Myat Tun Oo
သံတမန်စကား

စာရေးသူတို့ အရပ်စကားနဲ့ သံတမန်စကား မတူပါဘူး။ ကမ္ဘာ့နိုင်ငံကြီးတွေမှာလဲ သူတို့ရဲ့ အကျိုးစီးပွါးတွေရှိပါတယ်။ တရုတ်၊ ရုရှား၊ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် အကုန်အတူတူပါ။ တရုတ်နိုင်ငံ ဆန့်ကျင်တာက ဒီမိုတွေကလဲ ကြိုက်သလို မအလတပ်ထဲမှာလဲ တရုတ်ဆန့်ကျင်တာတွေရေးဖို့၊ NLD ဆန့်ကျင်တာရေးသလို တပ်ခွဲတစ်ခုရှိပါတယ်။ ဒါ့ကြောင့် ဒီမိုရော မအလတပ်ရော တရုတ်မကြိုက်တာတူပါတယ်။ ဒါပေမယ့် မအလဟာ တရုတ်နဲ့တကယ်တွေ့ရင် ဘောမ မရုံတမယ်ပါ။
အမေရိကန်နဲ့ အင်္ဂလိပ်က ဗုံးခွဲတာ၊ ဗုံးဖောက်တာ မကြိုက်ပါ။ သူတို့ရဲ့ မူဝါဒအရပါ။ ဒါပေမယ့် သူတို့ဟာ မြန်မာပြည်ထဲကို စစ်တပ်လွှတ်ပြီး ကူမှာမဟုတ်ပါ။ လက်ရှိသမ္မတဘိုင်ဒင်လက်ထက်မှာ ဘာအမေရိကန်တပ်မှ လွှတ်မှာမဟုတ်ပါ။ အားလုံးသိတဲ့အတိုင်း လက်ရှိသမ္မတ ဘိုင်ဒင်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ အင်္ဂလိပ်ဝန်ကြီးချုပ်တို့ဟာ ရိုအရေး လူ့အခွင့်အရေးတွေမှာအသံကျယ်ခဲ့ပါတယ်။ ဒါပေမယ့် ပါးစပ်နဲ့သာ ကူညီမှာပါ။
ဒါဆို ဘယ်သူက ကူညီနေလဲ။ စာရေးသူတို့ဟာ ပထမဆုံး မိမိကိုယ်ကို အားကိုးရပါမယ်။ တာလီဘန်ကို လေ့လာပါ။ သူသာ အမေရိကန်နဲ့ အင်္ဂလိပ်ပြောတာကို ကြောက်နေရင် ဘာမှဖြစ်လာမှာ မဟုတ်ပါ။လောလောဆယ် အမေရိကန်က ဒေါ်လာ သန်း၅၀ NUG ကို ကူညီထားပါတယ်။ ထပ်လဲ လာနိုင်ပါတယ်။ အင်္ဂလိပ်ကတော့ လောလောဆယ်လေပါ။ စာရေးသူမသိတာရှိရင် ထောက်ပြပါ။
တရုတ်နိုင်ငံဟာ NLD ပါတီကိုဖိတ်တာ၊ သူ့နားက လက်နက်ကိုင်တွေကတဆင့် မအလကို စကျပ်တာတွေ လုပ်လာနေပါပြီ။ ယခုဗုံးဖောက်တာကလဲ အချို့က ပျူစောထီး၊ အချို့က စရဖကလုပ်တာပါ။အချို့ကိစ္စတွေမှာ ပြည်သူတွေက မခံနိုင်လို့ လုပ်တာဖြစ်ပြီး NUG က တိုက်ရိုက်လုပ်ခိုင်းနေတာမဟုတ်ပါ။ ဒါ့ကြောင့် သူတို့ပြောလဲ ဟုတ်ကဲ့ပြောထားလို့ရပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ အင်္ဂလိပ်က ဗုံးမထောင်စေချင်ရင် လေယဉ်ပစ်အမြှောက်ပေးရမှာပါ။ ဒါက စာရေးသူလို သာမန်ပြည်သူက ပြောလို့ရပေမယ့် NUG ကတော့ စဉ်းစားပါ့မယ်လို့သာ ပြောရမှာပါ။
ဒါဆိုဘာလုပ်ရမှာလဲ။ အမေရိကန်တပ်မဝင်တာဟာ မကောင်းသလိုရှိပေမယ့် ကောင်းတာတွေ အများကြီးပါ။ တရုတ်ဟာလဲ မအလနဲ့ အဆင်မပြေခဲ့ပါဘူး။ အချောင်လိုချင်တာ လူ့သဘာဝပေမယ့် မအလစာ တရုတ်စီးပွါးရေးကို လုံခြုံရေး အာမ မခံနိုင်တာ တရုတ်သိပါတယ်။ ဒါပေမယ့် အရေးကြီးတာကစာရေးသူတို့ဟာ ဘယ်သူ့ကိုမှ မမျှော်ဘဲ လုပ်စရာရှိတာကို ဆက်လုပ်ရမှာပါ။
သံတမန်ရေးအရတော့ စကားလှလှတွေ ဆက်သုံးရပါမယ်။ ဆွေးနွေးရေး တံခါးဖွင့်ထားသည်ပေါ့။တိုက်စရာရှိတာလဲ ဆက်တိုက်နေရပါမယ်။ တာလီဘန်တောင် အမေရိကန်နဲ့ဆွေးနွေးရင်း တိုက်သွားခဲ့တာပါ။ ဘယ်သူ့ကိုမှ မုန်းစရာ၊ ချစ်စရာမရှိပါ။ လုပ်စရာရှိတာ ဆက်လုပ်သွားရမှာပါ။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်သူသာ အဓိကပါ။ ပြည်သူတွေအင်အားကောင်းလာရင် အားလုံးအချိုးပြောင်းသွားမှာပါ။ ပြည်သူအချင်းချင်းကူပါ။ မအလကို တွန်းလှန်ပါ။ ဒါပါဘဲ။ NUG ကတော့သံတမန်စကား လှအောင်ပြောထားပါ။