top of page
Search
  • Writer's pictureMyat Tun Oo

သူရဦးအောင်ကို(သို့) အဘအိမ်မက်ဖျက်ဆီးသူ(Unicode ဖြင့်ဖတ်ပါ)



စာဖတ်သူများစဟာစာရေးသူတို့တပ်ကဆိုရင်သံသယရှိကြမှာသဘာဝပါ။မိုးကျဆိုပိုဆိုးပေါ့။ဒီအထဲမှာDASSK အစိုးရထဲပါလာတာကသူရဦးအောင်ကိုရယ်ဦးသိန်းဆွေရယ်ပါ။ဦးသိန်းဆွေကိုတော့ဂျပုသမီးကသစ္စာဖောက်လို့စွတ်စွဲတဲ့အထိအရှိန်တက်ခဲ့ပါတယ်။ဒါတောင်ဦးသိန်းဆွေကဘာမှတပ်ဆန့်ကျင်တာလုပ်သူမဟုတ်ပါ။သူ့ပြစ်မှုကNLD အစိုးရအဖွဲ့မှာဝန်ကြီးလုပ်မှုပါ။

ဒီမိုအစိုးရတက်အပြီးမှာဘာသာရေးပြဿနာနဲ့ကရင်ပြည်နယ်မှာမီးစမွှေးခဲ့ပါတယ်။ကရင်ပြည်နယ်ဝကခ၊သူရဦးအောင်ကိုနဲ့ပြည်သူတွေကငြိမ်းချမ်းစွာဖြေရှင်းနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာမဘသမလိုဘူးလို့ကွီးဖြိုးပြောအပြီးမှာသူရဦးအောင်ကိုကလဲသဘောတူလို့သူ့ကိုစပြီးပြဿနာရှာပါတယ်။စစချင်းစီစဉ်ထားတာကသူ့ကိုဖမ်းလို့ရမှာမဟုတ်လို့သူ့သမီးတစ်ခုခုရေးရင်၆၆(ဃ)နဲ့ကိုင်ဖို့ပါ။သူရဦးအောင်ကိုကမြွေမြွေချင်းခြေမြင်ပြီးသူ့သမီးကိုအကောင့်ပိတ်ခိုင်းလိုက်လို့ဘာမှလုပ်မရတော့ပါ။

သူကလွှတ်တော်အပြီးသတင်းစာရှင်းလင်းပွဲတွေမှာသူကသူလုပ်စရာရှိတာလုပ်ပြီးကြောင်းပြည်ထဲရေးကအရေးမယူတာသာဖြစ်ကြောင်းရှင်းပြပြီးချိန်မှာတပ်ရဲ့အတိုင်ကိုခံရပါသေးတယ်။ယခုအချိန်မှာလဲဝီဝီဟာစကားပြောရင်းကျွံသွားခဲ့ပါတယ်။သူ့ကိုဒီမိုအစိုးရကအမှုဖွင့်ချိန်မှာတော့သူဟာစည်းချက်ညီဝင်လှုပ်ရှားနိုင်ခဲ့ပါတယ်။တရားမဝင်အဖွဲ့ကိုသိန်း၃၀၀လှူတာကိုလဲလူသိအောင်ထောက်ပြခဲ့ပါတယ်။အချို့ကဝီဝှအရှုးထတိုင်းသာဝန်ကိုဘာလုပ်နေလဲမေးလေ့ရှိပါတယ်။ယခုကတော့မဘသနဲ့သူတို့ကိုထောက်ခံတဲ့သူများဟာမှားနေတယ်ဆိုတာကိုသာသနာရေးကထောက်ပြလိုက်ပါပြီ။

၂၀၂၀မှာဖွတ်နဲ့မဘသပေါင်းပြီးမဲဆွယ်မယ့်အိမ်မက်ဟာကွီးဖြိုးနဲ့သူရဦးအောင်ကိုကြောင့်စောစီးစွာလန့်နိုးခဲ့ရပါပြီ။သူဟာသူ့ရဲ့တပ်နောက်ခံကြောင့်ဒီမိုအချို့မယုံတဲ့ကြားကအခက်အခဲတွေကြားထဲကမဘသကိုကိုင်တွယ်နေပါတယ်။အားလုံးသူ့ကိုဝန်ရံထားကြပါ။

1,079 views2 comments
bottom of page