top of page
Search

သူနာပြုအဆောင်ကပြောသော အတိတ်နဲ့ အနာဂတ် ဆက်စပ်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 17, 2020
  • 1 min read

စာရေးသူက မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ရေးသားတင်ပြရင် အတိတ်ကအကြောင်းတွေကို ထည့်ရေးလေ့ရှိပါတယ်။ ဥပမာ ကိုဗစ်ကာလ ကျန်းမာရေးဌာနရဲ့ ပြဿနာတွေက ယခင် ကျန်းမာရေးမှာရင်းနှီးမြုပ်နှံမှု နည်းခဲ့တာမျိုးပေါ့။ အချို့က ယခင်က အဘတို့လုပ်ခဲ့တာကိုမေ့ပြီး ပြဿနာကို ရှင်းစေချင်ကြတာပါ။ စာရေးသူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေမိုလို့ အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံရပါမယ်။ ရန်ကုန်နဲ့ မန္တလေး ကွာရာမှာလဲ စာရေးသူက ယခင်လုပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ပြောပြလေ့ ရှိပါတယ်။ အဘတများကတော့ ယခင်လူကို အပြစ်မပြောနဲ့ ယခုကောင်းအောင်လုပ်ဘာညာဆိုပြီး ပြောလေ့ရှိပါတယ်။ ကျောင်းသားတစ်ယောက် ငယ်စဉ်ထဲက ဘာမှမတတ်ဘဲ ၁၀ တန်းမှာ ခြောက်ဘာသာဂုဏ်ထူးထွက်ချင်လို့ မရပါ။

ဒီနေ့မှာ ရန်ကုန်က သူနာပြုစာသင်အဆောင် ပြိုကျခဲ့ပါတယ်။ ၂၀၁၃ မှာ ဖွင့်လှစ်ပေးထားခဲ့တာပါ။အင်္ဂလိပ်ဆောက်သွားတဲ့ ရန်ကုန်ဆေးရုံကြီးနဲ့ သူ့အရင်ဆောက်သွားတဲ့ ဂျပန်ဆေးရုံကြီးက ယခုအချိန်အထိ မပြိုသေးပါ။ လူမသေတာ ကံကောင်းတယ်လို့မှတ်ပါ။ ဒါဆို NLD အစိုးရကို တင်လို့ ဘာထူးသွားလဲ။ ရန်ကုန်ဆေးရုံကြီးထဲမှာ ဆေးရုံအဆောင် ၁၂ ထပ်ကို ဘစိန်လက်ထက် ကန်ထရိုက်ပေးပြီးဆောက်ခိုင်းတာ ဒီမိုအစိုးရလက်ထက် QC စစ်ချိန်မှာ အုတ်မြစ်ကအစ မကောင်းလို့ ၅ ထပ်မှာ ရပ်ပြီးထားထားရပါတယ်။ ဒီမိုအစိုးရသာ မတက်ခဲ့ရင် နောက်ပြိုကျမယ့် ဆေးရုံတစ်ရုံ ရန်ကုန်ဆေးရုံကြီးထဲမှာ ပေါ်လာမှာပါ။ ဒါက ပြည်သူတွေက NLD အစိုးရကိုရွေးခဲ့လို့ ယခင်က သူနာပြုစာသင်ဆောင်ကို မတားနိုင်ခဲ့ပေမယ့် နောက်ပြိုမယ့်ဆေးရုံကို တားနိုင်လိုက်တာပါ။

စာရေးသူက လက်ရှိအစိုးရကို ကြည့်တဲ့အခါ ယခုလို တိုင်းပြည်ဘဏ္ဍာကို လေလွှင့်မှုမရှိအောင် လုပ်နိုင်ခဲ့တာနဲ့တင် အများကြီးသာတယ်ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီသူနာပြုဆောင်ကို ဆောက်ခဲ့တဲ့ကန်ထရိုက်ဘက်ကကြည့်ရင်တော့ ဒီမိုအစိုးရလက်ထက် စီးပွါးရေးမကောင်းဘူးပေါ့။ ခိုးလို့မှ မရတော့တာလေ။

Photo credit: Yangon General Hospital, New Yangon General Hospital Facebook page and original uploader for collapse buildings

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page