top of page
Search

သမ္မတအိမ်ကို ဘယ်သူဝင်စီးလဲ?

Writer: Myat Tun OoMyat Tun Oo

စာရေးသူသတင်းတင်ရာမှာ မှားလား မှန်လား အစပိုင်းမှာ မသဲကွဲပေမယ့် ယခုသမ္မတက ထွက်ဆိုသွားလို့ အားလုံးအမှန်သိမယ်ထင်ပါတယ်။ သမ္မတအိမ်ကိုဝင်စီးတာ ဒုဗိုလ်ချုပ်ကြီးအဆင့်တွေပါ။ မိုးမြင့်ထွန်းနဲ့ ရဲဝင်းဦးပါ။အထောက်အားအနေနဲ့ ယခင်ကရေးထားတာလေးကို ပြန်တင်ပေးလိုက်တာပါ။

———————————————-


ဒါက မတ်လ (၂၀) ရက်မှာရေးထားတာပါ။ သမ္မတအိမ်ကို ဝင်စီးတာက မိုးမြင့်ထွန်းဆိုတာကိုပါ။

https://www.myattunoo.com/post/အက-မ-ဖက-သမ-သ-ယ-က

နောက်

ဒါက မေလ(၁) ရက်မှာ ရေးခဲ့တာလေးပါ။


“အပျော့ဂိုဏ်း၊ အမာဂိုဏ်း၊ သူခိုးဂိုဏ်း၊ လူယုတ်မာဂိုဏ်း”


https://www.myattunoo.com/post/အပ-ဂ-ဏ-အမ-ဂ-ဏ-သ-ခ-ဂ-ဏ-လ-ယ-တ-မ-ဂ-ဏ


အကြမ်းဖက်သမားသုံးယောက်


မြန်မာပြည်မှာ သမ္မတရူးတာက မအလပါ။ ဒီကိစ္စတွေကို အကောင်အထည်ဖော်ဖို့ အဓိကလုပ်ပေးနေတာက တပ်ချုပ်ရူး လက်ရှိစစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စရဖထောက်လှမ်းရေးကဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ပါ။ သူတို့ဟာ S1 နဲ့ S2 ပုံစံနဲ့ တိုင်းပြည်မှာ အကြမ်းဖက်တာတွေကို အဓိကအမိန့်ပေးလုပ်ဆောင်နေသူများပါ။ မိုးမြင့်ထွန်းဟာ အာဏာမသိမ်းခသ် အစိုးရအဖွဲ့နဲ့ တွေ့ချိန်မှာ ဦးဆောင်ခဲ့သူပါ။ နောက်အာဏာသိမ်းတာ သမ္မတအိမ်ကို ဝင်စီးတာတွေကို အနီးကပ်လုပ်ဆောင်ခဲ့သူပါ။

မအလဟာ တိုင်းပြည်ကို မတ်လ ၂၇ ရက်မတိုင်မှီ ပုံမှန်အခြေအနေ ပြန်ရောက်ရမယ်လို့ အမိန့်ပေးထားလို့အောက်ခြေက ရသမျှ အကြမ်းဖက်နည်းတွေကိုသုံးပြီး ပြည်သူတွေက ကြောက်သွားရင် ဆန္ဒပြတာ ရပ်သွားမယ်လို့ တွက်ထားပါတယ်။ နောက်ယခင်က ဥပမာတွေကိုကြည့်ပြီး မြန်မာလူမျိုးက ကြာရင်မေ့သွားမယ်ဆိုတာနဲ့ ခွင့်လွှတ်တတ်တယ်ဆိုတာကို အခွင့်ကောင်းယူပြီး အကြမ်းဖက်နေတာပါ။ သူက Dr Sasa ကို နိုင်ငံခြား​ရောက်သူမိုလို့ဘာမှလုပ်မရမှန်းသိပေမယ့် CRPH က လူတွေကို အမြန်လိုက်ဖမ်းခိုင်းဖို့ အောက်ခြေစရဖနဲ့ သတင်းတပ်ဖွဲ့ကိုဖိအားတွေပေးနေပါတယ်။ ဒါ့ကြောင့်လူမဆန်စွာပစ်သတ်တာတွေ ညှင်းပန်းနှိပ်စက်တာတွေကနေအသေအပျောက်တွေ များနေပါတယ်။ သူကဖမ်းချိန်မှာ တိုင်းဒေသကြီး ဝန်ကြီးအဆင့်တွေတောင် ခေါင်းကိုအိပ်နဲ့စွတ်ပြီး ဖမ်းခဲ့တာပါ။

ယခုလို အသေအပျောက်များတာတွေလာပြောရင် ဒုချုပ်ကိုသာ နားထောင်ခိုင်းလေ့ရှိပေမယ့် အာဆီယံကာချုပ်အစည်းအဝေးကို မအလတက်ချိန်မှာ သူ့ကို စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားက ကာချုပ်တွေက လူတွေကိုပစ်တာဟာ လူမဆန်ကြောင်း မပစ်သင့်ကြောင်း ပေါ်တင်ပြောလို့ သူအလွန်ဒေါသထွက် စိတ်ဆိုးသွားတယ်လို့ သိရပါတယ်။

ယခုအချိန်မှာ သူဂရုစိုက်နေတာက အမေရိကန် ဧပြီလဆန်း စစ်ရေးလေ့ကျင့်ပွဲမစခင်မှာ ဆန္ဒပြပွဲတွေ ပြီးနေဖို့ပါ။ပြဿနာက အကယ်၍ ဧပြီလဆန်းမှာ လူအုပ်အကြီးကြီးနဲ့ ဆန္ဒပြခဲ့လို့ ယခုလို ပစ်ခဲ့ရရင် အနောက်နိုင်ငံတွေရဲ့ တုန့်ပြန်မှုဟာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်တာပါ။ ခုလောလောဆယ်မှာတော့ သူ့ရဲ့ နေပြည်တော်သမ္မတအိမ်သွားရာလမ်း၊ စစ်ဌာနချုပ်၊ ပြီးရင် သူ့ရုံးစိုက်ရာနေရာကို အထပ်ထပ်အစောင့်ချပြီး နေနေရတာပါ။

အဘကို အတွင်းကရန်မူမလား အပြင်က ရန်မူမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ မအလသွားနေတဲ့လမ်းကတော့ ပြန်လမ်းမရှိဘဲ သူသေကိုယ်သေ တိုက်ရမယ့်ပွဲလို့သာ ပြောပါရစေ။

နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။ ဒီပဲရင်းလိုသွေးနီရင် အောင်ပွဲက မဝေးတော့ပါ။


https://www.myattunoo.com/post/အက-မ-ဖက-သမ-သ-ယ-က


ဒါက မေလ(၁) ရက်မှာ ရေးခဲ့တာလေးပါ။


“အပျော့ဂိုဏ်း၊ အမာဂိုဏ်း၊ သူခိုးဂိုဏ်း၊ လူယုတ်မာဂိုဏ်း”


https://www.myattunoo.com/post/အပ-ဂ-ဏ-အမ-ဂ-ဏ-သ-ခ-ဂ-ဏ-လ-ယ-တ-မ-ဂ-ဏ


ဒီထဲမှာလဲ သမ္မတအိမ်ကို ဝင်စီးတာ မိုးမြင့်ထွန်းဆိုတဲ့အကြောင်း ရေးခဲ့ပါတယ်။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page