top of page
Search

သိလိုက်ရတဲ့ နိုင်ငံခြားက စံနှုန်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 29, 2020
  • 1 min read

မြန်မာပြည်မှာ တပ်ကစီးပွါးရေး ဦးပိုင်ထောင်တယ်။ တပ်မှာ ရာထူးယူတယ်။ ဦးပိုင်မှာလဲ ဒါရိုက်တာလုပ်တယ်။ အကျိုးစီးပွါး ပဋိပက္ခရှိတယ်။ ဒါကအသိသာကြီး။ ဒီမိုနိုင်ငံတွေမှာ တပ်ကစီးပွါးရေးလုပ်လို့မရဘူး။ မြန်မာပြည်မှာက ၂၀၀၈ ခြေဥနဲ့ ကာထားတယ်။

Myanmar Now က ဖော်ထုတ်လိုက်လို့ အခွန်ညွှန်ချုပ်နဲ့ ဆိပ်ကမ်းညွှန်ချုပ်ဟာ ဦးပိုင်မှာပါနေတာ သွားတွေ့ရတယ်။ နောက်ဆုံးသူတို့ကို ဦးပိုင်ကထွက်ခိုင်းလိုက်တယ်။ နောက်ကြောင်းပြန်တော့ အရေးမယူခဲ့ပါဘူး။

ယခု NLD က ရေပန်းစားသူဟာ စစ်အာဏာရှင်တွေနဲ့ ပတ်သက်တာ ခရိုနီနဲ့ ပတ်သက်တာတင်မဟုတ်ဘဲ အစိုးရအလုပ် လက်ခံယူပြီးချိန်အထိ ကိုယ်ပိုင်နဲ့ အခြားအလုပ်တွေကို လက်ခံပြီး ဒါရိုက်တာအဖြစ်၊ အကြံပေးအဖြစ် ဆက်လုပ်နေဆဲဆိုတာကို သိလိုက်ရပါတယ်။ သူကြွေးရှင်းဖို့ သွားတွေ့စဉ်မှာအစိုးရအဖွဲ့ ရာထူးရယူပြီးနေပါပြီ။ ဒါဟာ DASSK ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာအထိကို ဖြစ်လာတာပါ။DASSK ဟာ သူမအစိုးရထဲ ပါလာသူတွေကို အကျိုးစီးပွါး ပဋိပက္ခထဲ ပါနေရင်တော့ အရေးယူမယ်လို့ထင်ပါတယ်။ သူမက စည်းကမ်းလိုက်နာတာကို ကြိုက်တယ်။ ကိုဗစ်ကာလမှာ အစိုးရက အမိန့်ထုတ်ပြီး ဘုရားတက်တာတောင် ကြိုက်သူမဟုတ်ပါ။ ဒီကိစ္စက ဘုရားတက်တာထက် အဆ ၁၀၀ ပိုအရေးကြီးတယ်ဆိုတာကို သူမဖတ်ရင် သိမှာပါ။ ဒါ့ကြောင့်သူမဟာ ဒီလိုကိစ္စတွေကို ကျောသားရင်သား မခွဲခြားဘဲ အရေးယူမှာပါ။ အရေးမယူရင်လဲ တပ်ကိုပြောရခက်မှာပါ။

ဒီနေရာမှာ စာရေးသူစာဖတ်လို့ တူထံက သိလိုက်ရတဲ့ နိုင်ငံခြားက စံနှုန်းက စာရေးသူကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ တူက သူနေတဲ့ နိုင်ငံခြားမှာ ရှယ်ယာဝယ်မလို့ အကောင့်ဖွင့်ရာမှာ မေးတဲ့မေးခွန်းကသင့်မိသားစုဟာ ကုမ္ပဏီမှာ ရှယ်ယာ ၁၀% ရှိလား၊ ရှယ်ယာပွဲစားကုမ္ပဏီမှာလုပ်တာလား၊ ယခင်နဲ့ယခုအစိုးရအဖွဲ့ အဖွဲ့ဝင်လားဆိုတာ ကြေညာရတာပါ။ သူတို့ထံမှာက အကျိုးစီးပွါးစံနှုန်းက မြင့်ပုံပါ။ တပ်ကို လက်ရှိမှာ ဘာမှလုပ်မရသေးပေမယ့် DASSK ဟာ သူ့အစိုးရအဖွဲ့မှာတော့ အဲ့ဒီလို အကျိုးစီးပွါးပဋိပက္ခသမားကို moral high ground and ethic မြင့်ကြောင်း စိတ်ဓာတ်နဲ့ ကျင့်ဝတ်မြင့်ကြောင်း ပြတဲ့အနေနဲ့ နေရာကြီးတွေမှာ မရွေးမိပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။ ခန့်သင့်တဲ့ လက်ရှိနေရာတွေအကြံပေးနေရာတွေကတော့ အဆင်ပြေနိုင်ပါတယ်။

News Credit: Myanmar Now

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 comentários


Albert Wint
Albert Wint
29 de nov. de 2020

နိုင်ငံတာဝန်တွေ လုပ်ပိုင်ခွင့်နေရာမှတာဝန်ရှိနေသူတွေတိုင်းသူပြည်သားနိုင်ငံတော်အပေါ် သစ္စာ ရှိမှုကအရေးကြီးဆုံးလို့ ဗိုလ်ချုပ်အောင်ဆန်းကဒေါ်ခင်ကြည်ကို အကူအညီတောင်းမည့်သူများ ဆွေမျိုးများအိမ်ကိုမလာစေရန်မှာကြားတာသတိတရမှတ်သားမိပါ၏

Curtir

Myint Soe Oo
Myint Soe Oo
29 de nov. de 2020

ကဗျာနှစ်သက် စွဲမက်သော

ဦးမြတ် သို့!!!


***သူတို့သည်***


ဘီယာသောက်၍

မှောက်ကာ အိပ်နေ

ညတွေ မနည်း။


မနက်ခင်းတွင်

တင်းနှင့် ခြင်တွက်

ငွေ အိပ်မက်တွေ

မက်၍ နေဆဲ။


ငွေအထပ်တွင်

အချပ်ရွက်ရေ

လျော့နည်းလေ၍

ဆူဝေ မာန်မဲ။


ခေတ်ကို မယုံ

လှေကြုံလိုက်ကာ

ပုံပြောင်းကာနှင့် ၊ အာဏာ ဖက်တွယ်

ခေတ်ကို ခြယ်သည့် ၊ အစွယ် ထွားထွား

လူတန်းစားနှင့်

ဘားတွင်း ကလပ်၊ ပါးချင်းကပ်၍

အမြတ်ရှာပွဲ

ဘီယာသောက် နွဲ။


တင်မိုး

၈. ၉. ၁၉၆၉


**************************


***ဇာတ်ခုံပေါ်မှာ***

ရွှေရောင်ဝင်းပ

မင်းသားကစဥ်

ကွာကျသွားသော ရွှေရောင်များ။


အပြုံးလက်လက်

ဟန်မပျက်လည်း

ရှက်မိသည်က နှလုံးသား။ ။


တင်မိုး

သဘင် ၊ ၁၉၈၅ ၊ ဖေဖော်ဝါရီ

Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page