top of page
Search

သမ္မတ Joe Biden ဂျိုးဘိုင်ဒန်ဟာ မြန်မာပြည်အတွက်ကောင်းမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 15, 2020
  • 1 min read

ယခုအချိန်မှာ ဒီမိုကရက်ပါတီက သမ္မတအရွေးခံရသူ ဂျိုးဘိုင်ဒန်ဟာ သမ္မတဖြစ်ဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ သူဟာ မြန်မာပြည်ကို နှစ်ခါလာခဲ့တဲ့ အိုဘားမားရဲ့ ဒုသမ္မတပါ။ သူက မြန်မာပြည်ဘယ်မှာရှိသလဲဆိုတာကိုသိသလို မြန်မာပြည်အကြောင်းကို ထရမ့်ထက်ပိုသိမှာ သေချာပါတယ်။DASSK နဲ့လဲ ဓာတ်ပုံတွဲရိုက်ဖူးပါတယ်။ ဒါကြောင့် အပေါ်ယံကြည့်ရင်တော့ အဆင်ပြေသလိုရှိပါတယ်။ သူသမ္မတဖြစ်ရင် မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးဘယ်လိုဖြစ်မလဲ? ပိုအဆင်ပြေလာမလား?



သမ္မတ ဘိုင်ဒန်ဟာ DASSK နဲ့ မြန်မာပြည်အကြောင်းကို အကြမ်းအားဖြင့် သိပြီးသားဖြစ်မှာပါ။ အိုဘားမားလက်ထက် ဒီမိုကူးပြောင်းခဲ့တဲ့နိုင်ငံအဖြစ် သူသိမှာပါ။ ဘာအောင်မြင်လဲ ဘာမအောင်မြင်လဲဆိုတာလဲ သူသိမှာပါ။ DASSK အနေနဲ့ သမ္မတထရမ့်ထက် ပိုပြီးပြောဆိုရ ရှင်းပြရလွယ်ကူနိုင်ပါတယ်။ သူမကို ပိုနားလည်ပေးနိုင်ပါတယ်။ ဒါက ကောင်းတဲ့ဘက်ကကြည့်ပြီး သုံးသပ်တာပါ။


အခြားဘက်က ကြည့်ကြရအောင်။ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်ပါတီကို ကိုယ်စားပြုတက်လာတာပါ။ ဒီမိုကရက်သဘောအရ လက်ဝဲအနည်းငယ်ယိမ်းပါတယ်။ တန်းတူအခွင့်အရေး အသားအရောင်မခွဲခြားရေး၊ ကျားမ တန်းတူအရေးကို ဦးစားပေးသလို တိုင်းပြည်ထဲ ခိုးဝင်လာသူများကိုလဲ စာနာပါတယ်။ ထရမ့်က အုတ်တံတိုင်းလုပ်ပေမယ့် သူကဖျက်မှာပါ။ အကျိုးဆက်က သူ့ကို ထောက်ခံသူတွေဟာ ဒီမိုကရက်ပါတီကတဆင့် မြန်မာပြည်ကို ဘင်္ဂါလီအရေး ဖြေရှင်းပေးဖို့ ဖိအားပေးဖို့က ထရမ့်ထက် ပိုများပါတယ်။ ဥပမာအနေနဲ့ ကနေဒါက ဝန်ကြီးချုပ် Justin ထရူဒိုဟာ DASSK နဲ့သိပေမယ့် ယခုအချိန်မှာမြန်မာကို ဖိအားပေးဖို့ ICJ မှာ စလုပ်လာနေပါပြီ။


ထရမ့်လက်ထက်မှာက မြန်မာပြည်ကို စီးပွါးရေးပြန်ပိတ်ဖို့ကို လက်မှတ်မထိုးခဲ့ပါဘူး။ ပထမအချက်က သူကမြန်မာကို တရုတ်နိုင်ငံအောက်မပါစေလိုတာနဲ့ သူက သိပ်စိတ်မဝင်စားတာလဲ ပါသလို သူကိုယ်တိုင်က တံတိုင်းလုပ်နေသူမိုလို့ စာနာပါတယ်။ ဒုတိယအချက်က အမေရိကန်အထက်လွှတ်တော်မှာ လူများစုအမတ်ခေါင်းဆောင် Senator Mitch McConnell က မြန်မာပြည်ကို စီးပွါးရေးပိတ်ဆို့တဲ့ဥပဒေကို DASSK ရှိနသမျှ မလုပ်ဖို့ တားထားလို့ပါ။ ကံကောင်းတာက Senator Mitch McConnell ဟာဒီနှစ်မှာလဲ အထက်လွှတ်တော်အမတ်အနေနဲ့ ပြန်အရွေးခံခဲ့ရပါတယ်။


အကျဉ်းချုပ်ပြန်သုံးသပ်ရရင် သမ္မတဂျိုးဘိုင်ဒန်တက်လာလို့ မြန်မာပြည်အနေနဲ့ မိမိကိစ္စတွေကိုပုဂ္ဂိုလ်ရေးအရ ရင်းနှီးစွာပြောပြခွင့်ရလာမှာဖြစ်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုကတော့ သူဟာ လူ့အခွင့်အရေးကို ထရမ့်ထက်ပိုဦးစားပေးနိုင်လို့ ဘင်္ဂါလီကိစ္စဟာ ပြဿနာဖြစ်လာနိုင်ပါတယ်။ မြန်မာအနေနဲ့က မိမိလုပ်စရာရှိတာ လုပ်နေတာတွေကို အချိန်မှီရှင်းပြထားသင့်သလို အမေရိကန်က ပိတ်ဆို့လာရင်တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့နဲ့ နီးသွားနိုင်ကြောင်းလဲ အမေရိကန်နားလည်အောင် ပြောထားသင့်ပါတယ်။


နောက်ဆုံးမှာတော့ နိုင်ငံကြီးတွေဟာ မိမိတို့အကျိုးစီးပွါးအတွက်သာ စဉ်းစားတာပါ။ အမေရိကန်အနေနဲ့ ဘင်္ဂါလီကိစ္စအပေါ် မတရားဖိအားပေးပြီး မြန်မာကို တရုတ်နိုင်ငံနား တွန်းပို့မလား? ဒါမှမဟုတ် မြန်မာက ဖြေရှင်းဆောင်ရွက်နေတာတွေကို ဝိုင်းဝန်းကူညီဖြေရှင်းပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်အောင်လုပ်မလား ရွေးရမှာပါ။


သေချာတာက ဂျိုးဘိုင်ဒန် သမ္မတဖြစ်တာဟာ မြန်မာပြည်အတွက် ကံကောင်းခြင်းလို့ သေချာမပြောနိုင်ပေမယ့် Senator Mitch McConnell ပြန်အရွေးခံရတာကတော့ ကံကောင်းခြင်းလို့ ပြောလို့ရပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Nov 15, 2020

ဦးမြတ်!! တခါက တဘဝမှာပေါ့

**ပြည်တွင်း အား သည် ပြည်တွင်းမှာသာရှိသည်**

**ပြည်ပအားကိုး ပုဆိန်ရိုး**

မှန်ပါသည်။

ပြည်တွင်း(အခြေ အနေအရ ပြည်ပရောက်နေသူများပါ အကြုံးဝင်သည်ဟု မှတ်ယူပါ၏)လူထု အားသည် ပြည်တွင်းမှာသာ ရှိခြင်းကြောင့် ရွေးကောက်ပွဲရလဒ်က သက်သေပြခဲ့ပါပြီ။ပြည်ပ အား မကိုးစားပါ။ ဘယ်သူ့အရိပ်မှာမှလည်း မခို၊ မည်သူ့ကိုမျှလည်း မ ခ။ ပြည်တွင်းရှိ ပြည်သူကိုသာ မျက်နှာမူရှေ့ရှု ပြည်သူကောင်းကျိုးအစုရအောင်သာဖော်ဆောင်မှုကြောင့် ပြည်တွင်း အား ရရှိခဲ့ပါသည်။ ပြည်တွင်း အား ကို ဖော်ဆောင်တတ်လျှင်ရပါသည်။

စည်းကမ်းမဲ့ပြည်သူတွေနဲ့ လေအိတ်ရထားနဲ့ မတန်ဘူး???

ပြည်သူတွေရဲ့ ကျန်းမာရေး ပညာရေးကို လျစ်လျုရှုခဲ့တော့

ကျန်းမာရေးချုချာ၊ ပညာရည်နိမ့်ကာ ပြည်တွင်း **အား**အဖက်ဖက်မှ နိမ့်ကျပြီး ပြည်ပ အားကိုး အလုပ်ထွက်ရှာခဲ့ရပါသည်။

ကိုဗစ်ကာလမှာ နိုင်ငံတော်ဘဏ္ဍာများကို လွန်စွာကုန်ကျသုံးစဲွဲ​ြခြင်းသည် မဖြစ်သင့်???

ဖြစ်သင့်လို့ သုံးစဲွဲခြင်းကြောင့် အောင်ပွဲထူ ပထမအကျော့ကို အနိုင်ယူနိုင်ခဲ့ပါပြီ။အောင်ပွဲကို အသိအမှတ်ပြု ဂုဏ်ယူကြသည်မှာ ကုလ အစ ဒဘလျုအိပ်ချ်အို အလယ် အိမ်နီးချင်းပီသသော နိုင်ငံများအဆုံး ပြုံးပန်းတဝေဝေဖြင့်။**ပြည်တွင်းအားသည် ပြည်တွင်းမှပဲရှိသောကြောင့်***။

ယခုရွေးကောက်ပွဲကာလမှာလည်း

ကယ်ပါ ယူပါ တစာစာဖြင့် မအော်။ ဘယ်ကိုမျှ မမျှော်ပဲ ကိုယ့်အားကို ကိုယ်ကို ၊ ကိုယ့်ဝန် ကိုယ်ထမ်း လျောက်လှမ်းခဲ့ပါသည်။

**အတ္တာ ဟိ ၊ အတ္တ နော၊ နာထော**

အလုပ်လုပ်လို့ ကြီးပွားအောင်မြင်လျှင် အများတကာက ချီးကျုးဂုဏ်ပြုစကားပြောကြားကြတာနိယမပါ။ စွမ်းဆောင်နိုင်သူထံမှာ စွမ်းဆောင်နိုင်သော အရည်အချင်းကောင်းများကို ကြည်ညိုလေးစား၊ စံ ထား အတုယူလိုကြသောကြောင့်။

အထက်တန်း ပင်ရင်းစကားပြေတွင် သင်ကြားခဲ့ရသော ဆောင်းပါး။ *** စု တု ပြု***။

အများက လေးစားချီးကျုးနေငြား ကန်လန့်တိုက်သူက ကန့်လန့် ခံ တိုက်နေလျှင်၊ ခံတိုက်သူသည် အများနှင့်ဆန့်ကျင်ပြီး အထီးကျန်ဘဝ ရောက်…


Like

Albert Wint
Albert Wint
Nov 14, 2020

ငါကတော့မနိုင်ဘူ ငါ့ဘကြီးနဲ့ချမလားဆိုတဲ့စိတ်အခံရှိတတ်တဲ့ခလေးအတွေးတွေးနေတဲ့ထရမ့်မျှော်မြန်မာအချို့ရဲ့အိမ်မက်ကြီးကတောစိတ်မကောင်းစွာနိုးထရပေတော့မည်.

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page