top of page
Search

ဟွန်ဆန်၏ တွန်သံ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 7, 2022
  • 1 min read


ကမ္ဘာပေါ်မှာ အာဏာရှင်တွေမျိုးစုံရှိကြပါတယ်။ ဟွန်ဆန်ကလဲ ထိုအဖွဲ့ထဲက တစ်ယောက်ပါ။သူက ဒီသက်တမ်းပြီးရင် သူ့သားကို အာဏာလွှဲဖို့ ပြင်နေသူပါ။ ဒါဆိုဘာလို့ မြန်မာပြည်ကိုသွားလဲ? သူ့မြန်မာပြည်ခရီးစဉ်က အောင်မြင်မှာလား?

ပထမဆုံးပြောလိုတာက ဟွန်ဆန်ကို အာဏာမြဲအောင် ပံ့ပိုးပေးခဲ့သူက တရုတ်နိုင်ငံပါ။ တရုတ်ဟာ မြန်မာပြည်ကို DASSK အစိုးရ အုပ်ချုပ်တာက မအလအုပ်ချုပ်တာထက် ပိုကောင်းတယ်ဆိုတာ ယုံကြည်ပါတယ်။ DASSK အစိုးရနဲ့လဲ ဆက်ဆံရေးကောင်းခဲ့လို့ သူမပြန်တက်မှာကို လိုလားပါတယ်။ ဒါပေမယ့် တရုတ်ပေါ်လစီက သူများပြည်တွင်းရေးကို ပေါ်တင်ဝင်မစွက်ရေးပါ။တိုးတိုးတိတ်တိတ်လေးတော့ ဝင်စွက်ပါတယ်။ သူက ကွန်မြူနစ်မိုလို့ သူ့လုပ်ရပ်အချို့ဟာ မအလနဲ့တူနေလို့ တိုက်ရိုက်ဝင်ပြောရခက်မှာပါ။ တရုတ်ကိုယ်တိုင် ဝင်ညှိဖို့က မအလက လက်မခံသလို မြန်မာပြည်သူတွေကလဲ အမြင်မကြည်ပါဘူး။ ဒါ့ကြောင့်တရုတ်မှာ ဝင်စွက်လို့မရပါ။တရုတ်နဲ့ အမေရိကန်ဟာ အာဆီယံကို ဝင်ခိုင်းထားပြီး အာဆီယံက မထူးရင်တော့ အမေရိကန်ကNUG ကို ကူမယ်ဆိုတဲ့မူဝါဒမျိုးနဲ့ ခြောက်ထားတာပါ။ ဒါကြောင့်လောလောဆယ်မှာ အမေရိကန်အစိုးရက မကူသေးလို့ DASSK ကို အမြဲထောက်ခံခဲ့တဲ့ အမေရိကန်က အထက်လွတ်တော်အမတ်Mitch McConnell မစ်မက်ကော်နယ်က ဥပဒေပြုပြီး အမေရိကန် အစိုးရကို ဖိအားပေးတာပါ။

အာဆီယံနဲ့ တရုတ်အနေနဲ့က သူတို့ပြောလိုတာတွေ မအလထံ တိုက်ရိုက်ပြောနိုင်တဲ့လမ်းကြောင်းအတွက် ဟွန်ဆန်ကို အသုံးချတာပါ။ ဟွန်ဆန်ကလဲ သူအာဏာမလွှဲခင် နိုဘယ်ဆုလောက်ရလဲမနည်းဘူးဆိုတဲ့သဘောနဲ့ လာမှာပါ။ ဟွန်ဆန်ဟာ ကိုယ်တိုင်က အာဏာရှင်မိုလို့ မအလနားလည်မယ့်စကားကို တိုက်ရိုက်ပြောနိုင်မှာပါ။ လူမိုက်စကားကို လူမိုက်က နားလည်လွယ်ပါတယ်။ ဒါဆိုရင် သူ့ခရီးစဉ်က အောင်မြင်မှာလား?

မအလကို အာဆီယံနဲ့ တရုတ်က တောင်းဆိုထားတာက အင်မတန်နည်းပါတယ်။ ဒါပေမယ့်လဲ မအလက ဒါကိုတောင်လုပ်ဖို့ ခက်နေပါတယ်။ ယခုသူ အပစ်ရပ်ရင်တောင် စစ်ကိုင်းကနယ်တွေအားလုံး၊ ချင်းပြည်နယ် ကျေးလက်ဒေသနဲ့ ကယားကဒီမောဆိုကို စွန့်လွှတ်ရမှာပါ။ ယခင်ကလိုဟန်ပြလွှတ်ရုံနဲ့ မရတော့ပါ။ ယခု ဟွန်ဆန်က မအလကို သူနားလည်နိုင်တဲ့စကားနဲ့ သူပြောတာမလုပ်ရင် တရုတ်က ဘာလုပ်နိုင်တယ်၊ အမေရိကန်က ဘာလုပ်နိုင်တယ် အာဆီယံက ဘာလုပ်နိုင်တယ်ဆိုတာကို ရှင်းပြမှာပါ။ မအလဟာ ဟွန်ဆန်လာလို့ သံတမန်ရေးအရ အဆင်ပြေနိုင်ပေမယ့်သာမန်ပြည်သူတွေရဲ့ မျက်စိထဲမှာက ဓားမြအိမ်ကို သူခိုးက လာလည်တာပါ။ ဒီနောက်ကွယ်မှာတော့ မအလအဖြေနဲ့ လုပ်ရပ်အပေါ်မူတည်ပြီး အင်အားကြီးနိုင်ငံတွေက NUG ကို ဘယ်လိုလက်တွေ့ ထောက်ပံ့မလဲ ဆုံးဖြတ်ကြမှာပါ။ တရုတ်နိုင်ငံက မြန်မာပြည်ကို လက်နက်ထောက်ပံ့လိုရင် လွယ်ပါတယ်။ မအလဟာ ဟွန်ဆန့်ခရီးစဉ်အတွက် ထင်ရှားသူအချို့ လွှတ်နိုင်ပေမယ့် ဒီထက်ပိုမလုပ်နိုင်ပါ။ ဟွန်ဆန်ကို တွန်သံနဲ့ ပြန်ရအောင် လုပ်ရင်တော့ မအလဟာ -င်ခံရမှာ မလွယ်ပါလို့ ပြောပါရစေ။ ပြည်သူတွေက သူလာလာ မလာလာ တွေဝေမနေပါနဲ့။ တိုက်စရာရှိတာတိုက်လှူစရာရှိတာ လှူပါ။ သူလာလာ မလာလာ ကိုယ်က တိုက်ရမှာပါ။ လောလောဆယ်တော့ ဟွန်ဆန်Facebook မှာ ပြည်သူ့အားကြောင့် မန့်ဘောက်ပိတ်လိုက်ရပါပြီ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

3 Comments


Johnny JOE
Johnny JOE
Jan 08, 2022

IF China has preference with DASSK ! ..it is easy to make it finish earlier by supporting KIA ..Right .But , Why ..MAL still a live untill now ??

Like
Myat Tun Oo
Myat Tun Oo
Jan 09, 2022
Replying to

They are stuck in their own non interference policy. No. 2, KIA is UK’s entity. Not under China. UWSA is under China. US and UK should help NUG as they have the same value.

Like

Myint Soe Oo
Myint Soe Oo
Jan 07, 2022

ဦးမြတ်!!!ဆောင်းပါးတကာခေါင်းစည်းထဲမှာ ယခု ဆောင်းပါးခေါင်းစည်းကတော့ ခေတ်စကားအရ ဟတ် ထိလှပါသည်။ရသ အလင်္ကာ ပြည့်စုံသည်မို့။

**ဟွန်ဆန်၏ တွန်သံ**

ရသ အလင်္ကာ ပြည့်စုံသော စာသားဖြင့်

(မောင်ဟွန်ဆန်၏ တွန်သံ)ကြိုဆိုခြင်းပေါ် ထူးထူးကျေးဇူးတင်ပါသည်။

တွန်သံ ~နွားတွေ ရန်လိုလို့ အော်မြည်သော အသံ(ဝပ်ထလိမ်း)ကို နွား တွန် သည်ဟု ကျေးလက်နေပြည်သူများသုံးစွဲကြပါသည်။

ဒီနွားတော့ တော်တော်လေး တွန်နေပြီ။ ရိုက်လိုက်ရရင်လည်း အရိုးနဲ့ အရေပဲ ကျန်တော့မယ်ဟုလည်း တောင်သူအများ သုံးစွဲကြပါသည်။

ဒါက တွန်သံကို ဒေါသယှဉ်သော အမြင်ပါ။


ရဝေ ရဝေ

မြိုင်စောင်းမှာလ

ဥဒေါင်းတွေ

တွန်သံ တွန်သံ ကျုးရင်!!!

တောရိပ်တောင်စွယ် မြိုင်ယံတကြော မှာတော့ ဥဒေါင်းတွေ တွန်ကျုးတာဟာ

နှစ်လိုကြည်နူးဖွယ်ဖြစ်ပါသည်။ ငြိမ်းချမ်းမှုဆောင်စေသော အေးချမ်းသည့် တွန်သံ ချိုချိုဖြစ်သောကြောင့်ပါ။

အေးငြိမ်းသည့်နိမိတ်ပုံရပ်ပါသော တွန်ကျုးမှုပါ။နှစ်လိုဖွယ်မို့ လက်ခံကြပါသည်။


•••••••••••••••••••••••••••••••••••••••••••••


ဘယ်လို တွန် မလဲ?

ဆောင်းပါးပါအချက်အရတော့ ချို(ဂျို)မြမြနဲ့ တဘို့တည်းထားသော အာဏာရှင်ဆိုသည့် သတ္တဝါဖြစ်ပါသည်။

ချို(ဂျို )ကုပ် ရှိရာ ဂျို ထောင် မလာပါ။

ဂျိုကုပ်သာလာပါသည်။

တွန်သံပေးလို့ မရကြောင်း မြန်မာပြည်သူတွေ သူ့အကောင့်မှာ ဝုန်းပြလိုက်တာ ပြည်သူ့သဘောကို သိလောက်ပါသည်။

အချင်းချင်းမို့ နားဝင် နားချစကား လာပြောသည်ပဲထားပါတော့။ အပါး စောင်းလာတီးခြင်းသာဖြစ်ပါလိမ့်မည်။ စောင်းသမားဟွန်ဆင်သာ လက်ညောင်း မောသွားမယ်။ ရှုပ်ကြီးသဘောထား ပြောင်းမည်မဟုတ်တာကတော့သေချာပါသည်။

အပြင်မှာလည်း ရှုပ်နေသလို

အတွင်းမှာလည်း ရှုပ်ထွေးမှုတွေနဲ့

အရှုပ်ကြီး ရှုပ်နေသူတစ်ယောက်အတွက် ခုအခါ ဘယ်ချည်ငင်စ ကို ကောက်ကိုင် ရှင်းရင်အရှုပ်ရှင်းနိုင်ပါ့မလား? ဝေခွဲမရနိုင်သောအချိန်ခါဖြစ်နေပါသည်။

သည်အရှုပ်ထုပ် အပုံအစုကြီးကို ဟွန်ဆင်ဘယ်လိုဖြေရှင်းမလဲ???

ဝပ်ထလိန်းဟုပဲ တွန်မလား???

အိုးဝေ အိုးဝေဟုပဲ တွန်ကျုးမလား???

စောင့်စား နားဆင်ရုံသာရှိပါတော့သည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page