top of page
Search

သံတွဲမှ ကြေးနန်စာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 24, 2024
  • 1 min read

သံတွဲမှ ကြေးနန်စာ

လူအများက တိုက်ပွဲသတင်းကို မေးလေ့ရှိကြပါတယ်။ ဒါပေမယ့် စာရေးသူလဲ အချို့ကိစ္စတွေ အမှန်အတိုင်းမသိပါ။ မအလတောင် အမှန်အတိုင်း ဘယ်လောက်အထိသိလဲ မသေချာပါ။ သူသိတဲ့အချိန်ဟာ သူ့သားသမီးတွေသိပြီး သူ့မိန်းမကိုပြောလို့သိတာနဲ့ သူကိုယ်တိုင် ဘယ်အချိန် Facebook ကနေ သိလာတဲ့အချိန်မှာသာ သိတာပါ။ ယခင်က စစ်ထောက်လှမ်းရေးက တိုင်းမှူးအောက်မဟုတ်လို့ ခင်ညွန့်လက်ထက်က အချို့ကိစ္စတွေမှာ ထောက်လှမ်းရေးကတဆင့် အမှန်အတိုင်း အထက်က သိနိုင်ပေမယ့် ယခုအချိန်မှာ စရဖက တိုင်းမှူးအောက်မှာမိုလို့ မသိပါ။ အချို့ကိစ္စက မအလကသိပေမယ့် ရူးချင်ယောင်ဆောင်နေတာလဲ ရှိတတ်ပါတယ်။

ဥပမာ ကယား/ကရင်နီကိစ္စ။ မြေပြင်မှာ လွိုင်ကော်က ဘယ်သူ့လက်ထဲမှာလဲဆိုတဲ့မေးခွန်းပေါ့။ ခေတ်သစ်ကိုမေးရင် ERO လက်ထဲပြောပေမယ့် တပ်ထဲသတင်းပို့ရာမှာတော့ လွိုင်ကော်မြို့ကြီးကို ပြန်ထိန်းချုပ်နိုင်ပြီဆိုပြီး သတင်းပို့ထားပါတယ်။ ဒကစ လွိုင်ကော်ကလူတောင် ရာထူးတိုးစာရင်းထဲ ပါနေပါပြီ။ ထို့အတူပါဘဲ ရခိုင်မှာလဲ စခန်းတွေကျနေတယ်လို့ သတင်းတွေတက်ပေမယ့် အထက်ကိုတက်တာက စစ်တွေ၊ အမ်း၊ မောင်းတောမကျအောင် ဘယ်လိုခုခံထားနိုင်တယ်ဆိုတာပါ။ သံတွဲဆိုလဲ ဘယ်လိုမှ ထိမရအောင် ကာကွယ်ထားတယ် ဘာညာပေါ့။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းက သံတွဲကနေ ခွါစစ်ဆင်ခွင့်ပြုဖို့ မအလဆီ ရဲရဲဝံ့ဝံ့ အမိန့်တောင်းတာကို ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အဆိုပါတောင်းသူက ယခု AA အဖမ်းခံထားလိုက်ရပြီ ထင်ပါတယ်။ ဒုချုပ်က မအလထံတင်ပြခဲ့ပြီး မအလက အကြောင်းမပြန်ခဲ့ပါ။ ဆိုလိုချင်တာက အသေခံတိုက်ဆိုတာပါ။ သံတွဲနဲ့ ငပလီက မအလသားသမီးနဲ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေရှိလို့ မအလကို အထိနာတာ အမှန်ပါ။ စာရေးသူအနေနဲ့ AA ထံက တော်လှန်ရေးအတွက် သိပ်မမျှော်မှန်းထားပါ။ ဒါပေမယ့် AA ဟာ အမ်းဌာနချုပ်နဲ့ စစ်တွေကို သူ့ကိုယ်ပိုင်နိုင်ငံအတွက် သိမ်းရမှာပါ။ သိမ်းခဲ့ရင် တပ်တွင်းမှာလဲ မအလထံ ရိုက်ခတ်မှုက ယခုထက်ပိုရှိလာမှာပါ။ ဘာထူးမလဲဆိုတော့ ယခုစုထားတဲ့ လူသစ်၊ မောင်းသူမဲ့လေယာဉ်နဲ့ ရှမ်းမြောက်မှာ မအလက အောက်ကတင်ပြထားသလို ဝ ကအစ ပစ်ကူမပေးနိုင်အောင်ပစ်ပြီး ထိုးစစ်ဆင်နိုင်ခဲ့ရင် မအလနိုင်သွားနိုင်သလို ထိုးစစ်ပြန်မဆင်နိုင်ခဲ့ဘဲ ရခိုင်နဲ့ ကချင်မှာ အလုံးစုံ စစ်ရှုံးခဲ့ရင် မအလဟာလဲ ထိုးဆင်းသွားမှာပါ။ ယခုက မေလကုန်မှာ AA က အပြီးနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ယခုအချိန်အထိ အချိန်ကြာနေသေးတာက မအလက ခံချနေသေးတယ်ဆိုတာကို ပြပေမယ့် မအလဟာ ရှုံးနေတယ်ဆိုတာကတော့ မပြောင်းလဲသွားပါ။

ပြည်သူကတော့ ဗမာဒေသမှာ NUG အောက်က တပ်တစ်ခုထဲ မူဝါဒနဲ့ NUG ရဲ့ PDF ကိုသာ PRF က တဆင့် ထောက်ပံ့ပေးပါ။ ရှမ်းနဲ့ ချင်းမှာ အဖွဲ့ကွဲတာကို သင်ခန်းစာယူပါ။ ရခိုင်ကို အတုယူပါ။ စည်းလုံးညီညာရင် အောင်ကြောင်းဖြာပါမယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page