top of page
Search

သမ္မတရုံးသတင်းစာရှင်းလင်းပွဲ(Unicode version)

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 5, 2019
  • 1 min read


ဒီနေ့သမ္မတရုံးသတင်းစာရှင်းလင်းပွဲကVictoria အမှုရယ်၊ကလေးသူငယ်ဥပဒေနဲ့ပွဲပြီးသွားခဲ့ပါတယ်။ရဲကရဲဗိုလ်ချုပ်အောင်နိုင်သူကိုယ်တိုင်ရှင်းပါတယ်။စာရေးသူလေးစားရတဲ့ရဲပါ။

ဒီကိစ္စမှာတရားခံဘယ်သူလဲ။ ယဉ်မောင်းဟုတ်မဟုတ်DNA စစ်ရင်သိပါမယ်။သူ့ရဲ့နောက်ကြောင်းကတော့မကောင်းပါ။ဟုတ်ရင်ပြဿနာမရှိပါ။မဟုတ်ရင်တရားခံအစစ်ကဘယ်သူလဲဆိုတာကပိုခက်ပါမယ်။

ဒီလိုအမှုတွေဟာကမ႓ာပေါ်မှာလဲအမေရိကန်၊အင်္ဂလန်၊တရုတ်နှင့်အိန္ဒိယတို့လိုတိုင်းပြည်တွေမှာတောင်မဖော်နိုင်တာရှိပါတယ်။ဒီမိုဖြစ်ဖြစ်ကွန်မြူနစ်ဖြစ်ဖြစ်ပါ။

ပြည်သူဖက်ကအမြင်တွေရှိပါမယ်။မီဒီယာတွေရဲ့သီအိုရီတွေလာပါမယ်။ဒါဟာကမ႓ာပေါ်မှာလဲဖြစ်နေကြပါ။

စာဖတ်သူများမှတ်မိလားမသိပါဘူးထိုင်းကဝင်းနဲ့ဇော်ကိစ္စပါ။စာရေးသူတို့မြန်မာရဲလိုထိုင်းရဲကိုလဲမယုံ၊အင်္ဂလိပ်ရဲကိုလဲမယုံခဲ့ပါ။ထိုင်းတရားရုံးကတော့သူတို့ကိုထောင်ချလိုက်ပါတယ်။

ယခုအမှုကိစ္စဟာလိုတာထက်ဇတ်ကြီးလာတာတွေ့ရပါတယ်။ဆရာမဒေါ်ရွက်နုအောင်ကိုယ်တိုင်လိုက်မှာမိုလို့စာရေးသူတို့အနေနဲ့အမှန်တရားကိုသိမယ်လို့ယုံကြည်ပါတယ်။

စာရေးသူအနေနဲ့နိုင်ငံရေးအမှုတွေကလွဲလို့ဒီလိုရာဇဝတ်အမှုတွေမှာကြိုတင်ထင်မြင်ချက်ပေးခြင်း၊ဝေဖန်ခြင်းပြုမည်မဟုတ်ပါ။စာရေးသူယုံကြည်တာကဒီခြေဥကြီးသာမရှိခဲ့ရင်ရဲတပ်ဖွဲ့ကိုပြည်သူကယခုထက်ပိုယုံကြည်နိုင်တယ်ဆိုတာပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page