top of page
Search

ဟောင်ကောင်မှအဘအတွက်ယူစရာသင်ခန်းစာများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 6, 2019
  • 1 min read

ဟောင်ကောင်မှအဘအတွက်ယူစရာသင်ခန်းစာများ

အားလုံးသိတဲ့အတိုင်းဟောင်ကောင်ဟာတရုတ်ပြည်အောက်မှာရှိပြီးတစ်နိုင်ငံစနစ်နှစ်မျိုး(one country two system) နဲ့အုပ်ချုပ်ပါတယ်။ဆိုလိုတာကဟောင်ကောင်မှာကွန်မြူနစ်စနစ်မထားထားပါ။သူ့ဥပဒေပြုအဖွဲ့နဲ့ပါ။

ဒါပေမယ့်အုပ်ချုပ်ရေးမှူးကတော့သူကရွေးပေးပါတယ်။အင်္ဂလိပ်ကလဲသူပြန်လွှဲမပေးရခင်ငါးနှစ်ကျော်လောက်အလိုမှာဟောင်ကောင်ကိုသူအုပ်ချုပ်ချိန်ကမပေးခဲ့တဲ့ဒီမိုကရေစီကိုပေးပြီးတရုတ်ကိုဒုက္ခရောက်အောင်လုပ်သွားပါတယ်။

ဒီနှစ်ထဲမှာတရုတ်ကဟောင်ကောင်ကနေပြစ်မှုကျူးလွန်သူတွေကိုဖမ်းပြီးအလွယ်တကူပြည်မကြီးကိုလွှဲလို့ရအောင်ဥပဒေကိုပြင်ပါတယ်။ဒါကိုဟောင်ကောင်သားတွေကမကြိုက်လို့ကန့်ကွက်တဲ့အနေနဲ့လပေါင်းများစွာဆန္ဒပြလာခဲ့ပါတယ်။

ဒီနေရာမှာတရုတ်ပြည်အနေနဲ့ကတပ်အင်အားရှိသလိုဓနအင်အားလဲရှိပါတယ်။ကုလမှာလဲလုံခြုံရေးကောင်စီအဖွဲ့ဝင်ပါ။သူဒီဆန္ဒပြပွဲတွေကိုအင်အားသုံးဖြိုခွင်းချင်ရင်ရပါတယ်။သူကစွမ်းအားရှင်တွေသုံးကြည့်ခဲ့ပေမယ့်အဆင်မပြေခဲ့ပါ။ဟောင်ကောင်ကရွှေဥနေတဲ့ငန်းကြီးဖြစ်နေတော့နောက်ဆုံးမှာဥပဒေကြမ်းကိုပြန်ရုပ်ပြီးနောက်ဆုတ်ပေးခဲ့ပါတယ်။ဒါကပြဿနာကိုပြေလည်မလားမသိရပေမယ့်တရုတ်လိုစစ်ရေး၊စီးပွားရေးသာလွန်တဲ့နိုင်ငံတောင်တိုင်းပြည်မထိအောင်လုပ်သွားတာကိုပြတာပါ။

ဒီနေရာမှာအဘတပညာရှင်များကခြေဥပြင်ရာမှာတပ်ကပေးသလောက်ဘဲပြင်ရမယ်ဆိုပြီးလူတွေကိုခြိမ်းခြောက်လေ့ရှိပါတယ်။စာရေးသူကတော့တပ်အနေနဲ့NLD ကယခုပြင်ထားတဲ့ခြေဥကိုအချိန်မှီလက်ခံလိုက်ပါလို့သာပြောချင်ပါတယ်။ခြေဥပြင်ဖို့တင်းခံလို့ ပြည်သူတွေသာလမ်းပေါ်ထွက်လာခဲ့ရင်ဟောင်ကောင်ဆန္ဒပြပွဲဟာရာဇဝင်ထဲမှာကျန်ခဲ့မှာပါ။အချို့ကိစ္စတွေမှာလက်နက်ရှိတိုင်းအဆင်ပြေမယ်လို့မထင်ပါနဲ့။ဇင်ဘာဘွေကမူဂါဘီလဲသေပြီး၊ဆူဒန်ကအိုမာဘာရှားလဲထောင်ကျနေပါပြီ။အဖော်တွေသိပ်မကျန်တော့ပါဘူး။အဘဆက်မမိုက်ပါနဲ့တော့။

Photo Credit: BBC News

Zawgyi version

ေဟာင္ေကာင္မွ အဘအတြက္ ယူစရာသင္ခန္းစာမ်ား

အားလုံးသိတဲ့အတိုင္း ေဟာင္ေကာင္ဟာ တ႐ုတ္ျပည္ေအာက္မွာရွိၿပီး တစ္နိုင္ငံ စနစ္ႏွစ္မ်ိဳး(one country two system) နဲ႔ အုပ္ခ်ဳပ္ပါတယ္။ ဆိုလိုတာက ေဟာင္ေကာင္မွာ ကြန္ျမဴနစ္စနစ္မထားထားပါ။ သူ႔ဥပေဒျပဳအဖြဲ႕နဲ႔ပါ။

ဒါေပမယ့္ အုပ္ခ်ဳပ္ေရးမွူးကေတာ့ သူကေရြးေပးပါတယ္။ အဂၤလိပ္ကလဲ သူျပန္လႊဲမေပးရခင္ ငါးႏွစ္ေက်ာ္ေလာက္အလိုမွာ ေဟာင္ေကာင္ကို သူအုပ္ခ်ဳပ္ခ်ိန္ကမေပးခဲ့တဲ့ ဒီမိုကေရစီကိုေပးၿပီး တ႐ုတ္ကို ဒုကၡေရာက္ေအာင္ လုပ္သြားပါတယ္။

ဒီႏွစ္ထဲမွာ တ႐ုတ္က ေဟာင္ေကာင္ကေန ျပစ္မွုက်ဴးလြန္သူေတြကို ဖမ္းၿပီး အလြယ္တကူ ျပည္မႀကီးကို လႊဲလို႔ရေအာင္ ဥပေဒကိုျပင္ပါတယ္။ ဒါကို ေဟာင္ေကာင္သားေတြက မႀကိဳက္လို႔ ကန႔္ကြက္တဲ့အေနနဲ႔ လေပါင္းမ်ားစြာ ဆႏၵျပလာခဲ့ပါတယ္။

ဒီေနရာမွာ တ႐ုတ္ျပည္အေနနဲ႔က တပ္အင္အားရွိသလို ဓနအင္အားလဲရွိပါတယ္။ ကုလမွာလဲ လုံျခဳံေရးေကာင္စီအဖြဲ႕ဝင္ပါ။ သူဒီဆႏၵျပပြဲေတြကို အင္အားသုံးၿဖိဳခြင္းခ်င္ရင္ရပါတယ္။ သူက စြမ္းအားရွင္ေတြသုံးၾကည့္ခဲ့ေပမယ့္ အဆင္မေျပခဲ့ပါ။ ေဟာင္ေကာင္က ေရႊဥေနတဲ့ ငန္းႀကီးျဖစ္ေနေတာ့ ေနာက္ဆုံးမွာ ဥပေဒၾကမ္းကို ျပန္႐ုပ္ၿပီး ေနာက္ဆုတ္ေပးခဲ့ပါတယ္။ ဒါကျပႆနာကို ေျပလည္မလား မသိရေပမယ့္ တ႐ုတ္လို စစ္ေရး၊ စီးပြားေရး သာလြန္တဲ့ နိုင္ငံေတာင္ တိုင္းျပည္ မထိ ေအာင္ လုပ္သြားတာကိုျပတာပါ။

ဒီေနရာမွာ အဘတပညာရွင္မ်ားက ေျခဥျပင္ရာမွာ တပ္ကေပးသေလာက္ဘဲ ျပင္ရမယ္ဆိုၿပီး လူေတြကို ၿခိမ္းေျခာက္ေလ့ရွိပါတယ္။ စာေရးသူကေတာ့ တပ္အေနနဲ႔ NLD က ယခုျပင္ထားတဲ့ေျခဥကို အခ်ိန္မွီလက္ခံလိုက္ပါလို႔သာ ေျပာခ်င္ပါတယ္။ ေျခဥျပင္ဖို႔ တင္းခံလို႔ ျပည္သူေတြသာ လမ္းေပၚထြက္လာခဲ့ရင္ ေဟာင္ေကာင္ဆႏၵျပပြဲဟာ ရာဇဝင္ထဲမွာ က်န္ခဲ့မွာပါ။ အခ်ိဳ႕ကိစၥေတြမွာ လက္နက္ရွိတိုင္း အဆင္ေျပမယ္လို႔ မထင္ပါနဲ႔။ ဇင္ဘာေဘြက မူဂါဘီလဲေသၿပီး၊ ဆူဒန္က အိုမာဘာရွားလဲ ေထာင္က်ေနပါၿပီ။ အေဖာ္ေတြ သိပ္မက်န္ေတာ့ပါဘူး။ အဘ ဆက္မမိုက္ပါနဲ႔ေတာ့။

Photo Credit: BBC News

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page