top of page
Search

ဟွန်ဆန်အနေနဲ့ ကုလကို ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 28, 2022
  • 1 min read

ဟွန်ဆန်က မအလထံကို အာဆီယံအဖွဲ့တွေက မသွားဖို့တားတဲ့ကြားက သွားခဲ့ပါတယ်။ ဟွန်ဆန်ရဲ့အထာက အစ်ကိုကြီးက ညီလေးကို အာဏာရှင်သင်ခန်းစာ သွားပေးမယ်ပေါ့။ တကယ်မအလကိုစကားပြောအပြီး သိသွားတာက အတော်အသုံးမကျတဲ့ ငတုံးသူခိုးဖြစ်နေတာကိုသာ သိသွားခဲ့ပါတယ်။ သူက အာရှစတိုင် တိုးတိုးတိတ်တိတ်ပြောရင် ရမယ်လို့ထင်ပေမယ့် မအလလုပ်နေတာတွေကအာဆီယံနဲ့တရုတ်ကို လှုပ်မရအောင် ဖြစ်စေခဲ့ပါတယ်။

ပထမပြဿနာက အာဆီယံမူငါးချက်ကို မအလက ဟန်ပြတောင် လိုက်မလုပ်နိုင်တာပါ။ သူကောင်းအောင် လုပ်ပြတဲ့အနေနဲ့က DASSK ကို အမှုဆွဲတာတွေ ရပ်ရမှာပါ။ သူကမရပ်ဘဲ ထပ်စွဲပါတယ်။ ထပ်စွဲတော့ ရပ်ဖို့ပိုခက်လာပါတယ်။ အဲဒါနဲ့ တိုင်ပတ်နေပါတယ်။ စင်ကာပူ၊ အင်ဒို၊ မလေးရှားက ဟွန်ဆန်နဲ့တွေ့ရင် မအလက DASSK ကို ပြစ်မှုတွေတိုးစွဲနေလို့ မလိုက်နာဘူးဆိုပြီး ထောက်ပြပါတယ်။ DASSK ကို အဂတိအမှုနဲ့စွဲသူက Rolex နာရီကို ခိုးငွေနဲ့ ဝယ်သူ၊ Burberry တို့ Ralph Lauren တို့၊ LV တို့ ဝတ်သူကိုင်သူကဆိုတော့ ရယ်စရာကြီးပါ။ နောက် DASSK တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲသူကအာဏာသိမ်းသူပုန်ဖြစ်နေတာလဲ ထူးဆန်းနေပါတယ်။

အာဆီယံမူငါးချက်အရ ဖမ်းထားသူတွေကို လွှတ်ပေးရပါမယ်။ အာဆီယံခေါင်းဆောင်တွေ တောင်းဆိုတာက DASSK နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ပါ။ မအလနဲ့အဖွဲ့က အဆိုပါနိုင်ငံ့ခေါင်းဆောင်တွေမပြောနဲ့ ပိုင်တံခွန်နဲ့ ပိုပို ကို လွှတ်ဖို့တောင် ဇဝေဇဝါပါ။ ဖမ်းချိန်က ပိုင်တံခွန်တို့ ပိုပိုတို့က ပထမဆုံးပြန်လွှတ်ရမယ့်အဆင့်ပါ။ ကိုလူမင်းတို့ ဦးဇင်ဝိုင်းတို့က NLD အမာခံမိုလို့ ဒုတီယအဆင့်ပါ။ နောက်မှ NLD ပြည်နယ်တိုင်း ပြီးမှဗဟိုပါ။ ယခုကတော့ အာဆီယံနဲ့ ဟွန်ဆန်တန်ခိုးကြောင့် ပိုင်တံခွန်ကို လွှတ်ဖို့တောင်မလုပ်သေးလို့ ဟွန်ဆန်မှာ ကုလကိုပြဖို့ ဘာတိုးတက်မှုမှ မရှိပါ။ ဦးဟန်သာမြင့်က လိုအပ်ချက်အရပါ။

နောက်ဆွေးနွေးခိုင်းတဲ့ကိစ္စပါ။ သူက အာဆီယံကိုယ်စားလှယ်ကို NUG နဲ့ မတွေ့ဖို့ တားပါတယ်။ ဟိုကဒါဆိုရင် DASSK နဲ့ ပေးတွေ့ သမ္မတ ဦးဝင်းမြင့်နဲ့ ပေးတွေ့ဆိုတော့ ဒေါ်စုစုလွင်နဲ့သာ ပေးတွေ့လိုပါတယ်။ DASSK က ဒေါ်စုစုလွင်ကို ပါတီကိုယ်စားမတွေ့ရလို့ ပြောထားပြီးသားပါ။ သူမလူပုဂ္ဂိုလ်တစ်ဦးအနေနဲ့သာ တွေ့လိုကတွေ့ပါလို့ ပြောထားပါတယ်။ ဒါကလဲ မအလရဲ့ NUG နဲ့ မတွေ့ရပေါ်လစီနဲ့ သူ့ဖာသာ တိုင်ပတ်တာပါ။ ဒါကြောင့်ဟွန်ဆန်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက်လဲ လုပ်စရာလမ်းကကုန်နေပါတယ်။ မအလက ရာပြည့်ကို နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ တွေ့တာကို ထောက်ပြတာက မအလနဲ့ဖွတ်ပါတီတွေ့သလို အဓိပ္ပါယ်မရှိမှန်း ဟွန်ဆန်တောင်သိပါတယ်။

နောက် အပစ်ရပ်ရေးပါ။ ယခုအချိန် မအလက အပစ်ရပ်ရင် ရခိုင်မှာလို စစ်ကိုင်း၊ ချင်း၊ ကရင်၊ ကယားနဲ့ ကချင်က နေရာအများစုကို စွန့်လွှတ်လိုက်ရမှာပါ။ ဒါကြောင့် မအလဟာ သူနိုင်မှသာ အပစ်ရပ်လိုတာပါ။ ပြဿနာက နိုဝင်ဘာအပြီး တိုက်ခိုင်းထားပေမယ့် ယခု ဇန်နဝါရီ လကုန်အထိ မနိုင်သေးဘဲနိုင်ဖို့ရာလမ်းလဲ မမြင်ပါ။ နောက်အပစ်ရပ်ဆိုရင် အာဆီယံက NUG/PDF နဲ့ စကားပြောရမှာပါ။ မပြောဘဲနဲ့ စိတ်ချင်းဆက်သွယ်ပြီး အပစ်ရပ်လို့မရပါ။ PDF ကလဲ ရက်ကြာလာတာနဲ့ အမျှ တိုက်ရည်ခိုက်ရည်ပိုကောင်းလာပြီး လက်နက်ကလဲ ပိုကောင်းလာမှာပါ။ ဒါကြောင့်ကြာလေ မအလက PDF ကို နိုင်ဖို့ပိုခက်လာလေ အပစ်ရပ်ဖို့ ပိုဝေးလာလေပါ။ ဟွန်ဆန်အတွက် အပစ်ရပ်ရေးမှာလဲ ကုလကို တိုးတက်မှုပြောပြစရာမရှိပါ။

နောက်ဆုံးလူသားချင်း ကူညီရေးကိစ္စကလဲ မအလက ဖြတ်လေးဖြတ်သာ လုပ်လိုလို့ ပေးမဝင်ပါ။ သူအဝင်ခံလိုက်ရင် စစ်ဘေးရှောင်တွေ အဆင်ပြေမှာကို မအလမလိုလားပါ။ ဒါ့ကြောင့်ပြည်မဖြတ်ပြီးကူဖို့ကတော့ ခက်နေမှာပါ။ ထိုင်းနယ်စပ်ကိုတော့ အာဆီယံက မအလသဘောမတူလဲ သူကူလိုရင် ကူနိုင်မှာပါ။ ဒီစာမျက်နှာမှာလဲ ဟွန်ဆန်ပြောစရာ ကောင်းကွက်မရှိပါ။

ဒီနေ့ ၂၈ ရက်နေ့မှာ ကုလလုံခြုံရေးကောင်စီမှာ ဟွန်ဆန့်အဖွဲ့က တင်ပြတဲ့အခါ မအလက အာဆီယံဘုံသဘောတူညီချက်ကို ဘာမှအကောင်အထည်မဖော်ထားလို့ ပြန်ပြောပြဖို့ တော်တော်ခက်ပါလိမ့်မယ်။မိမိကလေးက စာမေးပွဲကို လုံးဝမဖြေထားလို့ ဘာရေးရေး အောင်မှတ်ပေးလိုတဲ့ဆရာတောင် ပေးရခက်နေပါတယ်။ ဟွန်ဆန်အနေနဲ့ ကုလမှာ မအလကောင်းကြောင်း ပြန်ပြောပြဖို့ တော်တော်ခက်ပါလိမ့်မယ်လို့ ပြောပါရစေ။ မအလကတော့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းနေသူနဲ့သာ တူနေပါတယ်လို့ သုံးသပ်ပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


အမေ့သား ပေါက်ကြီး
အမေ့သား ပေါက်ကြီး
Jan 28, 2022

ဟွန်ဆန် အနေနဲ့ ကုလ မှာ မအလ. အကြောင်းကို ဘာပြောခဲ့လဲ လို့ ပြန်မေးရင် ဟသ်ာတထွန်းရင် သီချင်း လို အလွမ်းပြေ စကားတောင်မပြောလိုက်ရဘူးကွယ် ပေါ့နော် ဆရာ 😊😊😊

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page