top of page
Search
Writer's pictureMyat Tun Oo

သာဝကို ရင်ဆိုင်ဖို့ မိမိခံစစ် လုံပါစေ


ဒီမိုအများစုက DASSK ကို ထောက်ခံကြပါတယ်။ သာဝကိုလဲ မုန်းကြပါတယ်။ DASSK ကို မထောက်ခံတဲ့ တိုင်းရင်းသားအချို့တောင် သာဝကို မကြိုက်တာတော့ ဒီမိုတွေနဲ့ လာတူပါတယ်။ ပြီးရင်သဘောထား ကွဲလွဲတာလေးတွေ ရှိပါတယ်။



ပထမအုပ်စုက လက်ရှိပြဿနာတွေဟာ ခြေဥကြောင့်လို့ ယုံကြည်သူများပါ။ ဒုတိယအုပ်စုကတော့အုပ်ချုပ်သူတော်ရင် လက်ရှိခြေဥအထဲက လုပ်နိုင်မယ်လို့ ထင်သူများပါ။ သူတို့က ဘစိန်ကို ဥပမာပေးကြပါတယ်။ သူတို့မပြောတာက ဘစိန်လက်ထက်မှာ တပ်က ကန့်လန့်မတိုက်နေဘူးဆိုတာပါ။


ရက်အနည်းငယ်က အလုပ်သမား ဆန္ဒပြပွဲကို တွေ့လိုက်ပါတယ်။ ခုံသမာဓိကို ဖျက်ပေးဖို့ပါ။ သူတို့တောင်းတာ မှန်/ မမှန်ဆိုတာက ပထမမေးခွန်းပါ။ ဒုတိယမေးခွန်းက အဲ့ဒီလိုဆန္ဒပြလို့ တိုင်းပြည်ကိုနိုင်ငံခြားက ရင်းနှီးမြုပ်နှံမှု ပိုလာမလားဆိုတာပါ။ မေးခွန်းတွေက ဆက်စပ်နေပါတယ်။ ခုံသမာဓိဟာထွေအုပ်နဲ့ အလုပ်သမားရုံးကို အခြေခံပြီး အဓိကထား ဖွဲ့ပါတယ်။ သူတို့ဟာ လက်ရှိခြေဥအရ ဗဟိုကိုအခြေခံပါတယ်။ အများစုက မိုးကျတွေနဲ့ပါ။ သူတို့က ထင်သာမြင်သာရှိဖို့လိုပါတယ်။

နောက် ဥပဒေနဲ့ မညီဘဲ ဆန္ဒပြသူတွေကို အရေးယူဖို့ပါ။ သူတို့ကို ထောက်ပံ့သူတွေကို ထောက်လှမ်းဖို့ပါ။ သူတို့ကို ဖမ်းရတာက လွယ်ပါတယ်။ ဒါပေမယ့် ပြဿနာကြီးလာရင် လုံခြုံရေးအတွက် ရဲကနေတပ်အထိ လိုလာနိုင်ပါတယ်။ ဒီ့အတွက် အစိုးရမှာ အာဏာမရှိပါ။


တတိယက မြန်မာပြည်ရဲ့ ပုံရိပ်ဟာ သာဝလုပ်ထားလို့ ကမ္ဘာပေါ်မှာ ပုံရိပ်ကျနေပါတယ်။ ဒါ့ကြောင့်ရင်းနှီးမြုပ်နှံမှု ဝင်လာတာဟာ အကန့်အသတ်ရှိနေပါတယ်။ ဥရောပက အလုပ်ဝင်မလာရင်အလုပ်သမားတွေအတွက်က အလုပ်ရှားပြီး အလုပ်ရှင်က ခေါင်းပုံဖြတ်ရ ပိုလွယ်ပါတယ်။ နောက်ဥရောပနဲ့ အမေရိကန်က စီးပွါးရေးလုပ်ငန်းတွေက ကျင့်ဝတ်ကို ကြည့်ရပါတယ်။ ဒါ့ကြောင့် အာရှကလုပ်ငန်းရှင်ထက် လူ့အခွင့်အရေး ပိုလေးစားပါတယ်။ ယခုလက်ရှိမှာက တရုတ်၊ စင်ကာပူ၊ ဂျပန်နဲ့တောင်ကိုရီးယားကသာ အဓိကလာရင်းနှီးမြုပ်နှံနေတာပါ။


စီးပွါးရေးဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ခရိုနီလက်အောက်ခံကို ခန့်လိုက်တာနဲ့ ပြန်ကောင်းသွားမယ်လို့ထင်တာဟာ အတွေးတိမ်တာပါ။ အဲ့ဒါဆိုရင် အဲ့ဒါမျိုးတွေးရင် ဆေးလှုပ်သောက်လို့ ရပါပြီ။နိုင်ငံရေးနဲ့ စီးပွါးရေးဟာ ဆက်စပ်နေပါတယ်။ ရင်းနှီးမြုပ်နှံမှုဟာ တိုင်းပြည်ရဲ့ ပုံရိပ်အပေါ်မှာ မူတည်နေပါတယ်။


ဒီခြေဥနဲ့ သာဝက ကန့်လန့်တိုက်နေသရွေ့ ဒီမိုး ဒီရေ ဒီလူတွေနဲ့က တိုင်းပြည်ဟာ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ကြာနေမှာပါလို့ ပြောပါရစေ။ ကမ္ဘာက အသိအမှတ်ပြုတာကိုတောင် ကန့်လန့်တိုက်နေတဲ့ သာဝကို ရင်ဆိုင်ဖို့တော့ အသေအချာ ပြင်ထားသင့်ပါပြီ။


ပြန်ဆင်ရာမှာ အပြင်စည်း နိုင်ငံခြားမှာ မိမိလူရင်းတွေကို သံအမတ်ကြီးတွေအနေနဲ့ ပို့ထားတပါ။အတွင်းစည်းက မိမိလူစစ်စစ် နိုင်ငံရေးသမားတွေကို ရှေ့နေချုပ်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ဝန်ကြီးချုပ်တွေ ခန့်ထားတာပါ။ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တင့်ကားကို အန်တုနိုင်တဲ့ ယလ်ဆင်Yeltsin လို ဝန်ကြီးချုပ်မျိုး တူရကီက သမ္မတ အာဒီဂန်လို အာဏာသိမ်းတပ်ကို ပြည်သူနဲ့ ပြန်ချဖို့အစီအစဉ်ရှိတဲ့ ဝန်ကြီးချုပ်မျိုး ဖြစ်ဖို့လိုပါတယ်။ ကြွေးပြန်တောင်းပြီး ခြိမ်းခြောက်တာနဲ့ ကြောက်သွားတဲ့ ဝန်ကြီးချုပ်မျိုးမရပါ။ မိမိညီဟာ နိုင်ငံရဲ့ ဒီမိုကရေစီအတွက် အသက်ပေးခဲ့တဲ့ မျိုရိုးကောင်းတဲ့ ဝန်ကြီးချုပ်မျိုးဖြစ်ရမှာဖြစ်ပြီး မိမိညီဟာ လူသတ်သမားက ဝန်ကြီးချုပ်ဖြစ်လို့မရပါ။ ပြီးရင်တိုင်းရင်းသားတွေနဲ့ တသားထဲ မဟာမိတ်ဖွဲ့ပြီး သာဝကို ရွှေဘိုမှာလို မောင်းထုတ်ရမှာပါ။

အားလုံးအတွေးမတိမ်ဘဲ ညီညီညာညာရှိဖို့တော့ လိုပါတယ်။ အချို့လူတွေကို အပြောကောင်းရင် ဒုဝန်ကြီးအဆင့် ဆက်ခန့်ပါ။ တိုက်ပွဲက မပြီးသေးပါဘူး။ သာဝရဲ့စာတွေကို ဖတ်ကြည့်ရင် သိမှာပါ။

1,336 views0 comments

Comments


bottom of page