top of page
Search

သုတေသနလား ပျင်းတာလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 28, 2020
  • 1 min read

ဆရာအချို့က မတ်လကျောင်းဖွင့်တော့မယ်ဆိုတော့ ဆန္ဒပြကြပါတယ်။ မိဘတွေကတော့ ကောင်းတယ်ထင်ရင်လုပ်ပေါ့။ ဒီနေရာမှာ ဆရာတွေက သုတေသနကို အခြေခံပါလို့ပြောတယ်။ မိဘအချို့တွေဝေသွားတယ်။ သူတို့သိတာက ပညာရေးတိုးတက်စေချင်တယ်။ အစိုးရကလဲ ယခင်ဘစိန်တုန်းကလို ပြန်မရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုလို့မပြောဘဲ စစ်တပ်ကလွှတ်တော်မှာကန့်ကွက်တဲ့ကြားက ပညာရေးအတွက် ငွေချေးပြီးရင်းနှီးမြုပ်နှံဖို့လုပ်တယ်။ တပ်ကကန့်ကွက်ချိန်မှာ ဘယ်ဆရာများသမဂ္ဂကမှ တပ်စခန်းတွေရှေ့ဆန္ဒမပြဘူး။ ကြေညာချက်လဲ ဖော်ရှိုးလောက်သာ ထုတ်ခဲ့တယ်။

ယခုက ကျောင်းဖွင့်ချိန် မတ်လတိုးတာဟာ ကောင်းလားမကောင်းလား အချက်အလက်နဲ့ပြောမယ်။ဆရာတွေဆိုတော့ သုတေသန (Research) ကိုအခြေခံတာ အထောက်အထား (Evidence) ကို အခြေခံပြောတာမှ ကြိုက်မယ်ထင်ပါတယ်။

မြန်မာပြည်မှာ သီတင်းကျွတ် ၁၀ ရက်ပိတ်၊ တန်ဆောင်တိုင် ၁၀ ရက်ပိတ်၊ ခရစ်စမတ်ပိတ်၊ နွေရာသီမှာ မတ်လကနေ မေလအထိ ၃ လပိတ်တယ်။ အားလုံးရုံးပိတ်ရက်နဲ့ပေါင်းလိုက်ရင် လေးလလောက်(၂၈x ၄= ၁၁၂ ရက်) စုစုပေါင်းပိတ်တယ်။

ကမ္ဘာပေါ်မှာ ပညာရေးအကောင်းဆုံးက စင်ကာပူလို့ပြောတယ်။ စင်ကာပူကျောင်းပိတ်ရက်ကို လေ့လာရအောင်။ စင်ကာပူမှာက ၈၁ ရက်သာ တစ်နှစ်လုံးမှာပိတ်တယ်။

မြန်မာပြည်က သူဌေးတွေတက်တဲ့ အင်္ဂလန်မှာကတော့ ရက်ပေါင်း ၇၀ တစ်နှစ်မှာပိတ်တယ်။

ကမ္ဘာပေါ်က နံပတ်တစ်စီးပွါးရေး အမေရိကန်မှာကတော့ ပိတ်ရက်က ၈၃ ရက်ပါ။

ဒါကြောင့် အနာဂတ်ရဲ့ဆရာများဟာ ကမ္ဘာပေါ်က လူတော်တွေကို မွေးထုတ်တဲ့ပညာရေးဖြစ်ချင်ရင်တော့ စင်ကာပူ၊ အမေရိကန်နဲ့ အင်္ဂလန်သုတေသနအရ မြန်မာပြည်လို ရက်ပေါင်းရာကျော်မပိတ်ဘဲ ၇၀ကနေ ၈၃ ရက်သာ ပိတ်ပါတယ်။

ခေါင်းမရှိတဲ့ ၂၀၀၈ ခြေဥစွဲသူတွေကို မွေးထုတ်ချင်ရင်တော့ ခင်ညွန့်လို ကျောင်းပိတ်ရက်များများလေးသာ ဆက်လုပ်ပါလို့ ဆရာတို့ကို ပြောပါရစေ။ ဆရာတို့က သုတေသနကို အခြေခံပါဆိုလို့သုတေသနကို အခြေခံရေးပြတာပါ။

မိဘများအတွက်က မိမိကလေးကို စာရေးနည်း တစ်နာရီသင်တာနဲ့ သူလိုသလို အချိန်ပေးသင်တာဘယ်ဟာကောင်းမလဲ စဉ်းစားသာကြည့်ပါ။ စာဖတ်သူများလဲ ပုံမှန် တစ်နာရီဖတ်ရမယ့် ဆောင်းပါးတစ်ပုဒ်ကို ၁၀ မိနစ်အတွင်းအမြန်ဖတ်တာနဲ့ တစ်နာရီဖတ်တာ ဘယ်ဟာကောင်းမလဲ စဉ်းစားကြည့်ပါ။

ယခုလို သမဂ္ဂက ငပျင်းလေးတွေကတော့ ဆက်လုပ်နေမှာပါ။ မြှောက်ပေးသူတွေကလဲ မြှောက်ပေးမှာပါ။ ပြည်သူတွေကသာ ဆုံးဖြတ်ကြပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page