top of page
Search

အကြိုက်ဆုံး ကိုဗစ် အင်တာဗျူး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 22, 2020
  • 1 min read

မနေ့ညက DASSK က ပြည်သူကို ကိုဗစ်အခြေအနေ တင်ပြခဲ့ပါတယ်။ ရန်ကုန်သူ ရန်ကုန်သားတွေကိုအားပေးစကားပြောပြီး ကိုဗစ်အတွက် အရှည်ကိုလဲကြည့်ပြီးလုပ်နေကြောင်း ပြောသွားခဲ့ပါတယ်။သူမက မဟာဗျူဟာကို ပြောသွားတာပါ။

မနေ့ညကဘဲ BBC မြန်မာပိုင်းက ဆေး ၁ ပါချုပ်ဆရာ ဇော်ဝေစိုးနဲ့ နာရီဝက်လောက် ဗျူးသွားပါတယ်။ အားလုံးကြည့်ဖြစ်အောင်ကြည့်ပါ။ သူကမေးခွန်းတွေကို အချက်အလက်နဲ့ ပြောသွားခဲ့ပါတယ်။

နောက်သူက နိုင်ငံခြားမှာ ဘာလုပ်တယ် သူတို့ဘာလုပ်နေတယ်ဆိုတာကို ချက်နဲ့လက်နဲ့ ပြောသွားခဲ့ပါတယ်။

သူက ဖောင်းကြီးကို ဘာမှမဖြစ်ခင်က ရေရှည်အတွက် မဖြစ်သေးဘဲနဲ့ ကုတင် ၅၀၀ ဆန့် အောက်ဆီဂျင် ၂၄၀ ပါတဲ့ဆေးရုံ ICU ၄၀ ပါတဲ့ဆေးရုံကို ဆောက်ခဲ့ပုံကို ပြောသွားခဲ့ပါတယ်။

သူပြောတဲ့အထဲမှာ အနောက်တံခါးမထိန်းနိုင်ခဲ့တယ်ဆိုတာလဲ စာရေးသူယခင်က အမြင်နဲ့တူပါတယ်။ပညာရှင်ကပြောတော့ ပိုကောင်းပါတယ်။ ရိုးမလိုနေရာမှာ ချက်ခြင်းပြင်ပြီး aircon, intercom, kitchen တွေတပ်နိုင်တဲ့ ရန်ကုန်အစိုးရ ကွီးဖြိုးနဲ့ ကွီးစိုးကိုလဲ ဂုဏ်ယူပါတယ်။

ကိုဗစ်က လူတွေသေမှာပါ။ ဥရောပမှာလဲ ဒုတိယလှိုင်း လာနေပါတယ်။ ဥရောပမှာတောင် ထိန်းရခက်တာ မြန်မာပြည်လို အနောက်ဘက်တံခါးမလုံတာကြောင့် ပိုဖြစ်မှာပါ။


ဒါပေမယ့် ယခုအချိန်မှာ NLD အစိုးရတက်နေလို့ အသေအပျောက်နည်းတယ်လို့ ထင်ပါတယ်။ သူလိုပညာရှင်က မြန်မာစကား ကျွမ်းကျင်စွာနဲ့ သတင်းထောက်မေးသမျှ ကျွမ်းကျင်စွာဖြေသွားတာအင်မတန်ကောင်းပါတယ်။ ဗီဒီယိုကို အချိန်ပေးကြည့်ကြပါ။ သူဟာ အနာဂတ်မှာ ကျန်းမာရေးဝန်ကြီးတောင် ဖြစ်သွားနိုင်ပါတယ်။ အပြောအဆိုက အင်မတန်ကောင်းပါတယ်။ ကွီးဖြိုးလဲ သူ့ကိုအဓိကပြောခိုင်းတာ ကောင်းပါတယ်။ ကျန်းမာရေးက ပေးသမျှအင်တာဗျူးတွေထဲမှာ သတင်းထောက်ကို ပြုံးပြီးဖြေသွားတာပါ။


Video credit: BBC Burmese

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 22, 2020

ဦးမြတ် ! ဗမာ စကားပုံ အသုံးတစ်ခုပါ။

**တောင်ဝှေးလဲရင် ဖိုးသူတော်

ထူနိုင်ပေမယ့် **

***%%ဖိုးသူတော် လဲရင်တော့ တောင်ဝှေး မကူနိုင်ပါ%***


ဖွားစုကြီးမှုးပြု ကျန်းဝန်နှင့်တကွ ဆိုင်ရာ ဝကခ များ နှင်အတူ လူသားဆန်သောစိတ် မွေးမြူပြီးဖြစ်သော ဆရာဝန်များနှင့် ကျန်းဝန်ထမ်းများတည်း ဟူသော

***%%ဖိုးသူတော်%%***


စုစည်းညီညွတ်သော ပြည်သူ ဟူသော တောင်ဝှေး ၊တောင်ဝှေးတည်းဟူသော (ဖိုးသူတော်အားကိုးအားထားရသည့်)ပြည်သူ။

**************************


ဖိုးသူတော် လျှောက်သောလမ်းသည် ပန်းခင်းသော လမ်း မဟုတ်ပါ။ ဆူး ငုတ် ခလုတ် ပေါ ကြမ်းတမ်းသည့် ခယောင်း လမ်း ဖြစ်ပါသည်။ မယိုင်မလဲရအောင်

တောင်ဝှေးကို အားပြုလျှောက်လှမ်းရပါသည်။ထို့ကြောင့်လည်း

***ပြည်သူသာ အဓိက ***

%%%ပြည်သူမှ ပြည်သူသို့%%%

တောင်ဝှေးကလည်း တောင်ဝှေး ကျေပွန်မှသာ လှမ်းရွယ်ရည်ရာ ပပန်းတိုင်သာကို မြန်မြန်ဆန်ဆန် ရောက်နိုင်ပါမည်။

ခုမနက်ပဲ ၊ ဖေသန်းထိုက် အမည်ဖြင် ပို့စ်တစ်ခု။


¿¿¿ပြင်ဆင်ချိန် ၇ လ၊ မပြင်ကြလို့

၉၈ ယောက်သေ ¿¿¿

အဆိုးမြင်ဝါဒသမား။

အရိပ်နေနေ အခက်ချိုးချိုး

သားရေပေါ် အိပ် ၊ သားရေနား ---။

ဖိုးသူတော်နဲ့ တန်ရဲ့လား?

တောင်ဝှေးနဲ့ ရိုက်ထုတ်ပစ်ရန် အချိန်တန်ပါပြီ။


******************************


ဆင်ခြင်တုံတရားနှင့်ယှဥ်သော အမျှော်အမြင်ကြီးသော တန်ဖိုး

(ဖိုး) အနဂ္ဃထိုက်တန့်သော လူ (သူ)

တို့ စွမ်းသမျှ သုခနန်းသို့သာ ဆိုက်၊ ကောင်းမွန်တည့် (တော်) သဖြင့် ဖိုးသူတော်ကို လက်ကမ်း လက်လှမ်း၍ ကြိုဆိုခဲ့ကြသည်မှာ

မြန်မာ့လူနေမှု အဝန်းအဝိုင်းမှာ အစဥ်အလာတရပ်ရှိခဲ့ပါသည်။

ယနေ့မျက်မှောက်ကာလမှာ သူတော်ကောင်းအသွင်ဖြင့်မြင်ပြီးသုံးနေကြသည့် ဖိုးသူတော် အသုံးမှာ အိပ်မက်ထဲတွင်သာ သုံးနေကြပါသည်။

ခုကပ်ဘေး ကာလမှာ ဖိုးသူတော်အစစ်များ ပေါ်ထွက်လာပါပြီ။ အိပ်မက်မဟုတ် ၊ လက်တွေ့လူနေမှု…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page