top of page
Search

သေနတ်မရှိသော်လဲ ခံယူချက်နဲ့ သတ္တိရှိသူများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 1, 2021
  • 1 min read

NLD ပါတီရဲ့ အဓိကအားသာချက်က သေနတ်မရှိသော်လဲ ကြောက်ရွံ့ခြင်း မရှိဘဲ မိမိယုံကြည်ချက်အတွက် အသက်ပေးသူ အလုပ်လုပ်သူ အများစုနဲ့ ဖွဲ့စည်းထားတာပါ။ ဒါဟာ အချို့သော မိုးကျများနဲ့ကွာခြားချက်ပါ။ အချို့မိုးကျများဟာ DASSK အနားမှာ ပြာယာခတ်နေပေမယ့် ခံယူချက်၊ ယုံကြည်ချက်ရှိသူများ မဟုတ်ပါ။ ယခု သာဝနဲ့ သူပုန်တွေရဲ့ ဖမ်းနိုင်ခြေက နိုင်ငံရေးမှာ မူနဲ့ ယုံကြည်မှု (belief, principles and conviction) တွေဟာ မြန်မာနိုင်ငံမှာ အရေးကြီးနေသေးတယ်ဆိုတာကို ပြနေပါတယ်။

ဒီနေ့ NLD ဟာ သူ့ပါတီက အဖမ်းခံခဲ့ရတဲ့ ပါတီဝင်တွေကို သေနတ်တစ်ချက်မဖောက်ဘဲ ပြန်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကျေးဇူးပါ NLD။

သူ့ပါတီကိုယ်စားလှယ်ဟာ ကျေးဇူးတင်စကားပြောရာမှာလဲ ပြန်လွှတ်လို့ ကောင်းပေမယ့် နိုင်ငံရေးကစားကွက်ရဲ့ သားကောင်မဖြစ်ဖို့ အဓိက ပြောသွားခဲ့ပါတယ်။

ဒီလို နိုင်ငံရေးအရ ချောင်ပိတ်ရိုက်ချိန်မှာတောင် မိန့်ခွန်းကို နိုင်ငံရေးပီပီသသနဲ့ ပြောသွားနိုင်တဲ့သေနတ်မရှိသော်လဲ သတ္တိရှိတဲ့ NLD က ရခိုင်ကိုယ်စားလှယ်များကို လေးစားပါတယ်လို့ ပြောပါရစေ။


Video Credit: Narinjara TV News

 
 
 

1 Comment


Albert Wint
Albert Wint
Jan 01, 2021

ဝမ်းသာ၏

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page