Myat Tun Oo
သာဝကို မသာချကြရအောင်

နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲဟာ ၄ ရက်သာလိုပါတော့တယ်။ စာရေးသူရဲ့ ဘယ်သူနိုင်မလဲ ခန့်မှန်းချက်ဟာ မှန် မမှန်စိုးရိမ်ခဲ့ရပါတယ်။
ဒါတွေဟာ ယခုအချိန်မှာ အဖြူအမည်း သဲကွဲလာခဲ့ပါပြီ။ အဘရဲ့သတင်းမှန်က ကြေညာချက်ထုတ်အပြီးမှာ လူတွေဟာ ဆိုရှယ်မီဒီယာပေါ်တက်လာပြီး ယခင်ကဘာမှမပါသူများကတောင် စာရှည်ကြီးရေးပြီး သူတို့မဲထွက်ပေးမှာဖြစ်ကြောင်း ထုတ်ဖော်ရေးသားလာကြပါတယ်။ နောက်ပြိး ပြည်သူအများစုက သာဝကို မိမိအလုပ် မိမိမလုပ်ဘဲ ရွေးကောက်ပွဲမှာ ဝင်ရှုတ်သူအဖြစ် သိသိသာသာ ရေးသားလာတာ တွေ့ရပါတယ်။ အားလုံးဟာ ငါတို့မဲထွက်ပေးမယ် ဓမ္မဘက်ကရပ်တည်မယ်၊ အာဏာရှင်ကိုအသက်ပေးပြီး တိုက်ထုတ်မယ်လို့ ကြွေးကြော်လာကြပါတယ်။
စာထုတ်တာက မသေချာလို့ သာဝက အင်တာဗျူးကို Live လွှင့်အပြီးမှာတော့ ပြည်သူအများစုဟာ မဲပေးလို့ ကိုဗစ်ဖြစ်ပြီး သေမယ်ဆိုရင်တောင် အာဏာရှင်တွေ အာဏာပြန်မရအောင် ဓမ္မဘက်က မဲထွက်ပေးမယ်လို့ ဆုံးဖြတ်လိုက်ကြပုံပါ။
ယခုလို သာဝတို့က ကြေညာချက်ထုတ်ပြီး အင်တာဗျူးတွေလွှင့်တာဟာ NLD အနေနဲ့ နိုဝင်ဘာ ၈ မှာအပြတ်အသတ်နိုင်သွားဖို့ သေချာသွားခဲ့ပါပြီလို့ ပြောပါရစေ။
သာဝတွေ အာဏာပြန်မရအောင် မဲပေးပြီး တိုက်ထုတ်လိုက်ကြပါစို့။
သာဝကို ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းစွာ ရိုက်ချလိုက်ကြရအောင်လို့ တိုက်တွန်းပါရစေ။ သာဝက ရှုံးမဲမဲခဲ့ရင်တော့် သာဝကို မသာအဖြစ်နဲ့ ပြည်သူကြီးက ချပေးကြပါ။