top of page
Search

သာဝတပ်ပျက်၍ ဆရာဝန်များကို လိုက်ဖမ်းနေခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 11, 2021
  • 1 min read

ပုံမှန်အာဏာသိမ်းအပြီးမှာ လက်ရှိအစိုးရခေါင်းဆောင်တွေ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းတာကတော့ဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာက အဆိုပါအဆင့်ထက် လွန်ကဲလာပြီး ဆန္ဒပြပွဲမှာမပါဘဲ မိမိအိမ်မှာသာနေသော ဆရာဝန်ကြီးများကိုလဲ ဖမ်းနေကြပါတယ်။ ပထမဆုံးက ရန်ကုန်ရဲ့ ကိုဗစ်တိုက်စစ်မှူး ဆေး (၁) ပါချုပ် ဆရာဇော်ဝေစိုးကို စဖမ်းတာပါ။ နောက်နေ့ညပိုင်းမှာ မန္တလေးဆေးကျောင်းရဲ့ ပါမောက္ခချုပ်ကိုလဲ ဖမ်းဖို့ကြိုးစားလာပြန်ပါတယ်။ သူကတော့ ရပ်ကွက်ညီလို့ လွတ်သွားခဲ့ပါတယ်။ နောက် နယ်မြို့တွေရဲ့ ဆေးရုံအုပ်တွေကိုလဲ ဖမ်းဖို့ကြိုးစားလာတာတွေ့ရပါတယ်။ မဲဇလီကုန်းတိုက်နယ်ဆရာဝန် Dr Pyae Phyo Naing ကိုလဲ မနေ့က မတရားဖမ်းဆီးသွားခဲ့ပါတယ်။ ဖြစ်နိင်ရင် ဆရာကြီးများအားလုံး မိမိအိမ်မှာမနေ အလုပ်မသွားဘဲ အခြားဆွေမျိုးများ၊ မိမိရဲ့ အခြားအိမ်များမှာ သွားနေပြီး တစ်လ၊ နှစ်လရှောင်နေကြပါ။ အထူးသဖြင့် မြို့နယ်ဆရာဝန်ကြီးများ၊ တိုက်နယ်ဆေးရုံမှာ တာဝန်ကျသောဆရာ၊ဆရာမများ မိမိတို့ရဲ့ ရန်ကုန်၊ မန္တလေးက အိမ်များကိုပြန်ခြင်းဖြင့် CDM ကို အောင်မြင်အောင် လုပ်နိုင်ကြပါမယ်။ နယ်တွေမှာ မြို့နယ်ဆရာဝန်ကြီးတွေ၊ လက်ထောက်ဆရာဝန်တွေမရှိရင် ဘာမှလုပ်လို့မရတော့ပါ။ ယခုမအလလုပ်နေပုံက တပ်ပျက် သွေးပျက်နေသလိုပါ။ ဒါ့ကြောင့် ဥပဒေမဲ့ ဆရာဝန်တွေကိုလိုက်ဖမ်းနေတာပါ။ အရေးကြီးတာက ပါချုပ်တွေပါသွားလဲ အောက်က ဒုပါချုပ်တွေ၊ ဌာနမှူးတွေကသစ္စာမဖောက်ဖို့ပါ။ လူညီရင် ရပါတယ်။ ဆရာဝန်များဟာ အခြားဝန်ထမ်းတွေထက် အာခံရတာလွယ်ပြီး ယခုအချိန်မှာ အာဏာသိမ်းသူပုန်ကို ဒုက္ခပေးနိုင်ဆုံးပါ။ ယခုမအလဟာ သွေးပျက်ပြီး ဗေဒင်ဆရာတောင် ယတြာချေတာတင်လို့ ဖမ်းတယ့်အဆင့်ရောက်လာပါပြီ။

နောက်ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များလဲ မိမိအိမ်မှာ တစ်လ၊ နှစ်လလောက် မနေပါနဲ့။ ရှောင်နေကြပါ။ မိမိဘယ်သွားလဲဆိုတာလဲ မိမိရဲ့ မိသားစုကို မပြောသွားပါနဲ့။ယခင် ၈၈ က ထောက်လှမ်းရေးကောင်းလို့မိပေမယ့် ယခုဖမ်းနေတာက အိမ်လာဖမ်းသွားတာပါ။ရှောင်နေရင် ယခုအချိန်မှာ အလွယ်ဖမ်းလို့မရပါ။ ဒါမှ လွှတ်တော်ကိစ္စတွေ ဆက်လုပ်နိုင်မှာပါ။ မကြောက်တဲ့သတ္တိကို လေးစားပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ DASSK နဲ့ NLD CEC တွေအဖမ်းခံရချိန်မှာ တန်ဖိုးရှိလွန်းလို့ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကသာ နိုင်ငံခြားနဲ့ တိုက်ရိုက်တရားဝင်ဆက်သွယ်ဆောင်ရွက်နိုင်လို့ပါ။

နောက်ရဲများ၊ တပ်များရဲ့သဘောတရားအရ လိုင်းခန်းနဲ့ နေကြရလို့ ပြည်သူ့ဘက်ပြောင်းနိုင်ရင်ပြောင်းပါ။ မပြောင်းနိုင်သေးရင် နောက်ဆုံးမိမိအထက်က ပစ်ခိုင်းချိန်မှာ ပြည်သူကိုမပစ်ဘဲ အာဏာဖီဆန်ပါ။လက်နက်နဲ့ကတော့ တစ်ဖွဲ့ထဲဆို NLD က လွှတ်တော်ကိုယ်စားလှယ်များက ဘာမှအတိအကျ မချပြသေးရင် ဝန်းရံဖို့ခက်ပါတယ်။ အခွင့်အရေးရရင်တော့ အာဏာရှင်ကို S2 ကို ကိုင်သလို ကိုင်နိုင်အောင်အမြဲကြိုးစားကြပါ။ လိုင်းပေါ်တက်ပြီးတော့ အာမခြောင်ပါနဲ့။ လုပ်ပြီးမှသာ ပြည်သူသိပါစေ။ သူ့အနား မကပ်နိုင်လဲ သူ့မိန်းမ၊ သူ့သမီး၊ သူ့မြေးနဲ့ သူ့အမျိုးတွေကိုလဲ ပစ်မှတ်အဖြစ် ရွေးချယ်နိုင်ပါတယ်။

အချို့ဥပဒေအရရင်ဆိုင်လိုသူများကို လေးစားပါတယ်။ ယခုမအလဟာ ဥပဒေကို မလိုက်နာနေပါ။ ပုံမှန်မှာက ဖမ်းဝရမ်းတွေ၊ ရှာဖွေပုံစံတွေ၊ အရပ်လူကြီးတွေပါမှ ဖမ်းလို့ရမှာပါ။ ယခုက ဓားမြတိုက်သလို အနုကြမ်းဝင်စီးနေတာပါ။ မိမိတို့က ရှောင်နေရင် လက်ရှိမှာလဲ တရားခံပြေးကြေငြာထားတာလဲမဟုတ်လို့ ဘာမှလုပ်မရပါ။ အဓိကက CDM အောင်ဖို့နဲ့ ဒီမိုအစိုးရပြန်ဖြစ်ဖို့ပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Albert Wint
Albert Wint
Feb 14, 2021

မိခင်အရင်းနဲ့ဘီလူးမ သားလုပွဲ

Like

Myint Soe Oo
Myint Soe Oo
Feb 12, 2021

ဦးမြတ်! ငယ်တုန်းကျောင်းသားဘဝက *ငရဲခွေးကြီး လွတ်နေပြီ**သမိုင်းမှာသင်ခဲ့ရတုန်းကတော့ စာတွေ့အနေနဲ့ပါ။

ခုတော့ လက်တွေ့ဘဝထဲမှာ မျက်ဝါး ထင်ထင်ကြုံတွေ့ခဲ့ရပါပြီ။

**သွေးစွန်း အစွယ် ညစ်ထေး ၊ ပရမ်းပတာ မိစ္ဆာရန်ဘေးများ**တွေ့ကြုံနေကြပါပြီ။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page