top of page
Search

သုံးနှစ်နဲ့ နှစ်သုံးဆယ် ဘာကွာလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 10, 2020
  • 1 min read

ရဲရာထူးခန့်ချုပ် ကာမယူပြီးလာဘ်စားတာကို ကာယကံရှင်ကတိုင်တယ်။ ဒါကြောင့်ရဲဥပဒေနဲ့အရေးယူတယ်။ ထောင်သုံးနှစ်ချတယ်။ ရဲကထုတ်မယ်။ ဒါကအမြင့်ဆုံးပြစ်ဒဏ်ပေးလို့ရတာ။ ဒါတောင်မိုးကျဝန်ကြီးက အတည်ပြုမှရမှာ။ အမြင့်ဆုံးက သုံးနှစ်ဘဲချလို့ရတာ။ ဝန်ကြီးက လျှော့ဆိုရင် ၂ နှစ်လဲဖြစ်သွားနိုင်တယ်။ သတင်းကြားခါစက မယုံဘူး။ နောက်အတွင်းသတင်းအရ သူ့ရဲလက်စွဲဥပဒေအရ ဒါကအများဆုံး ပေးလို့ရတာဆိုတာသိလိုက်ရတယ်။


ဒီနေရာမှာ အဂတိကို အရေးယူမှာလားမေးတော့ ဒီလူးရဲ့မိခင်ရဲတပ်ဖွဲ့က အရေးယူလို့ဆိုပြီးလက်ရှောင်သွားတယ်။ ကျန်တဲ့ ၁၈ ယောက်ကလဲ မတိုင်လို့ဆိုပြီး ဆက်ရှာမစစ်ဘူး။ ဒီဟာက စစ်တပ်ထဲမှာဖြစ်တာမဟုတ်ဘဲ ရဲတပ်ဖွဲ့မှာသာဖြစ်တာပါ။ ဒါကြောင့်အဂတိက စစ်ခွင့်ရှိပါတယ်။ အဂတိကကိုင်ရင် ဒီရဲမှူးချုပ်က အမျိုးသမီးတစ်ယောက်ကို ၁၀ နှစ်ထောင်ကျမှာပါ။ ၁၈ ယောက်ဆို နှစ် ၁၈၀ပါ။ ရဲမေတွေကို တိုင်ရဲအောင် ကင်းလွတ်ခွင့်ပေးပြီး တရားလိုပြသက်သေလုပ်ပြီး ဒီလိုလူမျိုးတွေရှိသေးရင် မလုပ်ရဲအောင်လုပ်ပြရပါမယ်။ ဒါဟာ အဂတိရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတာဝန် moral responsibility ပါ။

ဒါပေမယ့်အဂတိဟာ ဒေါ်လဲ့လဲ့မွန်အမှုမှာတော့ အိမ်ရောင်းတာဟာ ကာလပေါက်စျေးထက်များလို့ဆိုပြီး ဗလိုင်းကြီးကိုင်တာပါ။ ခြုံရှင်းတာစျေးများတာဟာလဲ သူ့ဝန်ကြီးအဖွဲ့ဆုံးဖြတ်ချက်နဲ့ပေးခဲ့တာပါ။ဒါကိုလဲ ဆော်ခဲ့ပါတယ်။ တစ်မှု ၁၀ နှစ်နဲ့ နှစ်သုံးဆယ်ပါ။ လျှပ်စစ်ဝန်ကြီးနဲ့ ဒုဝန်ကြီးက အဂတိဥက္ကဌရှယ်ယာပါတဲ့ ဦးပိုင်ကုမ္ပဏီအနွယ်ကို မီတာလုပ်ခွင့် မပေးတာနဲ့ လျှပ်စစ်ဝန်ကြီးဌာနကို သူပုန်စခန်းစီးသလို ဝင်စီးခဲ့တာပါ။ ဒါ့အပြင် ယခင်စီမံဘဏ္ဏာဝန်ကြီးကိုလဲ စရဖထောက်ပံ့တဲ့ သတင်းဌာနတွေကကောလဟာလနဲ့ ဖွပြီး အဲ့ဒါကိုအခြေခံ ဝင်စစ်သလိုလုပ် ပြီးတော့ဘာမှမတွေ့လို့ sorry ပြောပေမယ့် ဟိုဝန်ကြီးက သိက္ခာရှိတော့ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါက NLD က ဝန်ကြီးအဆင့်တွေကို ကိုင်တာပါ။

ဒီကနေ ဘာကိုမြင်ရလဲဆိုတော့ အဂတိက မိုးကျများရဲ့ မူမမှန်မှု conflict of interest အကျိုးစီးပွါးပဋိပက္ခကို သွားတွေ့ရပါတယ်။

အကျဉ်းချုပ်ရရင် အဘသားတွေ ပြစ်မှုကျူးလွန်ရင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားရင်တောင်သုံးနှစ်ဖြစ်ပြီး ဒီမိုတွေဆိုရင်တော့ ပုရွက်ဆိတ်လောက်အမှုကလဲ နှစ်သုံးဆယ်ဖြစ်သွားနိုင်တယ်ဆိုတာပါ။ နောက်တပ်အဂတိက တပ်ကို စစ်ရ မရဆိုတာက စစ်ကြည့်ပြီး တပ်ကလက်မခံမှ အခြေခံဥပဒေခုံရုံးကို မေးရမှာပါ။ ယခုကတော့ တပ်မပါဆိုပြီး ရှောင်ပေးခဲ့ရုံမက ရဲကိုတောင်လက်ရှောင်နေတာကမြင်မကောင်းပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page