top of page
Search

သူေတာ္ေကာင္းကိုနတ္မသည္ သူတော်ကောင်းကိုနတ်မသည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 26, 2019
  • 1 min read

သူေတာ္ေကာင္းကိုနတ္မသည္

အေမရိကန္မွာဟီလာရီ႐ႈံးၿပီးထရမ္းႏိုင္ေတာ့ကိုယ့္အစိုးရနဲ႔ရင္းႏွီးတာကဟီလာရီမိုလို႔စိတ္မေကာင္းမိပါ။ဒါေပမယ့္မထင္မွတ္ဘဲဘဂၤါလီကိစၥျဖစ္အၿပီးျမန္မာျပည္အေနနဲ႔ထရမ့္ေၾကာင့္ကံေကာင္းသြားတယ္လို႔ျမင္မိပါသည္။

ပံုမွန္ႏိုင္ငံေရးသမားေတြတက္ရင္စာေရးသူတို႔လိုတိုင္းျပည္အေသးကိုပံုစံေပးတဲ့အေနနဲ႔စီးပြားေရးပိတ္ဆို႔ျပတတ္ပါသည္။အထူးသျဖင့္လူ႔အခြင့္အေရးအေၾကာင္းျပၿပီးေပါ့။ထရမ့္ႀကီးကတ႐ုတ္ကိုကိုင္လိုက္၊အိႏၵိယကိုလဲအခြန္ပိုေကာက္၊ေျမာက္ကိုရီးယားကိုလဲစီးပြားေရးပိတ္၊အီရန္ကိုလဲပိတ္နဲ႔တကယ္ကိုင္ပါတယ္။ဒါေပမယ့္စာေရးသူတို႔တိုင္းျပည္ကိုေတာ့နားလည္စြာနဲ႔ခ်န္ထားခဲ့ပါတယ္။

ထရမ့္အစိုးရဟာလက္ရွိအစိုးရအတြက္ဟီလာရီနဲ႔ေလာက္ေတာ့မရင္းႏွီးေပမယ့္နားလည္ေပးမႈရွိတာဟာကံေကာင္းပါတယ္။

တပ္အေပၚေတာ့ဒဏ္ခတ္မႈရွိမွာပါ။ယခုေအာက္လႊတ္ေတာ္၊ၿပီးရင္အထက္လႊတ္ေတာ္သြားႏိုင္ပါတယ္။ဒါၿပီးရင္ဦးပိုင္တို႔၊မိုင္တဲတို႔လာမယ့္ပံုပါ။အစိုးရအေနနဲ႔ေတာ့တတ္ႏိုင္သမွ်ကင္းေအာင္ေနရမယ့္ပံုပါ။ဒါေပမယ့္ျမန္မာႏိုင္ငံနဲ႔အစိုးရကိုေတာ့ခ်န္ထားမယ့္ပံုပါ။သူလုပ္ခ်င္ရင္အေစာကထဲကလုပ္လို႔ရပါတယ္။ဥေရာပကအဂၤလိပ္ကလဲခြဲေရး၊တြဲေရးနဲ႔႐ႈပ္ေနပါတယ္။သူကေနာက္တစ္ႏွစ္ေလာက္ေတာ့ဥေရာပနဲ႔ခြဲေရးတြဲေရးနဲ႔အလုပ္မ်ားေနမွာပါ။

ရန္သူေတြကစီးပြားေရးပိတ္ဆို႔ဖို႔ေဒၚလာသန္းေပါင္းမ်ားစြာသံုးၿပီးေလာ္ဘီလုပ္ေနေပမယ့္ထရမ့္ႀကီးကေတာ့ဘာမွမလုပ္ေသးပါ။ျမန္မာျပည္မွာကစီးပြားေရးတိုးတက္ဖို႔အတြက္အခ်ိန္လိုပါတယ္။အၾကမ္းဖ်င္းေျပာရရင္ေတာ့သူေတာ္ေကာင္းကိုနတ္မေနတာပါ။

Unicode version



အမေရိကန်မှာဟီလာရီရှုံးပြီးထရမ်းနိုင်တော့ကိုယ့်အစိုးရနဲ့ရင်းနှီးတာကဟီလာရီမိုလို့စိတ်မကောင်းမိပါ။ဒါပေမယ့်မထင်မှတ်ဘဲဘင်္ဂါလီကိစ္စဖြစ်အပြီးမြန်မာပြည်အနေနဲ့ထရမ့်ကြောင့်ကံကောင်းသွားတယ်လို့မြင်မိပါသည်။

ပုံမှန်နိုင်ငံရေးသမားတွေတက်ရင်စာရေးသူတို့လိုတိုင်းပြည်အသေးကိုပုံစံပေးတဲ့အနေနဲ့စီးပွားရေးပိတ်ဆို့ပြတတ်ပါသည်။အထူးသဖြင့်လူ့အခွင့်အရေးအကြောင်းပြပြီးပေါ့။ထရမ့်ကြီးကတရုတ်ကိုကိုင်လိုက်၊အိန္ဒိယကိုလဲအခွန်ပိုကောက်၊မြောက်ကိုရီးယားကိုလဲစီးပွားရေးပိတ်၊အီရန်ကိုလဲပိတ်နဲ့တကယ်ကိုင်ပါတယ်။ဒါပေမယ့်စာရေးသူတို့တိုင်းပြည်ကိုတော့နားလည်စွာနဲ့ချန်ထားခဲ့ပါတယ်။

ထရမ့်အစိုးရဟာလက်ရှိအစိုးရအတွက်ဟီလာရီနဲ့လောက်တော့မရင်းနှီးပေမယ့်နားလည်ပေးမှုရှိတာဟာကံကောင်းပါတယ်။

တပ်အပေါ်တော့ဒဏ်ခတ်မှုရှိမှာပါ။ယခုအောက်လွှတ်တော်၊ပြီးရင်အထက်လွှတ်တော်သွားနိုင်ပါတယ်။ဒါပြီးရင်ဦးပိုင်တို့၊မိုင်တဲတို့လာမယ့်ပုံပါ။အစိုးရအနေနဲ့တော့တတ်နိုင်သမျှကင်းအောင်နေရမယ့်ပုံပါ။ဒါပေမယ့်မြန်မာနိုင်ငံနဲ့အစိုးရကိုတော့ချန်ထားမယ့်ပုံပါ။သူလုပ်ချင်ရင်အစောကထဲကလုပ်လို့ရပါတယ်။ဥရောပကအင်္ဂလိပ်ကလဲခွဲရေး၊တွဲရေးနဲ့ရှုပ်နေပါတယ်။သူကနောက်တစ်နှစ်လောက်တော့ဥရောပနဲ့ခွဲရေးတွဲရေးနဲ့အလုပ်များနေမှာပါ။

ရန်သူတွေကစီးပွားရေးပိတ်ဆို့ဖို့ဒေါ်လာသန်းပေါင်းများစွာသုံးပြီးလော်ဘီလုပ်နေပေမယ့်ထရမ့်ကြီးကတော့ဘာမှမလုပ်သေးပါ။မြန်မာပြည်မှာကစီးပွားရေးတိုးတက်ဖို့အတွက်အချိန်လိုပါတယ်။အကြမ်းဖျင်းပြောရရင်တော့သူတော်ကောင်းကိုနတ်မနေတာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page