top of page
Search

သူဖြတ်တာခံမှာလား ကိုယ်ကဖြတ်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 11, 2021
  • 1 min read

စစ်တိုက်ရင် လူသေပါတယ်။ ဒုတိယကမ္ဘာစစ်လိုပေါ့။ ဒါပေမယ့် အချို့ အာဏာရှင်တွေက လက်နက်နဲ့ စကားပြောမှနားလည်တာလဲ ရှိပါတယ်။ ဒီနေရာမှာ စစ်တိုက်ရင်အရပ်သားကို ရှောင်ရပါမယ်။ မအလက ဒါတွေနားမလည်ပါ။

ယခု တပ်တွေဟာ ပြည်မကနေ ရွှေ့နေပါတယ်။ ရန်သူဟာ ပဲခူးက၊ အင်းတိုင်က၊ ပြည်က၊ ပခုက္ကူကနေ အလွယ်တကူ တင့်ကားတွေနဲ့ သွားလာနေပါတယ်။ ချင်းတောင်ပေါ်၊ စစ်ကိုင်းကိုရောက်ရင် နောက်ကျသွားတတ်ပါတယ်။ စစ်တိုက်ရင်တော့ ညှာလို့မရပါ။

၁၉၄၁ မှာ နာဇီတပ်တွေက ယူကရိန်းနားအရောက်မှာဆိုဗီယက်တပ်က နာဇီတွေဆက်တက်မရအောင်Zaporizhzhya (ဇာပရိုဇီရှာ) မြို့နားက ရေကာတာကို မိုင်းခွဲပြီး ရေကြီးအောင်လုပ်ခဲ့ပါတယ်။ ထို့အတူဘဲ နာဇီတပ်ဟာမဟာမိတ်တပ် မဝင်နိုင်အောင် Ludendorff Bridge ကို မိုင်းတွေနဲ့ ဖောက်ခွဲဖို့ ကြိုးစားခဲ့ပါတယ်။

ယခုစာရေးသူတို့ စဉ်းစားရမှာက မဟာမိတ်တပ်တွေလို ဆီုဗီယက်လုပ်သလို ဂျာမနီကလုပ်သလိုရန်သူတပ်ရွှေ့တဲ့ ရန်ကုန်-မန္တလေးလမ်းမပေါ်က ရန်ကုန်ပြည် လမ်းမပေါ်ကနဲ့ ပခုက္ကူအထွက်ကလမ်းတွေကို ရန်သူသွားလို့မရအောင် ဘာလုပ်မလဲဆိုတာပါ။ ဥပမာ ဂျာမန်လို တံတားကို ဖျက်ရင်မိမိတို့လဲ ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ရန်သူ့တပ်ဟာ သွားချင်တိုင်းသွားလို့ရမှာ မဟုတ်တော့ပါ။ လေယဉ်တွေက လက်တွေ့မှာ ဒီလောက်အသုံးမဝင်ပါ။

ယခုအချိန်မှာ ပြည်သူတွေအားလုံးစဉ်းစားရမှာက ဆိုဗီယက်က နာဇီကိုတိုက်သလို ရန်သူ့ထောက်ပို့ကို အသေခံဖြတ်မလား ဒါမှမဟုတ်ရန်သူကဖြတ်တာခံမလားဆိုတာပါ။ မိမိတိူ့က မြို့တွေမသိမ်းနိုင်ရင်တောင် လမ်းတွေကို ဖြတ်ထားရင် ရန်သူအုပ်ချုပ်ရ ခက်သွားပါမယ်။ စစ်တိုက်ရတာမလွယ်ပါ။ ဆုံးဖြတ်ရတာ စာရေးရတာထက် ခက်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ရမှာပါ။နောက်ဆုံးက ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 11, 2021

**တင်ကျန်ရစ်ဖို့ ရှင်သန်ရစ်ကြပါစို့**ဟူသော အမြင် အသီးသီး၏ရင်ဝယ် စွဲထင်ထားပါပြီ။ပြည်သူများအနေဖြင့်လည်း ခုအနေထားက လှူနေရုံမျှမက ကူညီဖို့လည်း လိုအပ်လာပြီဖြစ်ကြောင်း သိရှိရန်လိုအပ်လာပါတော့သည်။

စိုးရိမ်တတ်သော ဒီမိုသူရဲကောင်းဆောင်းပါးမှာဖော်ပြသကဲ့သို့ ဆန့်ကျင်ဖက် အင်အားစု *ရောက်ရှိသည့်နေရာ၊ အင်အားအရေအတွက်၊ ဆိုက်ရောက်ချိန် ထွက်ခွါချိန်တို့ကို လူမှုကွန်ယက်တွင်ဖော်ပြခြင်းဖြင့် ကူညီရာရောက်ကြောင်း

တင်ပြခဲ့ပြီးဖြစ်ပါသည်။

ယခု စစ်ကိုင်း ချင်း နယ်မြေအချို့တွင် အင်တာနက်မကောင်းသဖြင့် ဖော်ပြပါအချက်သည် အသုံးပြု၍ မရတော့ပါ။

သို့ပါ၍ အောက်ဖေါ်ပြပါအချက်များကို

ဉာဏ်မီသမျှ တင်ပြအပ်ပါသည်။

**ရွာနယ်အများစုတွင် ဆက်သွယ်ရေးအတွက် ဆိုင်ကယ်သည် အကောင်းဆုံးသော ဆက်သား ဖြစ်ပါသည်။ တနယ်နှင့်တနယ်ဆက်သွယ်ရာ ဖြတ်လမ်းကို နယ်ခံသာအကျွမ်းကျင်ဆုံးဖြစ်ပါသည်။

ဆန့်ကျင်ဖက်အုပ်စု မြင်တွေ့သည်နှင့် ဖြတ်လမ်းမှတဆင့် အနီးဆုံးရွာသို့၊ ထိုအနည်းဆုံးရွာမှ အခြား အနီးဆုံး ဒုတိယရွာ၊ဒုတိယမှသည် တတိယ စသည်ဖြင့် ဖြတ်လမ်း တောလမ်း/‌ေြ‌ေြ‌‌ေ‌ေြေြ‌‌ေ‌ေြ‌ေြ‌ေြ‌‌ေ‌ေြေြ‌‌ေ‌ ခြေလျင်လမ်းကို ဆိုင်ကယ်အသုံးပြု၍ ဆက်သွယ်ရန်။ တဖက်အုပ်စု ဆိုင်ကယ်များကို သိမ်းပိုက် မီးရှို့သည်မှာ ခုချက်ကို သတိပြုမိသောကြောင့်ဖြစ်ပါသည်။

**နေ့အခါဖြစ်လျှင် အမှိုက် စို/ခြောက်ရောရာကို မီးခိုးအူထွက် တက်အောင် မီးရှို့ မီးခိုးထွက်သောစနစ်ဖြင့် တရွာချင်းစီ ဆက်သွယ်အချက်ပြရန်။

**ညအခါဖြစ်ပါက အသံချဲ့စက်/လော်စပီကာသုံး၍ သတ်မှတ်ထားသော အချက်ပြ သီချင်းကို အနီးဆုံးရွာ ကြားအောင် သံကုန် ဖွင့်နိုင်ပါသည်။

ယင်းနည်းများဖြင့် ရွာအချင်းချင်း ဆက်သွယ်မိပါက ခုခံတားဆီးမှုများပြုရန် လုံလောက်သောအချိန်ရနိုင်ပါလိမ့်မည်ဟု မြင်မိပါသဖြင့် တင်ပြအပ်ပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page