top of page
Search

သွေးမကွဲနဲ့ ခွေးဆွဲမယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 1, 2021
  • 1 min read

မအလနဲ့ သူရဲ့စစ်တပ်ဟာ အာဏာသိမ်းဖို့အတွက် NLD အစိုးရတက်လာပြီး သူ့ကာချုပ်သက်တမ်းတိုးတာကို လက်မှတ်မထိုးပေးကထဲက မကောင်းကြံခဲ့ပါတယ်။ ပထမ စီမံဘဏ္ဍာဝန်ကြီးဦးကျော်ဝင်းကိုကောလဟာလတွေနဲ့ ပြုတ်အောင်လုပ်ပါတယ်။ အနီအချို့က ယုံခဲ့ပါတယ်။ သူ့ကိုအစိုးရအဖွဲ့က ထွက်ရအောင်လုပ်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ နောက် ဘထိန်ကို DASSK အနားကထုတ်ဖို့ကြိုးစားပါတယ်။ ကောလဟာလတွေထုတ်ပါတယ်။ အနီအချို့က ယုံပါတယ်။ ဘထီန်လဲ DASSK အနားက ထွက်သွားခဲ့ရပါတယ်။ နောက် DASSK နားက သက်တော်စောင့်ကိုလဲ သေအောင် မအလနဲ့ အပေါင်းအပါဝန်ကြီးအချို့က ဝိုင်းလုပ်နိုင်ခဲ့ပါတယ်။ ကွီးဖြိုးဟာလဲ မအလကို ညွှန်ချုပ်အဆင့်ပြောပြီးကထဲက မအလဟာ အငြိုးထားခဲ့ပါတယ်။

ကိုဗစ်ဖြစ်ချိန်ကစလို့ အာဏာသိမ်းချိန်အထိ DASSK နဲ့ NLD က လူကြီးတွေ အလွတ်သဘောတွေ့လို့မရတော့ပါ။ တကယ်အာဏာသိမ်းတော့ DASSK နားမှာ ဘယ်သူမှမရှိခဲ့ပါ။ မအလတပ်က ဘထိန်နဲ့DASSK ရွေးကောက်ပွဲအပြီး သိပ်အပြောအဆိုမရှိတာအပေါ်မူတည်ပြီး လွှတ်ထားချိန်မှာ DASSK ကအရေးကြုံချိန်မှာမှ ဘထိန်ကိုသာ စာပေးသွားခဲ့တာပါ။

ယခုအာဏာသိမ်းအပြီးမှာ စီမံဘဏ္ဍာဝန်ကြီးဦးကျော်ဝင်းကိုဖမ်းထားတာ အားလုံးသိမှာပါ။ ဘာလို့လဲဆိုတော့ မအလဟာ မိုင်တဲဗီယက်နမ်က ဒေါ်လာတစ်သန်း လာဘ်ယူတာကို သူကအကောင့်ထဲဝင်တာသိချိန်မှာ အထက်ကိုတင်ပြလို့ မအလက ဝင်ငွေကြေညာပြီး အခွန်ပေးခဲ့ရပါတယ်။ သူလာဘ်စားတာကို ဖော်ခဲ့လို့ ဦးကျော်ဝင်းကို အငြိုးထားခဲ့တာပါ။ ဘထိန်ကိုလဲ ဖမ်းထားတာအားလုံးရှင်းပါတယ်။

ကွီးဖြိုးကို ဒုတိယအကြိမ်ပြန်ဖမ်းချိန်မှာ နှိပ်စက်ပါတယ်။ မေးသူက ဗိုလ်မှူးကြီးအဆင့်ပါ။ အစာမကျွေးတာ မအိပ်ရအောင်လုပ်တာကအစ မျိုးစုံနဲ့လုပ်ပါတယ်။ နောက်ဆုံးမရတဲ့အခါ သူ့မိန်းမကို ဖမ်းပြီးနှိပ်စက်ပါတယ်။ ယခုအထိလဲ သူ့မိန်းမကို ဖမ်းထားပါတယ်။ သူနေပြည်တော်ကိုသွားချိန်မှာ သူ့မိန်းမကို ဓားစာခံအဖြစ် ရေကြည်အိုင်မှာ ခေါ်ထားပါတယ်။ သူတို့ကို ဘာပြစ်မှုနဲ့မှ တရားစွဲထားတာမဟုတ်ပါ။ ဒါ့ကြောင့် သူတို့လင်မယားကိုတရားမဝင်ဖမ်းထားတာပါ။ ကွီးဖြိုးက ပါတီ CEC မိုလို့ဖမ်းရင်တောင် တရားစွဲရပါမယ်။ ဒါ့ကြောင့် တရားမဝင်ပြန်ပေးစွဲ (illegal hostage taking) တာပါ။ ဒါကအကြမ်းဖက်အဖွဲ့တွေမှာ လုပ်လေ့ရှိပါတယ်။ ယခင်ကထဲက အငြိုးထားခံရသူ ကွီးဖြိုးကို ယခုအချိန်မှာ ဘာပုဒ်မနဲ့မှ တရားမစွဲတာဟာ မထူးဆန်းဘူးလား စဉ်းစားပါ။

ဟာငါတို့က နှိပ်စက်တာခံနိုင်ရမယ် ဘာညာပြောသူအချို့ရဲ့အကောင့်ကိုကြည့်ရာမှာ အချို့က မိမိအကောင့်ကို Lock လုပ်ထားပြီး အချို့က နိုင်ငံခြားကနေပြောသူများပါ။ ထိုသူများကို ရွှေပြည်သာနဲ့ရေကြည်အိုင်စစ်ကြောရေးကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ အပြောမကြီးပါနဲ့။ ဒါ့ကြောင့် စာရေးသူက PDF တွေကိုတောင် နိုင်ငံခြားကနေကြားခံလူကနေ ဆက်သွယ်ဖို့အမြဲပြောနေတာပါ။ သူစစ်ရင်ဘယ်သူမှမခံနိုင်ပါဘူး။ နိုင်ငံရေးသမားတွေဟာ အမေရိကန် မရိမ်းတပ်၊ အထူးတပ်လို အနှိပ်စက်ခံနိုင်အောင် လိမ်တာကိုစစ်တဲ့စက်နဲ့မေးတာကို စက်ကိုနိုင်အောင်ဖြေတတ်အောင် လေ့ကျင့်ထားတာမဟုတ်ပါ။

မအလဘာလို့ဒါမျိုးလုပ်လဲ။ ရည်ရွယ်ချက်ကရှင်းပါတယ်။ NLD ထဲမှာ ဒီမိုတွေထဲမှာ သွေးကွဲအောင်ပါ။ နောက်ကွီးဖြိုးကို နိုင်ငံရေးသေအောင်ပါ။ သူ့ကိုမယှဉ်နိုင်အောင်ပေါ့။ ဒါပေမယ့် မအလရဲ့ ဒီတွက်ချက်ဟာ ဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်းမှာ ပြီးသွားခဲ့ပါပြီ။ ယခုအချိန်မှာ NUG က ဆရာဇော်ဝေစိုးတို့ ဒေါက်တာဆာဆာတို့က တက်သစ်စ ကြယ်ပွင့်လေးတွေ ဖြစ်လာခဲ့ပါပြီ။ ကိုမင်းကိုနိုင်ဟာလဲDASSK ပြီးရင်သူ့နေရာတက်မယ့် နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ပြည်သူ့ရင်ထဲမှာ ဝင်လာနေပြီးသားပါ။

ဒီနေရာမှာ စာရေးသူကို ကွီးဖြိုးအကြောင်းမေးသူများကိုပြောလိုတာက စာရေးသူအနေနဲ့ ကွီးဖြိုးဘာပြောပြော စိတ်မဝင်စားပါ။ သူဟာအကြမ်းဖက်အဖွဲ့ထံ ရောက်ရှိနေတဲ့ ဓားစာခံပါ။ သူ့မိန်းမဟာလဲဓားစာခံပါ။ စာရေးသူစိတ်ဝင်စားတာက တော်လှန်ရေးကို ဘယ်လိုနိုင်အောင်တိုက်မလဲဆိုတာပါ။စာရေးသူတို့လူမျိုးက အကွက်တွေရိုးပေမယ့် သွေးခွဲရလွယ်တယ်ဆိုတာ မမေ့ပါနဲ့။ အလှူငွေကိစ္စမြေပြင်မှာ သေအောင်လုပ်နေတဲ့ ဆရာမငြိမ်းကိုတောင် စာရင်းရှင်းဖို့ပြောနေသူက အမေရိကန်ကယခင်စစ်အစိုးရနဲ့ ပေါင်းစားသွားတဲ့ အမျိုးသမီးပါ။ ဒါကိုလဲ ယုံသူက ယုံတာပါဘဲ။ မအလ ဆိုက်ဝါးက အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။

အကျဉ်းချုပ်ရရင် တော်လှန်ရေးကို အာရုံစိုက်ပါ။ မအလကိုဖြုတ်ချဖို့ဟာ NLD အတွက်မဟုတ်ဘဲ မိမိသေတွင်းကလွတ်ဖို့ဆိုတာကို သိကြပါ။ သွေးမကွဲကြပါနဲ့။ သွေးကွဲရင်တော့ ခွေးဆွဲတာ ခံရပါလိမ့်မယ်။ မအလဟာ ကွီးဖြိုးလောက်ကိုသာ နိုင်ငံရေးလုပ်ကြံရင်း ကျန်ခဲ့ပေမယ့် ယခုခေတ်က NUG ခေတ်ဖြစ်သွားခဲ့ပါပြီလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 02, 2021

ဦမြတ်!!!ဦးဖြိုးသည် ဒုတိယ*ငခင်ညို*ဟု တင်စား​ခေါ်​ဝေါ်ပါရ​စေ။

ဘုရင်ကို မသတ်ခဲ့ပါ။ ယုံကြည်နိုင်စွမ်းရိှ​အောင် သလွန်ထက်က ​ဆောင်ဓါးသန်လျက် ယူြပီး ပြန်ထွက်ခဲ့ပါသည်။

ရှဥ့်လည်း ​လျောက်၊ ပျားလည်း စွဲ ဖို့ပါ။

ဖတ်မိရ​သောသတင်းအရ

DASSK ကို လှည့်လည်း မကြည့်၊ နှုတ်လည်းမဆက်၊ ဦး​ခေါင်း ငုံ့၍ ြဖတ်​လျှောက်သွားသည်ဟု သိရပါသည်။

~မျက်နှာက မပြုံး

~ရင်တွင်း နှလုံးသားမှာကျတဲ့ မျက်ရည််

ရင်နှင့်အမျှ ချစ်ရ​သောအ​မေ မမြင်​စေလိုပါ။ အ​မေ့အစား သား!နာမည်နှင့် ဘဝ အပျက် အသုဥ်း အဆုံးရှုံး ခံလိုက်ပါမယ်။ အ​​မေနှင့်တကွ ပြည်သူတစ်ရပ်လုံး အတွက်ပါ။

​ခေါင်းငုံ့ ​လျှောက်သည် ဆို​သောအချက်သည် ပညာရိှတို့ချင်း ဆက်သွယ်မှုပြကိရိယာ တစ်ခုြဖစ်ပါသည်။

~ဂါရ​​ေဝါ စ ၊ နိဝါ​တော စ

နိှမ်ချ ရိုကျိုးခြင်း မင်္ဂလာတရားများဖြင့်

​ထောင်လွားမာန မရိှရာ​ကြောင်း

​မေတ္တာမပြယ် ဆက်လက် ကိုးကွယ်ဆဲပါ။​

​မေတ္တာဆိုသည်မှာ ​ဒေါသရန်သူ၏ ဆန့်ကျင်ဖက်။

​မေတ္တာ​ပေး၍ ​မေတ္တာ ခံယူရယူမှန်သမျှ

​မေတ္တာရှင်ကို မမှန်းတီးကြပါ။


ဖွားစု နှင့်

ဦးဖြိုး

ဆထက်တိုး

စိတ်အရာမှာ

ပိုပို ချမ်းသာကြပါ​စေ။


ဦးမြတ်!အမြင်ကွဲလွဲလျှင် နားလည်ခွင့်​ပေးပါရန်


Like

ayeyarr
ayeyarr
Oct 02, 2021

Totally agree with you!

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page