘယ်လိုအကြောက်တရားနဲ့ ပြန်တိုက်လို့ရလဲဆိုတာကို ရေးပြတာပါ။ ဒါဟာ အမေရိကန်စစ်တပ်မလို R2P မပါဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး လုပ်လို့ရတာပါ။ ကြောက်လို့ ဆန္ဒမပြရဲလဲ ဒါမျိုးလုပ်တာက ပိုလွယ်ပါတယ်။ ယခုဆိုရင် ပြည်သူများက နေ့တိုင်း မီးပူဇော်နေလို့ ဖက်ဆစ်လက်ပါးစေတွေအလုပ်များနေပါတယ်။ ဆက်လုပ်ပေးကြပါ။ ဆန္ဒလဲ ဆက်ပြပါ။ CDM လဲ ဆက်လုပ်ပါ။

စာရေးသူကတော့ အချို့ကိစ္စတွေမှာ အကြောက်တရားကို အကြောက်တရားနဲ့ ပြန်တိုက်တာကအလုပ်ဖြစ်မယ်ထင်လို့ပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကဖြစ်ပြီး ပြည်သူကသာ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ။

(Note to Facebook team: This is an article about how to fight the terrorist organisation inside Myanmar and to save lives. So please read carefully before you remove it because terrorists may report my article.)

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

2 Comments


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Apr 29, 2021

ခလေးတွေကိုကျောင်းထားဖို့အစီအ စဥ်မရှိပါဘူး။ ခေတ်ကာလအရဘယ်ဘာသာရပ်တွေကိုဦးစားပေးသင်ကြားရမယ်ဆိုတာမိဘများစဥ်းစားရမှာအဓိကပါ။ အစိုးရကျောင်းတွေရဲ့ကွာလတီဟာအရင်လိုမဟုတ်တော့ပါဘူး ။ နိုင်ငံတကာသင်ရိုးတွေကိုလေ့လာ ကြည့်ရင်သိနိုင်ပါတယ်။

Like

Myint Soe Oo
Myint Soe Oo
Apr 29, 2021

ဦးမြတ်!!ပြည်သူတွေ ကြောက်တာထက်၊ သူတို့ကြောက်တာထက်ပိုပါသည်။ သူတို့က **သား သုံးသား**ပြိုကွဲမှာ ပို ကြောက်ပါသည်။

~ဘုရား သား (သံဃာတော်များ)

~တပ်မတော် သား

~ကျောင်း သား

**ခုခါ မဟန ဆရာတော်များထံ အထူးပူးကပ် ဆွမ်းကပ် လှုဒါန်းမှုများ၊ ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်း လုပ်ရပ်များ ထောက်ရှုပါ။

** ရဲဘော်!! သင်မှားနေပြီ ဆိုသော၊ နံရံကပ် စာတမ်းကို အကြောက်ဆုံးဖြစ်ကြောင်း ရဲဘော်များကိုယ်တိုင် တကူးတက လိုက်လံ သိမ်းဆည်း ဆုတ်ဖြဲခြင်းက သက်သေခံနေပါသည်။ ဒုချုပ်ကိုယ်တိုင် အောက်ခြေသို့ဆင်း စည်းရုံးခြင်းစကားများ ပြောကြားနေရပါပြီ။

နောက် ကျဆုံးစစ်သည်များ များပြားသော်လည်း သတင်းအမှောင်ချထားခြင်း၊ ကျဆုံးသူ၏ နာရေးသတင်းကို သတင်းစာများတွင် ပေါ်ပေါ်တင်တင် ဖော်ပြခွင့်မပြုခြင်း။ ဟိုတနေ့က ရာထူးကြီးသူ သုံးဦး နာရေးသာ သတင်းစာမှာ ဖော်ပြခြင်းကို ေထာက်ရှုခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ကို အကြောက်ဆုံးဖြစ်ကြောင်း ထင်ရှားလှပါသည်။

လက်တွေ့ မြေပြင်မှာကလည်း မတည်ငြိမ်မှုများက ခပ်စိပ်စိပ် ဖြစ်ပေါ်လာပါသည်။ မနေ့က တင့်ကားမောင်းသူ တပ်မုခ်ဦးကို ဝင်ရောက်တိုက်မိမှုသည် စိတ်ဓါတ်မတည်ငြိမ်မှု၊ ခြောက်ခြားမှု တစ်ရပ်ကို ဖော်ထုတ်ပြလိုက်ပါပြီ။

ကြံ့ဖွံ့ဝင်များ နှင့် ဒလံများ ဘေးအန္တရာယ်အသွယ်သွယ်ကြုံနေရမှုကလည်း တမှောင့်ပါ။

ပြည်သူကြောက်အောင် ဗုံးဖောက်မှုက၊တဆင့်

တန်ပြန် ဗုံးပေါက်ကွဲမှုများက သူတို့တပ်ဖွဲ့ဝင်တွေကို ခြောက်ခြား စေခဲ့ပါပြီ။

ခုနောက်ပေါ် **ဘူး*း*သပိတ်။ ထိရောက်ပါသည်။ မြို့မှာ ဘူး သပိတ် စာတမ်းများ ညပိုင်းမှာ ဝေဝေဆာဆာကပ်ငြား နံနက် လင်းသည်နှင့် စာတမ်းများကို လူအမြင်မများခင် ခွါယူမှုများ ပြုနေသည်က ပြည်သူထက် သူတို့ ကြောက်အား ပိုနေပြီဖြစ်ကြောင်း သက်သေကောင်းပါ။

အဘိဓမ္မာအရ အကြောက်တရားသည် ဒေါသကို ကိုယ်စားပြုပါသည်။ ဒေါသကြီးလေ အမှားများလေ ။ ရှောင်လွဲမရသော သဘာဝတရားပါ။

ကြောက်လေလေ ရမ်းလေလေ၊ ရမ်းလေလေ ကျရှုံးလေလေဖြစ်ပါသည်။ အမှန်မမြင်နိုင်သော…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page