top of page
Search

သူမကို လျှော့မတွက်ပါနဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 22, 2020
  • 1 min read

ကိုဗစ်မှာ အလုပ်ရှင်ကလဲ အချို့က ကုန်ကြမ်းမရလို့ပိတ်၊ အချို့ကဖွင့်ချင်၊ အချို့က စိတ်ပူ၊ အချို့ကလဲ အစိုးရဆီက အလကား အကူအညီလိုချင် လူမျိုးစုံပါ။

အလုပ်သမားဘက်ကလဲ အချို့ကအလုပ်လုပ်ချင်၊ အချို့က တကယ်သေမှာကြောက်၊ အချို့ကပိုက်ဆံယူပြီး အလုပ်မလုပ်ချင်၊ အချို့က မြှောက်ပေးလို့ဆန္ဒပြ၊ လူပေါင်းစုံပေါ့။

အစိုးရကို ကိုယ်စားပြုတဲ့ အလုပ်သမားနဲ့ ကျန်းမာရေးက အမိန့်ထုတ်တာက နောက်ကျတော့ အားလုံးလိုတာထက်ပို ဒုက္ခရောက်သွားပါတယ်။

ဒီမှာ အချို့ကလဲ နားလည်သီးခံပြီး ဖြတ်သန်းသလို အချို့ကလဲ ရွှေလင်ဗန်းစက်မှုဇုံဥက္ကဌဦးအေးသောင်းဆို ကမ္ဘာပျက်ပြီး အစိုးရကို ဆူပူမှုတွေဖြစ်မယ် ဘာညာနဲ့ ဖောင်းထုသွားပါတယ်။

ဒီကိစ္စက ကမ္ဘာပေါ်မှာလဲ ကိုင်တွယ်ရခက်တဲ့ကိစ္စပါ။ အမေရိကန်နဲ့ အင်္ဂလိပ်ကတော့ ငွေနဲ့ရှင်းတာပေါ့။မြန်မာပြည်လိုတိုင်းပြည်မှာက ငွေမရှိသလို သူတို့လိုလဲ ဒီမိုစနစ်ကအထာမကျ၊ ခြေဥကလဲကန့်လန့်ဆိုတော့ ရှင်းရခက်မှာပါ။ ဥပမာ အလုပ်သမားတွေစက်ရုံပိတ် ဆန္ဒပြတာမျိုးက ဖမ်းလိုက်ရင်လွယ်သလိုအပေါ်ယံကရှိပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲကြီးလာရင် နှိမ်နင်းဖို့က ရဲမရရင် တပ်လိုပါမယ်။ ဒါဆို ကာလုံခေါ်ရပါမယ်။ ဒါက အချို့လုပ်ငန်းရှင်နဲ့ လွှတ်တော်အမတ်အချို့ ကိုင်ခိုင်းသလို ကိုင်လိုက်ရင်ဖြစ်လာနိုင်တာပါ။

ဒီနေ့မနက်မှာ DASSK နဲ့ အလုပ်သမားအတွင်းဝန်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တွေ စကားပြောကြပါတယ်။ သူမက စစချင်း သူမရဲ့ အလုပ်သမားဝန်ကြီးဌာနက စာထုတ်တာနောက်ကျတာကို တောင်းပန်သွားပါတယ်။ ဒါက မင်္ဂလာတစ်ပါးပါ။

နောက်သူမက စင်ကာပူက အလုပ်သမားဆောင်ကနေ ကိုဗစ်ကူးတာတွေကိုတောင် သိနေပါတယ်။သတင်းတွေကို အမြဲဖတ်နေပုံပါ။ up to date ပါ။ အဘက နိုင်ငံခြားကရေးထားတာ မဖတ်တတ်ပေမယ့်အမက ဖတ်တတ်တော့ အသိပညာပိုကြွယ်တာပေါ့။

သူမက ပြောလိုသူတွေကို စကားပေးပြောပြီး အချိန်ယူနားထောင်ပါတယ်။ ပြီးမှ သူမလုပ်ပေးနိုင်တာတွေကို ပြန်ပြောပြပါတယ်။ ဒီပွဲရဲ့ ကောင်းတဲ့အချက်က ဒီလိုသူတို့အားလုံးကို ကင်မရာရှေ့မှာစကားပြောခိုင်းလို့ သူတို့ဂျင်းထည့်ရင်လဲ ပြည်သူကသိနိုင်တာပါ။

သူမကို စာဖတ်နိုင်တာ၊ ခေါင်းဆောင်မှုပေးနိုင်တာ အကြမ်းဖျင်းအားဖြင့် သိနေပေမယ့် ယခုရက်ပိုင်းထုတ်တဲ့ ကြေညာချက်တွေ ပြောဆိုတာတွေ မြင်ရကြားရတာဟာ သူမရဲ့တိုင်းပြည်အပေါ်ထားတဲ့စေတနာကို သွားတွေ့နေရပါတယ်။ ယခုလို Facebook ကနေ အောက်ကလူတွေနဲ့ တွေ့လာတာဟာအင်မတန်ကောင်းပါတယ်။

သူမဟာ သတင်းတွေသူမထံရောက်ရင် သူမမှားရင်တောင် ပြန်ပြင်ဖို့ ဝန်မလေးဘူးဆိုတာလဲ သိလိုက်ရပါတယ်။

မြန်မာပြည်ကိုဗစ်ဖြစ်ချိန်မှာ သူမကို ခေါင်းဆောင်အဖြစ်ရလိုက်တာဟာ အင်မတန် ကံကောင်းပါတယ်။ သူမကို လျှော့မတွက်ပါနဲ့။

Photo Credit: Myanmar State Counsellor Office

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
Apr 22, 2020

ဂါရဝဖြင့် ဦးမြတ်! အတွင်းအဇ္စျတ္တကို မြင်အောင်မကြည့်နိုင်ပဲ အပေါ်ယံလောက်ကြည့်ပြီး လျော့တွက်ကြလျှင်ဖြင့် ?DASSK ကို ဘယ်ပါတီဝင်မှ မဟုတ်တဲ့သူကကြည်ညိုသည်မှာ ဖွါးစု၏ ဟဒယမှာ ကိန်းသော ဓါတ်ကို ကြည်ညိုခြင်းဖြစ်ပါသည်။ ဒို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ။ အဘိုး အဖေတို့၏ ကောင်းမြတ်သောအရည်အချင်းများ အမွေကို အနှစ်အနေနဲ့ #စု#ရထားသမို့ ဖွါးစု အဖြစ်ကြည်ညိုပါ၏။ကျွန်တော်၏ ဆရာ လွန်ရှာပြီဖြစ်သော Drမြင့်သိန်း(ရူပဗေဒ) ဆုံးမမှူမှာ #တပည့်ဟာ ဆရာထက်တော်ရမယ် # #သားသမီးဟာ မိဘထက်ချွန်ရမယ်# ချွန်လာတဲ့အခါမှာလည်း ဘယ်သူနဲ့မှ တန်းညှိ မပြိုင်နဲ။ မနေ့က ငါနဲ့ ယနေ့ငါပြိုင် ။ အဲဒါမှ တိုးတက်ခြင်း အစစ် ဟု ဆုံးမခဲ့ပါသည်။ဆရာ့အဆုံးအမနဲ့ ကြီးပြင်လာရတော့ ဟုတ်ပါလားရယ်လို့။ကြည်ညိုခြင်း၏ အခြေခံ အစပါ။ ကျွန်တော်ရေးရင် ဘုရားရှင်အဆုံးအမများအပေါ် အခြေခံမှီခိုရေးသားခြင်းများပါသည်။ခုတော့ ရေငတ်တုံး Alpine နဲ့ တွေ့ရပါပြီ။ပြောခဲ့သလို အဇ္စျတ္တမှာကိန်းသော ဓါတ် = ဗုဒ္ဓဘုရားရှင်အလိုတော်ကျ ဉာဏ်ပညာ။တင်ပြဆွေးနွေးသူ မေ့ကျန်နေတာ ထောက် ကောက်ဆွေးနွေးနိုင်တယ်ဆိုတာ (၇၀ကေျာ်ပုဂ္ဂိုလ်တစ်ဦး၏)သတိအား ကောင်းလွန်းလို့ပါ။သတိအားကောင်းဖို့ ခေတ်သစ်ဆေးဝါးတွေ အထောက်အကူနဲ့ ရကြစတမ်းဆိုလျှင် ကမ္ဘာ့သက်ကြီးအိုတွေခံစားနေရတဲ့ ပါကင်ဆန်တို့ အယ်ဇိုင်းမားတို့ ဖြစ်ပေါ်လာစရာအကြာင်း မရှိပါ။အရပ်ထဲ၇၅ဝန်းကျင်တွေအများစုဟာ မေ့လျော့ကြပါပြီ။ဘာလို့များသတိအားတွေကောင်းနေရတာလဲ။#တစ်ကြောင်းတည်းသာရှိသော သတိပဌာန်အလုပ် ကောင်းစွာလုပ်ထားခြင်း#ကြောင့်ဖြစ်ပါသည်။မမေ့မလျော့ မပေါ့မဆပဲ ပြည့်စုံစွာ ဖြည့်ကျင့်ရစ်ကြ နောက်ဆုံးသော သြဝါဒအဆုံးအမတော်။ #သတိပညာ#တွဲလျက်ပါ။အရာရာတိုင်းကို ပကတိအတိုင်း ဟုတ်မှန်စွာ ရှုမြင်သော ယထာဘူတဉာဏ်/ဝိပဿနာဉာဏ်ပညာ/အမှန်သစ္စာနှင့်လျော်ညီသော သစ္စာအနုလောမိကဉာဏ်။ ဒို့ ၁၄ ရက်နေရတာပျင်းလို့ ခါလူးနေပြီ။ ၁၄ နှစ်ဆို သေလောက်တယ်ဆိုတဲ့ ပို့စ် တခုတွေရတယ်။သမီးသားဇနီးမယား ဖုန်း တီဗီတွေနဲ့တောင် ခါလူးနေရင်? နှစ်ရှည် တစ်ယောက်ထဲ! သတိအဖေါ် ပညာအဖေါ် နဲ့ မော် (ပျော်မဟုတ်ပါ)။ မော်မှာပေါ့! အဲဒီအခိုက်မှာ ကိလေသာ (ဉာဏ်ကိန်းချိန်) မရှိ။ကိလေသာ=ကိန်းရာပုဂ္ဂိုလ်ကို ညစ်နွမ်းပူလောင် စေ၏။ နောက်ပို့စ်တစ်ခု အီတလီဝကခနှင့်အခြားဝကခ မျက်ရည်ဝဲနေပုံနဲ့ အပြုံးဆင်နေနိုင်တယ်လို့ နှိုင်းယှဥ်လာတဲ့အပေါ်…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page