top of page
Search

သေနေတာ တကယ်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 10, 2021
  • 1 min read

ယခုသတင်းတွေထဲမှာက မအလတပ်တွေ နေ့တိုင်းသေတယ်ဆိုတာ သတင်းတက်ပါတယ်။မအလလော်ဘီ ဆိုက်ဝါးတွေကလဲ အဲ့ဒီလောက်သာ သေနေရင် နေပြည်တော်တက်သိမ်းမှာပေါ့ မဟုတ်ပါဘူး ဘာညာနဲ့ ပြောကြပါတယ်။ ဘယ်ဟာကအမှန်လဲ?

တကယ်ဘယ်လောက်သေနေလဲဆိုတဲ့ စာရင်းအမှန်က မအလတောင် မသိနိုင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ သူကလိမ် ကိုယ်ကလိမ်နဲ့မိုလို့ စာရင်းမှန်က အထဲထဲမှာတင်လိမ်နေတာပါ။ ယခင်က တပ်ပြေးစာရင်းဟာ ယခုသေတာနဲ့ စာရင်းညှိခါစသာ ရှိပါသေးတယ်။ သေတဲ့အလောင်းကလဲ ထားခဲ့ပြီး မြေမြုပ်တာ မီးသဂြိုလ်တာ လုပ်လိုက်လို့ အောက်ကမတင်ပြရင်အသေအချာသိဖို့ ခက်ပါတယ်။ ဘာက သေချာလဲဆိုတော့ စစ်ဆေးရုံတွေ စစ်မြေပြင်ဆေးတပ်တွေကို ရောက်လာတဲ့ ဒဏ်ရာရသူတွေရဲ့ အရေအတွက်ကိုကြည့်ရင်တော့ သိနိုင်ပါတယ်။ အခြားနေရာတွေ မပြောခင် အသေများနေတဲ့ အနောက်မြောက်စစ်မြေပြင်ရှိရာ မုံရွာကို ပြောပါမယ်။ မုံရွာမှာ ဒဏ်ရာရသူတွေများလို့ သွေးထွက်လွန်တာ သွေးလိုတာရှိပါတယ်။တပ်မိသားစုတွေကို ဖိအားပေး သွေးလှူခိုင်းပါတယ်။ ဒါနဲ့မလောက်လို့ ထွေအုပ်ရုံးက Non CDM တွေကို သွေးလှူခိုင်းပါတယ်။ အချို့ဆိုရင် ဒဏ်ရာရသူများလို့ ခွဲစိတ်ကုတွေ လက်မလယ်အောင်ဖြစ်နေပါတယ်။ အများစုက ခြေပြတ် လက်ပြတ်ပါ။ ဘာလို့ထိလဲဆိုတော့ မိုင်းထိတာပါ။ ယခုအချိန်အထိ အနောက်မြောက်တင် ဒဏ်ရာရသူက အာဏာသိမ်းပြီး ထောင်ကျော်ရှိနေပါတယ်။ အားလုံးကိုဗစ်ကြောင့် ဆေးရုံတက်တာမဟုတ်တာတော့ သေချာပါတယ်။ ဒါဟာ ကချင်မှာဖြစ်ခဲ့တဲ့ ရခိုင်မှာ စစ်ဖြစ်ခဲ့တဲ့ နှစ်နှစ်ထက် ဒဏ်ရာရသူများတာသေချာပါတယ်။ ယခုက ဘယ်ဘက်လက်သာထိပြီး ခြေထောက်ကောင်းသူ ညာဘက်လက်ကောင်းသူကို ရှေ့တန်းပြန်ထွက်ခိုင်းဖို့ ပြင်နေပါတယ်။ တပ်သားရှားလာလို့ပါ။ မအလဟာ ကိုးကန့်မှာ ရခိုင်မှာ သူ့လူအသေအပျောက်များကထဲက တိုက်ပွဲမှာ သေသူအရေအတွက်ကို မကြေညာဘဲ မျက်ရည်ချူဖို့ အတွက်ရဲသေရင်သာ ကြေညာပါတယ်။ ဒါပေမယ့် ပြည်သူက စစ်ခွေး ရဲခွေးခေါ်နေလို့ ဘယ်သူသေသေ ပျော်နေတာ တွေ့ရပါတယ်။

ဆိုက်ဝါးများလဲ သတ္တိရှိရှင် မဲစာရင်းစစ်သလို သေသူစာရင်းကို တရားဝင်စစ်ကြည့်ပါလို့ပြောပါရစေ။ အလိမ်ခံနေရတာကလဲ ကောင်းပါတယ်။ ဒါမှ အဟုတ်ထင်ပြီး နေပြည်တော်အဝိုင်းခံရမှ သိမှာမိုလို့ပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page