top of page
Search

သူခိုးက လူပြန်ဟစ်သောအခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 24, 2020
  • 1 min read

မနေ့က တပ်မတော်သတင်းမှန်က မဲစာရင်းထပ်တာတွေရှိကြောင်း ထုတ်ပြန်ပါတယ်။ သူ့ဆိုလိုရင်းကမဲစာရင်းထပ်တာကြောင့် NLD နိုင်တယ်လို့ ပြောချင်တာပါ။ ကြည့်ရပုံက သူ့မှာ ဘာမှသေချာတဲ့အထောက်အထားမရှိလို့ ရှိတာနဲ့ ကြံဖန်တင်ပုံပါ။


စာရေးသူတို့အနေနဲ့ မဲစာရင်းကို ပြန်လေ့လာရင် ပထမမဲစာရင်းဟာ သိပ်မမှန်တာတွေ့ရမှာပါ။ မဲစာရင်းဟာ ထွေအုပ်အကူအညီနဲ့ လုပ်ခဲ့တာပါ။ လာပြန်ပြီလားထွေအုပ်လို့ပြောရင် အမှန်အတိုင်းပြောတာပါ။နောက်ပိုင်း DASSK က ထွေအုပ်တွေကို မုန့်ဟင်းခါးကျွေးအပြီးမှာမ မဲစာရင်းက အမှန်နဲ့ နီးစပ်သွားတာပါ။ ဘယ်နိုင်ငံမှာမ မဲစာရင်းဟာ ၁၀၀% မမှန်ပါ။ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အိန္ဒိယ အားလုံးပါ။ ဒီနေရာမှာ မဲစာရင်းထပ်တာတွေ ရှိနိုင်လားဆိုတဲ့ မေးခွန်းပါ။



တပ်မဲပေးခဲ့တဲ့နယ်တွေမှာ တပ်အချို့ဟာ မိမိ မိခင်တပ်ရင်းနေရာနဲ့ သူတို့ကိုပို့ထားတဲ့ ရှေ့တန်းနေရာတွေမှာ နှစ်ခါပြန်မဲပေးခဲ့တာပါ။ ဒါ့ကြောင့် တပ်မဲစာရင်းကို တပ်က လုံခြုံရေးအကြောင်းပြပြီး အစစ်မခံခဲ့သလို သူတို့ကြိုတင်မဲပေးချိန်မှာလဲ ပြည်သူ့ကိုယ်စားလှယ်တွေကို တပ်ထဲအဝင်မခံခဲ့ပါ။ သက်သေအနေနဲ့ နေပြည်တော်ထဲမှာ တပ်မ လေးငါးခုစာ ဖြစ်နေတာဟာ မထူးခြားဘူးလား? အဲ့ဒီမှာ လူလေးငါးသောင်း ထားစရာနေရာရှိလား? ဒါ့အပြင် သူတို့တပ်ကိုမဲခိုးတယ်လို့ စွပ်စွဲတဲ့ အကောင့်တွေကိုလဲ ပိတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် မဲစာရင်းထပ်တာဟာ တပ်က မဲခိုးလို့ထပ်တာရှိနိုင်ပြီး ပြည်သူကစစ်ခွင့်မရခဲ့ပါ။ ယခုလိုကြေညာချက်ထုတ်တာက သူခိုးက လူပြန်ဟစ်တာပါ။


တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ တရားမမျှတမှုတွေကို စုံစမ်းစစ်ဆေးစေချင်ရင် မိမိလုပ်တာဟာမှန်ကန်တယ်လို့ လိပ်ပြာသန့်ရင် ကုလသမဂ္ဂကို ဝင်ရောက်စုံစမ်းခွင့် ပြုလိုက်ပါ။ စာရေးသူတို့ ပြည်သူတွေက တပ်မတော်ဟာ ဘက်မလိုက်တဲ့ အဖွဲ့အစည်းလို့မမြင်ဘဲ လက်ရှိ တရားမဝင်တပ်ချုပ်ဟာသမ္မတဖြစ်ချင်တာကြောင့် ကြံ့ဖွတ်အဖွဲ့ဘက်က ဘက်လိုက်တယ်လို့ ယူဆလို့ပါ။ ဒါ့ကြောင့် သူခေါင်းဆောင်တဲ့အဖွဲ့ဟာ ဘက်မလိုက်တဲ့အဖွဲ့မဟုတ်ပါ။


နောက်ပြီးထပ်ပြောလိုတာက ယခုရှုံးသွားတာဟာ ကပ်ရှုံးသွားတာမဟုတ်ဘဲ အပြတ်အသတ် ရှုံးခဲ့တာပါ။ ရူးနေသူကလွဲရင် သာမန်ဦးနှောက်ရှိသူက လက်ခံပါတယ်။ သူခိုးက လူပြန်ဟစ်ရင် သူခိုးကို လူတွေကဖမ်းပြီး ထောင်ချတတ်ပါတယ်။ ICC က သူခိုးတွေကိုဖမ်းဖို့ စောင့်နေပါတယ်လို့ ပြောပါရစေ။သာဝဟာ မိမိနေရာ မိမိနေတာသာ ကောင်းပါတယ်။

Data Source:dsinfo

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Albert Wint
Albert Wint
Dec 24, 2020

ဒီဂျီးတွေ တော်တော်တွန်းယူရအုံးမယ်နော်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page