top of page
Search
  • Writer's pictureMyat Tun Oo

သာဝနှင့်တူသောမိုးကျ


သာဝရဲ့ အဓိကပြဿနာက မိမိအလုပ်မိမိမလုပ်ဘဲ နိုင်ငံရေးမှာ ဝင်ပါနေတာပါ။ သူကတော့အမျိုးသားနိုင်ငံရေးလို့ပြောတာပေါ့။ သူက ဝက်မွေး၊ ကြက်မွေးကနေ ကိုဗစ်အထိ သာဝဟာ အကုန်ဝင်ပါပါတယ်။ ဒါပေမယ့် ရခိုင်မှာ လွှတ်တော်အမတ်ကိုဖမ်းတာ ရှမ်းမှာ သေနတ်နဲ့ ဝင်ပစ်ရင်တော့ သာဝဟာမိမိတာဝန်မဟုတ်သလို နေတတ်ပါတယ်။ သာဝနဲ့အတူ ဒေါ်စိန်အေးက မွေးထုတ်ပြီး ဌာနဆိုင်ရာတိုင်းမှာ ရာထူးကြီးကြီးနဲ့ ရောက်သွားသူများဟာလဲ သာဝကဲ့သို့ အကုန်တတ်သရောင် လုပ်တတ်ပါတယ်။ ဒါကြောင့်လဲ ၁၉၆၂ ထဲက အုပ်ချုပ်လိုက်လို့ ၂၀၁၆ မှာ မွဲသွားခဲ့တာပါ။

မနေ့က သတင်းတစ်ခုကိုဖတ်အပြီးမှာ တိုင်းပြည်ရဲ့ ပြဿနာကို သိလိုက်ရပါတယ်။ စာရေးသူတို့ရက်ပိုင်းအတွင်းမှာဘဲ ထောက်ပံ့ကြေးမရလို့ ပြည်သူတွေ ဆူသလိုလုပ်တာ၊ တိုင်တာတွေ ဖြစ်ခဲ့ပါတယ်။ အားလုံးလိုင်းပေါ်မှာ တွေ့ကြမှာပါ။ ပုံမှန်ဆိုရင် ထွေအုပ်ဝန်ကြီးဟာ အခင်းဖြစ်မြို့နယ်တွေကိုသွား အောက်ခြေနဲ့ ထိတွေ့ပြီး တုန့်ပြန်ရမှာပါ။ ဒါမျိုးကိုမတွေ့ဘဲ အောက်က ရပ်ကျေးကိုသာ ထိုးကျွေးတာတွေ့ရပါတယ်။ ဒါကလဲ သာဝနဲ့ မိုးကျတို့ရဲ့ ဖျောက်ရခက်တဲ့ အကျင့်ဆိုးတစ်ခုပါ။ သူကနိုင်ငံရေးသမားမဟုတ်လို့ အခြားလူကို ထိုးကျွေးတာသာ တတ်ပါတယ်။

သူဟာ သူ့အလုပ်သာသူဖြစ်မြောက်အောက် မလုပ်ပေမယ့် မနေ့က သူ့စာမျက်နှာမှာ ထွေအုပ်ဝန်ကြီးကဩစတြီးယားနဲ့ ကနေဒါသွားတဲ့ သံအမတ်တွေနဲ့ တွေ့ဆုံပြီး အမှာစကားပြောတယ်ဆိုတဲ့သတင်းကြောင့် သာဝကို မျက်စိထဲမြင်ယောင်ပြီး ပြုံးမိပါတယ်။ သူဟာ နိုင်ငံခြားရေးဝန်ကြီးမဟုတ်သလို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလဲ မဟုတ်ပါ။ အမှန်မှာ သမ္မတနဲ့ DASSK က လမ်းညွှန်ချက်ပေးပြီးရင် လုံလောက်ပါပြီ။ သူ့အလုပ်မပါပါ။ ဒါကတော့ မိုးကျတို့ရဲ့ ထုံးစံအတိုင်း မိမိဌာနကလုပ်ရမယ့် အလုပ်တိုင်းမှာ မဲစာရင်းကအစ တလွဲလုပ်ခဲ့ပြီး မိမိအလုပ်မဟုတ်တဲ့ နေရာမှာ ဝင်ပါတာပါ။သာဝစတိုင်ပေါ့။

ဒီလိုလူမျိုးတွေကြောင့် မြန်မာပြည်ကြီးက တိုးတက်သင့်သလောက် မတိုးတက်တာပါ။ အလုပ်အားနေရင် မိမိထွေအုပ်ဌာနကို ပြည်သူတွေက ချစ်ခင်လာအောင် အစွမ်းပြပါလို့ ပြောပါရစေ။ မယောင်ရာကိုဆီမလူးပါနဲ့။ သိပ်အားနေရင် ရပ်ကျေးထွေအုပ်တွေနဲ့ သွားတွေ့ပြီး သူတို့ဘဝကို နားလည်အောင်လုပ်ပါ။

News Credit: Ministry of Union Government Office

715 views2 comments

Recent Posts

See All
bottom of page