top of page
Search

သုံးလဆိုရင်နိုင်မှာလား မအလ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 5, 2021
  • 1 min read

မအလက တရုတ်ကို သုံးလအတွင်း ဒီမိုတပ်ကိုနိုင်မယ်လို့ အာမခံတဲ့စာထွက်လာပါတယ်။ ပထမ ဒီစာက အစစ်လား? အစစ်ဆိုရင် သုံးလအတွင်း မအလက ဒီမိုတပ်ကို အမြစ်ပြတ်နိုင်မှာလား လေ့လာကြည့်ရအောင်။ ပထမဆုံးက မအလက တရုတ်ကို သုံးလအတွင်း PDF တွေကို ရှင်းနိုင်မယ်လို့ပြောတာဟာ ဟုတ်ပါတယ်။ တရုတ်ကမေးလို့မဟုတ်ပါ။ စာရေးသူယခင်ကရေးတဲ့အတိုင်း နိုဝင်ဘာ ၂၂ ရက်မှာ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးရှိလို့ သူ့ကိုဖိတ်အောင် တရုတ်နိုင်ငံကို သူက သုံးလအတွင်း နိုင်ငံကိုထိန်းချုပ်နိုင်မယ့်လူ ဒါ့ကြောင့်ဖိတ်ပါဆိုတဲ့သဘော ရေးတာပါ။ အစီရင်ခံတာတော့မဟုတ်ပါ။ ဒါ့ကြောင့် သူပြောတာက တကယ်ပါ။ ဒါဆိုရင် သူပြောတဲ့အတိုင်း သုံးလအတွင်း PDF ကိုမအလဖက်ဆစ်တပ်က တကယ်နိုင်မှာလားဆိုတာပါ။

မအလပြောတာကို သင်ယုံခဲ့ရင် သင့်ကို ဘထိန်ခေါ်သလို ောက်ရူး သုံးခါခေါ်ပါမယ်။ မအလကတော့သူ့အောက်က အစီရင်ခံစာတွေဖတ်ချိန်မှာ ရထားပေါ်ကရဲအသတ်ခံရလဲမိ၊ ဘဏ်ဓားမြအတိုက်ခံရလဲသီလရှင်ကအစ မြောင်းမြဒေါ်ချိုအထိ မိတာတွေကြည့်ပြီး ငါ့တပည့်တွေ တော်လှချည်လား ထင်နေမှာပါ။ နောက်ဖြစ်တဲ့ အဖြစ်အပျက်တိုင်းကိုကြည့်ရင် NLD အမတ်ဟောင်း ဇေယျာသော်ကို အပြစ်တင်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် သူ့ကိုတော့ မမိသေးပါ။ သူက သူရဲကောင်း super hero တောင်ဖြစ်နေပါပြီ။ယခုဆိုရင် သူတို့တပ်ရဲ့ ဘဏ္ဍာထိန်းတောင် အသတ်ခံရလာပါပြီ။ သူတို့က ပြစ်မှုကျူးလွန်သူတွေကို ဒီလောက်တောင် မိနေရင် ဘာလို့သူတို့အပစ်ခံရတာက မကျသွားလဲ? ဒါကဦးနှောက်ရှိရင် စဉ်းစားလို့ရပါတယ်။ စာရေးသူအနေနဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ အခြားနေရာတွေကို မပြောဘဲ ရန်ကုန်မြို့ကြီးမှာတောင် နောက်သုံးလနေရင် ပစ်တာဟာ ရပ်မသွားဘူးဆိုတာ ရဲရဲကြီး အာမခံပါတယ်။


ရန်ကုန်ပြီး အခြားနယ်တွေကို ကြည့်ရအောင်။ AA ကိုတောင် နှစ်နှစ်တိုက်တာ မအလဖက်ဆစ်တပ်ကနိုင်ခဲ့ပါသလား? ယခု NUG က အခွန်တွေ စကောက်နေပါပြီ။ ပြည်ပက မြန်မာများက လှူနေကြပါတယ်။ သူက စာရေးသူ ယခင်ကရေးခဲ့သလိုဘဲ အသိအမှတ်ပြုတဲ့နိုင်ငံရှိလို့ တရားဝင်ဘဏ်စာရင်းနဲ့နိုင်ငံအနေနဲ့ အခွန်ကောက်နေတာပါ။ သူ့ရဲ့ဝင်ငွေဟာ များလာဖို့သာရှိပါတယ်။ ဒါ့ကြောင့်သူ့ကိုသစ္စာခံထားတဲ့ သူ့လက်အောက်ကတပ်တွေဟာ ရှေ့လတွေမှာ လက်နက်ပိုရလာဖို့သာရှိပါတယ်။ PDF တွေရဲ့တိုက်ခိုက်ရေးစွမ်းရေဟာလဲ ပိုတိုးတက်လာမှာပါ။ ယခုတာင် မိုင်းဆွဲတာက အင်မတန် စနစ်ကျလာပါတယ်။ အချို့လဲ RPG အထိ သုံးလာနိုင်နေပါပြီ။ မအလတပ်က အလှူဝင်ပေးတာလဲ ရှိပါတယ်။


အကျဉ်းချုပ်ရရင် နေပြည်တော်ကို ဘယ်အချိန် PDF က ဝင်သိမ်းမလဲ မပြောနိုင်ပေမယ့် PDF ကို သုံးလအတွင်း မအလတပ်မပြောနဲ့ တရုတ်တပ်၊ ရုရှားတပ်၊ အမေရိကန်တပ်က ဝင်တိုက်ရင်တောင် သုံးလအတွင်း မနိုင်နိုင်ပါလို့ အသက်အာမခံ လောင်းကြေးထပ်ရဲပါတယ်။ တရုတ်နိုင်ငံလဲ အဲံဒီလောက်မညံ့မပိန်းဘူးလို့ ယုံကြည်ပါတယ်။ ဘာလို့ PDF ကို သုံးလအတွင်း မနိုင်နိုင်လဲဆိုတော့ ပြည်သူက PDF ကိုထောက်ခံလို့ပါ။ ဒါပါဘဲ။ မယုံရင် နောက်သုံးလ ပြန်သုံးသပ်ပြပါ့မယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 05, 2021

ဦးမြတ်!!ကြားဖူးခဲ့သော သီချင်းထဲကအတိုင်း ဖြစ်စဉ်က ပြည်ပ ပြည်တွင်း

တူညီလှပါသည်။

အရှေ့ကို လျှောက်ပါလို့

အနောက်ကိုတဲ့ မျှော်လိုက်ရင်

မျှော်လိုက်ရင်???

အရှေ့နှင့် အားမရလို့ အနောက်က ရစ်ချတ်ဆင်ပါ တွေ့ဆုံရပြီး အရှုပ်တွေ လုပ်နေရပါသည်။

ပြည်တွင်း စစ်ကိုင်း ချင်းဖက်မှာလည်း

ရှေ့ကို လျှောက်ပါလို့

အနောက်ကိုတဲ့ မျှော်လိုက်ရင်

{{ တံခွန်တိုင် ရွှေကုက္ကားနဲ့

ဗောဓိ ရွှေကျောင်း}}မတွေ့ ရပဲ

ပေါရိသာရ အလောင်းများသာ

ထပ်နေကြောင်း သတင်းများအရ သိရပါသည်။ အလောင်း ထပ်၍ အလပ်တွေအထောင်းခံနေရကြောင်းလည်း သိရပါသည်။

မနေ့ကသတင်းဆိုလျှင် တပ်ကုန်းသူကြောင့် တပ်ပြုန်းမှုကိုလည်း ဖတ်ရပါသည်။

ပြုန်းတီးမှုအား ကောင်းလေလေ ပီဒီအက်ဖ်ကို ညိုးလေလေဖြစ်ပါသည်။ ဗီဇကိုက အာဃာတ အညှိုးတရား ကြီးလွန်းလှပါဘိ။ ချောက်မြို့နယ် ဂွေးပင်ရွာမှ ဘော်ဒါအုပ်ကျောင်းဆရာကို ပီဒီအက်ဖ် ထောက်ပံ့မှု စွပ်စွဲချက်ဖြင့် သတ်ပစ်မှု ထင်ရှားလှပါသည်။

ပြည်တွင်းမှာသာ ထောက်ပံ့သူကို သတ်ပြနေသော်လည်း ပန်ဆယ်လိုနဲ့ ထားထက်ထက်တို့ထံသို့ ဝင်လာမစဲ တသဲသဲ။

ကိုယ်စား ပြောပေးပါရန် မေတ္တာရပ်ခံပါသည်။

ကလေး* မြောင်* ထီးချိုင့်*ဂန့်ဂေါ*အစရှိသည့် နယ်မြေခံများသို့လည်း တချက်လောက်တော့ ငဲ့ ကြည့် ပေးပါရန်။

ခြေတက် လူငယ်အသင်းများကို မြေတောင်မြှောက်ပေးရန်ဖြစ်ပါသည်။

သက်လုံအတွက် အာဟာရ

ကစားကွက်အတွက် နည်းစနစ်

အပြည့်အဝရရှိပါက

ပထမပိုင်းတွင်ပင်

ဂိုးပြတ် အနိုင်ရနိုင်ပါလိမ့်မည်ဟု

ယုံကြည်မျှော်လင့်လျက်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page