top of page
Search
  • Writer's pictureMyat Tun Oo

သူခိုးက လူဟစ်သော မအလ


ဝန်ကြီးအများစုကို ဖမ်းထားတယ်။ ဝန်ကြီးချုပ်တွေရော။ DASSK ဖောင်ဒေးရှင်းလဲစစ်တယ်။အာဏာသိမ်းတာ တစ်လကျော်ပြီ။ စရဖရော အဂတိရောစစ်တယ်။ ဒါပေမယ့် ဘာမှ အဂတိအမှုမတွေ့ဘူး။ ဘဏ်စာအုပ်တွေစစ်တယ်။ ဒါလဲဘာမှ မတွေ့ဘူး။ ဒါနဲ့ ဘာစလုပ်လဲဆိုတော့ အမှုဆင်ဖို့ ကြိုးစားတယ်။ ဒါ့ကြောင့် သူဌေးတွေကို ခေါ်စစ်တယ်။ မောင်ဝိတ်ကို ဘုရားတည်တဲ့ကိစ္စစစ်တယ်။ ဇော်ဇော့်ကိုခေါ်စစ်တယ်။ Segre Pan ကို ခေါ်စစ်တယ်။ ဘာမှမရဘူး။ ဒါနဲ့ ယခုနောက်ဆုံးဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတော့ လုံးဝလိမ်ပြီး အမှုဆင်ဖို့ကြိုးစားနေပါတယ်။

တိုင်းပြည်မှာ ဝမ်းနည်းဖို့ကောင်းတာက အခြားလူတွေကို လာဘ်စားမှုနဲ့ အမှုဆင်ဖို့ ကြိုးစားနေသူကလေယဉ်ပျံဝယ်ရင်ခိုးသူ၊ ရေငုပ်သင်္ဘော အလကားရတာကို ဘောင်ချာဖြတ်သူ သူခိုး၊ ဓားမြ၊ လူသတ်သမား မအလ ဖြစ်နေတာပါဘဲ။

မအလကိုသာ စာရင်းစစ်ခွင့်ရရင် ၂၄ နာရီအတွင်း လာဘ်စားမှုပေါင်း ရာချီထွက်လာမှာပါလို့ ပြောပါရစေ။

957 views0 comments

Comments


bottom of page