top of page
Search

သဲကုန်းမှာ မြေဧက ၅၀၀ အတွက် ပြည်သူ့ဘက်က ဘယ်သူရပ်တည်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 27, 2020
  • 1 min read

သဲကုန်းမှာ တပ်က မြေဧက ၅၀၀ ကို ဂေါက်ကွင်းလုပ်ဖို့ မြေလွတ်မြေရိုင်း ဥပဒေအရ လျှောက်ပါတယ်။ ဌာနအားလုံးက ထောက်ခံပြီး အားလုံးကောင်းပါသည်ပေါ့။

မြေပြင်မှာကတော့ စာရွက်ပေါ်ကနဲ့မတူပါ။ အဆိုပါ တပ်မ ၆၆ က ရေပြာဆန်းဂေါက်ကွင်းဆောက်ဖို့ဆိုပြီး တံခွန်တိုင်အုပ်စုနဲ့ ကျေးသားကျေးရွာအုပ်စု အနောက်ဘက်မှာရှိတဲ့ မြေနေရာဧက ၅၀၀ကိုလျှောက်ပါတယ်။ အမှန်က အဲ့ဒီနေရာတွေမှာ ၂၀၁၃ ထဲက လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေရှိပါတယ်။



အဲ့ဒီလိုမြေလွတ်မြေရိုင်းကိုလျှောက်ရင် မြေစာရင်းကနေ ထောက်ခံရပါတယ်။ ပြီးရင်ထွေအုပ်တွေကလဲ အရှုတ်အရှင်း ကင်းရှင်းတယ်ဆိုတာကို ထောက်ခံရပါတယ်။ ပြဿနာက အဲ့ဒီမှာစတာပါ။ အဆိုပါ​မြေတွေကို တောင်သူတွေက မြေလွတ်မြေရိုင်းဥပဒေအရ လျှောက်ထားချိန်မှာ မြေစာရင်းတွေ၊ ထွေအုပ်တွေက သဲကုန်းမှာ မြေလွတ်မြေရိုင်းမရှိဘူးလို့ လိမ်ခဲ့ကြပါတယ်။

မြေစာရင်းက လယ်ဆည်ဝန်ကြီး ဒေါက်တာအောင်သူအောက်မှာပါ။ ဒါပေမယ့် သူတို့အဖေတပ်ကလျှောက်ချိန်မှာတော့ မိုးကျအချင်းချင်း လက်မှတ်ထိုးပေးပြီး လယ်ဆည်ဝန်ကြီးအောင်သူရဲ့ဆည်မြောင်းကလဲ ပါးစပ်ပိတ်ထောက်ခံတာကို တွေ့ရပါတယ်။ လိမ်ပေးတာပေါ့။



ယခုကတော့ ပြည်သူ့ဘက်ကရပ်တည်တဲ့ NLD ရဲ့ တိုင်းဒေသကြီးလွှတ်တော်အမတ်က ဦးဇော်လင်းထိုက်က ကန့်ကွက်မှသာ စာရေးသူတို့သိခွင့်ရတာပါ။ ပဲခူးတိုင်းက ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေလဲ ပဲခူးနယ်လုံဝန်ကြီးလိမ်တာကို ခံမနေကြပါနဲ့။ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးအဆင့်က တပ်ထဲမှာ ဘာအဆင့်မှမရှိပါ။ ကြောက်မနေကြပါနဲ့။



တပ်ကသိမ်းပြီးရင် ပြန်မရတာ NLD အစိုးရသိမှာပါ။ NLD အစိုးရအနေနဲ့ တပ်ကိုမြေထပ်သိမ်းခွင့်မပေးပါနဲ့တော့။ ပဲခူးဝန်ကြီးချုပ် ဦးဝင်းသိန်းလဲ ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်တည်ပါ။ ဘာမှကန့်ကွက်သူမရှိရင်တောင် တပ်ဟာ သဲကုန်းမှာဧက ၅၀၀ နဲ့ ဂေါက်ရိုက်ဖို့လိုလား စဉ်းစားပါ။ အားနေရင် ဂေါက်ရိုက်မယ့်အစား ရခိုင်မှာ အကြမ်းဖက်သမားကို နိုင်အောင်သွားတိုက်ပါလို့သာ ပြောပါရစေ။ပြည်သူတွေ လယ်သမားတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ NLD ရဲ့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဇော်လင်းထိုက်ကိုတော့ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။


Video News Credit: မြေလတ်အသံ

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page